ရန်ကုန်တိုင်းအတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းမည် - Property News in Myanmar from iMyanmarHouse.com
1258 Views

ရန်ကုန်တိုင်းအတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းမည်

ရန်ကုန်တိုင်း အတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိ ပြီးဖြစ်ကြောင်း မေ ၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်ရုံး၌ ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့်စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောဆိုသည်။

“ မြေယာကဏ္ဍက အလွန်သိမ်မွေ့ပါတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းအပြင်ကို ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်မှုနဲ့ ဆောင်ရွက်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီမြေတွေနဲ့ပတ်သက်ပြီး အထူးအဖွဲ့ဖွဲ့စည်းဖို့ ဥပဒေအရ ဒါကိုသက်ဆိုင်ရာ လယ်/စီက ဆုံးဖြတ်လို့မရပါဘူး။ အထူးအဖွဲ့ဖွဲ့ ပြီးဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာနကို သဘောထားတောင်းခံထားတာ ကျွန်တော်တို့တိုင်း အတွက်တော့ အထူးအဖွဲ့ဖွဲ့စည်းခွင့်ရရှိပြီဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို သက်ဆိုင် ရာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုအောက်ကနေ ဆောင်ရွက်သွားရ မှာ ဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်ကပြောဆိုသည်။

လယ်မြေကို အခြားနည်းပြောင်းလဲသုံးစွဲခွင့်ရရှိပါက ဈေးနှုန်းများပါပြောင်းလဲလာနိုင်ကြောင်း၊ အဆိုပါ လယ်မြေများကို ငွေပေးပြီး အလွယ်တကူဖြင့် အခြားနည်းလမ်းပြောင်းလဲသုံးစွဲ နိုင်ပါက ငွေကြေးအကုန်အကျခံကာ ထင်ရာပြုလုပ်လာနိုင်သည့်အတွက် ဥပဒေနှင့်အညီစနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ရန်ကုန်တိုင်း ဟာ မြေနဲ့ပတ်သက်ရင် တော်တော်လေးကို စနစ်တကျကိုင်တွယ်ရမယ့် အခြေအနေဖြစ်ပါတယ်။ မြေသိမ်းယာသိမ်းကိစ္စတွေကလည်း ကျွန်တော်တို့မှာ အမှုတွဲပေါင်း ဗဟိုကိုတင်ပြထားမှုနဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်က ကျန်ခဲ့တဲ့ အမှုတွဲတွေပါဆိုရင် စုစုပေါင်းအမှုတွဲ ၅၀၀၀ လောက်စစ်ဆေးနေပါတယ်။ အဲဒီအမှုတွဲ ၅၀၀၀ လောက်မှာ အမှုတွဲ ၁၀၀ ကျော်လောက်ပဲကျန်ပါတော့တယ်။ ကျန်တာတွေအားလုံးစိစစ်ပြီး ဗဟိုကိုပေးပို့ဖို့ အားလုံးပြင်ဆင်နေပြီဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်တိုင်း အတွင်း လယ်ယာမြေနှင့် ပတ်သက်ဆက်နွှယ်ပြီး ပေါ်ပေါက်နေသည့် အမှုပေါင်း ၁၈၀၀၀ ခန့်ရှိ ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာကိုလည်း သဘောထားတောင်းခံထားပြီး ဥပဒေအတွင်း စနစ်တကျ ပြန်လည်သွင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေကို အခြားနည်းသုံးစွဲပါက ဒဏ်ရိုက်သည့်အပြင် ယင်းမြေကို သိမ်းဆည်းကာ လယ်ယာမြေအဖြစ် ပြန်လည်အသုံးပြုရမည်ဖြစ်ပြီး လယ်ယာမြေကို အခြားနည်းပေးသုံး၍ မရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

Upcoming Property Events

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service