တစ္ပတ္အတြင္း ရန္ကုန္အိမ္ျခံေျမ - Property News in Myanmar from iMyanmarHouse.com
1745 Views

တစ္ပတ္အတြင္း ရန္ကုန္အိမ္ျခံေျမ

### Zawgyi Version ###

ဝါတြင္းကာလကိုေရာက္ရွိလာျပီျဖစ္တာေၾကာင့္ ရန္ကုန္အိမ္ျခံေျမ ေစ်းကြက္ဟာ အေရာင္းထက္ အမွန္တကယ္ ေနထိုင္ဖို ့လိုအပ္တဲ့သူေတြရဲ႕အငွါး ေစ်းကြက္ကသာ ဦးေဆာင္ေနတာပါ။ ျမိဳ ႕တြင္းျမိဳ႕နယ္ေတြမွာ အဓိကအားျဖင့္ ကန္ထရိုက္တိုက္ခန္းေတြရဲ႕ အငွါး  ေစ်းကြက္ဟာ အဓိကဦးေဆာင္ေနတာပဲျဖစ္ပါတယ္။

Downtown ျမိဳ႕ တြင္းျမိဳ႕ နယ္ေတြျဖစ္တဲ့ လသာလမ္းမေတာ္ ေက်ာက္တံတားပန္းဘဲတန္း အစရွိတဲ့့ျမိဳ ့နယ္ေတြမွာ အဓိကအလုပ္ျဖစ္ေနတာလို ့ အိမ္ျခံေျမအက်ိဴးေဆာင္တစ္ဦးကေျပာပါတယ္။

‘ အဓိကေတာ့ အငွါးေစ်းကြက္က အေကာင္းဆံုးပဲ မျဖစ္မေန ငွါးေနထိုင္ရတဲ့သူေတြရဲ႕ေစ်းကြက္ျဖစ္ေနတယ္ တိုက္အသစ္ေတြကလည္း တိုးလာေတာ့ ေစ်းက မက်ေပမဲ့ အေတာ္အသင့္ေကာင္းတယ္ေျပာရမယ္ “ ဟု အိမ္ျခံေျမ အက်ိဴးေဆာင္လုပ္ငန္းရွင္ ဦးျမတ္မင္းကဆိုပါတယ္။

ျမိဳ႕တြင္းျမိဳ႕နယ္ေတြထဲက အျခား ျမိဳ႕နယ္ေတြျဖစ္တဲ့  အလံုၾကည္ျမင္တိုင္ စမ္းေခ်ာင္း ျမိဳ႕နယ္ေတြက တိုက္ခန္းအငွါးေစ်းကြက္ကေတာ့ ေစ်းအျမင့္မွာရွိျပီး ငွါးရမ္းရတာလည္း အေရအတြက္မ်ားတယ္လို ့ အဲ့ဒီ့ျမိဳ႕နယ္ေတြက အက်ိဴးေဆာင္ေတြက ဆိုပါတယ္။

ဝါတြင္းကာလကိုေရာက္ရွိလာျပီျဖစ္လို ့ တိုက္ခန္းအေရာင္းကေတာ့ ထင္သေလာက္အလုပ္မျဖစ္ဘူးလို ့ အေရာင္းအဝယ္ျပဳလုပ္သူေတြက ေျပာပါတယ္။

အေျခခံေဆာက္လုပ္ေရးကုန္ၾကမ္းပစၥည္းေတြ ေစ်းျမင့္တက္လာျခင္းကလည္း အခန္းတည္ေဆာက္မွဳေတြကို ပိုမိုျပီး ေလ်ာ့က်လာတာေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြက ေစ်းကြက္အေျခအေနကို ေစာင့္ၾကည့္ေနၾကတာလည္းျဖစ္ပါတယ္။

တည္ေဆာက္ျပီးသား ကြန္ဒိုတိုက္ခန္း မ်ားကိုလည္း အေရာင္းျပပြဲေတြမွာ အဓိကဦးစားေပး ေရာင္းခ်လာမွဳက ေစ်းကြက္မွာပိုျပီး အလုပ္ျဖစ္ေစတယ္လို ့ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။

“ ပြဲေတြရွိရင္ပိုျပီး အလုပ္ျဖစ္တယ္ အရစ္က်နဲ ့ဆိုေတာ့ အနည္းဆံုးေလးငါးခန္းကအသာေလးေရာင္းရတယ္ ေငြေပၚေတာ့ လုပ္ငန္းရွင္ေတြလည္း အသက္ရွဴေခ်ာင္တယ္ “လို႕ ျမျမင့္မိုရ္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ကေျပာပါတယ္။

