ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်း ၂၀၂၀ မေလတွင် အပြီးသတ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1403 Views

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်း ၂၀၂၀ မေလတွင် အပြီးသတ်မည်ဟုဆို

ရန်ကုန်မြို့ ပတ်ရထား လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းကို ၂၀၂၀ မေလတွင် အပြီးသတ်နိုင်မည်ဟု မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက် မြန်မာပြည်) ဦးထွန်းအောင်သင်း ကပြောသည်။

မြန်မာ့မီးရထားသည် မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၈ က စတင်ခဲ့ပြီး လက်ရှိတွင် ၄၀ ရာခိုင် နှုန်းခန့်ပြီးစီးနေသည်။

‘‘ သံလမ်းတွေအဆင့်မြှင့်တင်ပြီးတာနဲ့ ရထားပြေးဆွဲမှု မြန်နှုန်းကိုလည်း မြှင့်သွားနိုင်တော့မှာဖြစ်ပါတယ်’’ ဟု ဦးထွန်း အောင်သင်းကပြောသည်။

အဆိုပါလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန် နိုင်ငံစံနှုန်းအတိုင်း ရွှေတောင်ကုမ္ပဏီနှင့် အေ၀မ်းကုမ္ပဏီက တာဝန်ယူလုပ်ကိုင်နေသည်။

သံလမ်းများဆင့်မြှင့်တင်ပြီးပါက လေအေးပေးစက်ပါစက်တွဲအသစ်များဖြင့် မြို့ပတ်လမ်းပိုင်း တွင် ထည့်သွင်းပြေးဆွဲမည်ဟု ဦးထွန်းအောင်သင်းက ပြော သည်။

ရထားအသစ်များသည် ၂၀၂၂ တွင် ရောက်ရှိမည်ဖြစ်ပြီးဒီဇယ်ဆီဖြင့် ကနဦးအသုံးပြုမည်ဖြစ်ကာ လျှပ်စစ်မီးလုံလောက်စွာရရှိပါက လျှပ်စစ်ဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိမြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကိုဂျပန်အစိုးရချေးငွေဒေါ်လာ ၂၀၇ သန်းဖြင့်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းမပြုလုပ်မီကနေ့စဉ်မြို့ပတ်ရထားစီးခရီးသည် ၇၀,၀၀၀ ကျော်သာရှိရာမှ စီမံကိန်းပြီးစီးပါက ခရီးသည် ၂၆၀,၀၀၀ ကျော်ရှိလာမည်ဟု မြန်မာ့မီးရထားက မျှော်မှန်းထားသည်။

ထို့အပြင် လက်ရှိတွင်ရထားတစ်စီးနှင့်တစ်စီး ထွက်ခွာချိန် ၁၅ မိနစ်မှ ၄၅ မိနစ်အထိရှိရာမှ နောင်တွင် ၁၀ မိနစ်မှ ၁၂ မိနစ် သာရှိနိုင်မည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

Upcoming Property Events

bkk-projects
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service