ဒါ့ေၾကာင့္ အခု တစ္ပတ္အတြင္း ရန္ကုန္အိမ္ျခံေျမ ဟာ အေရာင္းထက္ အငွါးေစ်းကြက္က ပိုပိုဦးေဆာင္ေနတယ္လို ့ ေစ်းကြက္အတြင္းက စံုစမ္းသိရွိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဝါတွင်းကာလကိုရောက်ရှိလာပြီဖြစ်တာကြောင့် ရန်ကုန် အိမ်ခြံမြေဈေးကွက် ဟာ အရောင်းထက် အမှန်တကယ် နေထိုင်ဖို့လိုအပ်တဲ့သူတွေရဲ့အငှါး ဈေးကွက်ကသာ ဦးဆောင်နေတာပါ။ မြို့တွင်းမြို့နယ်တွေမှာ အဓိကအားဖြင့် ကန်ထရိုက်တိုက်ခန်းတွေရဲ့အငှါးဈေးကွက်ဟာ အဓိကဦးဆောင်နေတာပဲဖြစ်ပါတယ်။

Downtown မြို့ တွင်းမြို့ နယ်တွေဖြစ်တဲ့ လသာ ၊ လမ်းမတော် ၊ ကျောက်တံတား၊ ပန်းဘဲတန်း အစရှိတဲ့မြို့နယ်တွေမှာ အဓိကအလုပ်ဖြစ်နေတာလို့ အိမ်ခြံမြေ အကျိူးဆောင်တစ်ဦးကပြောပါတယ်။

‘ အဓိကတော့ အငှါးဈေးကွက်က အကောင်းဆုံးပဲ မဖြစ်မနေ ငှါးနေထိုင်ရတဲ့သူတွေရဲ့ဈေးကွက်ဖြစ်နေတယ် တိုက်အသစ်တွေကလည်း တိုးလာတော့ ဈေးက မကျပေမဲ့ အတော်အသင့်ကောင်းတယ်ပြောရမယ် “ ဟု အိမ်ခြံမြေ အကျိူးဆောင်လုပ်ငန်းရှင် ဦးမြတ်မင်းကဆိုပါတယ်။

မြို့တွင်းမြို့နယ်တွေထဲက အခြား မြို့နယ်တွေဖြစ်တဲ့ အလုံ ၊ ကြည်မြင်တိုင် ၊ စမ်းချောင်းမြို့နယ်တွေက တိုက်ခန်းအငှါးဈေးကွက်ကတော့ ဈေးအမြင့်မှာရှိပြီး ငှါးရမ်းရတာလည်း အရေအတွက်များတယ်လို့ အဲ့ဒီ့မြို့နယ်တွေက အကျိူးဆောင်တွေက ဆိုပါတယ်။

ဝါတွင်းကာလကိုရောက်ရှိလာပြီဖြစ်လို့ တိုက်ခန်း အရောင်းကတော့ ထင်သလောက်အလုပ်မဖြစ်ဘူးလို့ အရောင်းအဝယ်ပြုလုပ်သူတွေက ပြောပါတယ်။

အခြေခံဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းတွေ ဈေးမြင့်တက်လာခြင်းကလည်း အခန်းတည်ဆောက်မှုတွေကို ပိုမိုပြီး လျော့ကျလာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။

တည်ဆောက်ပြီးသား ကွန်ဒို ၊ တိုက်ခန်း များကိုလည်း အရောင်းပြပွဲတွေမှာ အဓိကဦးစားပေး ရောင်းချလာမှုက ဈေးကွက်မှာပိုပြီး အလုပ် ဖြစ်စေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ “ ပွဲတွေရှိရင်ပိုပြီး အလုပ်ဖြစ်တယ် အရစ်ကျနဲ့ဆိုတော့ အနည်းဆုံးလေးငါးခန်းကအသာလေးရောင်းရတယ် ငွေပေါ်တော့ လုပ်ငန်းရှင်တွေလည်း အသက်ရှူချောင်တယ် “လို့ မြမြင့်မိုရ် ဆောက်လုပ်ရေးလုပ်ငန်းရှင်ကပြောပါတယ်။

ဒါ့ကြောင့် အခု တစ်ပတ်အတွင်း ရန်ကုန်အိမ်ခြံမြေဟာ အရောင်းထက် အဌားဈေးကွက်က ပိုပိုဦးဆောင်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service