ပုဇွန်တောင်-ပဲခူး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု စတင် - Property News in Myanmar from iMyanmarHouse.com
705 Views

ပုဇွန်တောင်-ပဲခူး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု စတင်

ပုဇွန်တောင် - ပဲခူး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ခြင်းကို မေ ၁၈ ရက်မှစတင်ပြီး တစ် ခြမ်းပိတ်စနစ်ဖြင့် လုပ်ဆောင်ပြီဖြစ်ကြောင်း သိရသည်။

မေ ၁၈ ရက်က ရန်ကုန် ဘူတာ ကြီးတွင် ရန်ကုန် - မန္တလေး ရထား လမ်းပြန်လည်မွမ်းမံခြင်း (စီမံကိန်း အဆင့်-၁)နှင့် ရန်ကုန်မြို့ပတ်လမ်း ပိုင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်း ဆောင်ရွက်ခြင်းများအတွက် ပန္နက် တင်အခမ်းအနား၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြောသည်။

ရန်ကုန် နှင့် ပဲခူး အကြား ရထားလမ်းပိုင်းသည် ဖြတ်သန်းသည့်ရထား အများဆုံးဖြစ်ပြီး တစ်ခြမ်းပိတ်တစ်ခြမ်းဖွင့်စနစ်ဖြင့် ရထားပြေးဆွဲမည် ဖြစ်ကြောင်း၊ ထိုသို့ရထားပြေးဆွဲမှု မပြတ်စေဘဲ အချိန်ကြန့်ကြာမှုအ နည်းဆုံးနှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကပြောသည်။

""ပဲခူးနဲ့ရန်ကုန်အကြား ရထား အများဆုံးနဲ့ လမ်းတွေတစ်ခြမ်းပိတ် တစ်ခြမ်းဖွင့်စနစ်ကို ကျင့်သုံးသွားရ မှာဖြစ်လို့ အများကြီးခက်ခဲတာဖြစ် ပါတယ်။ အခက်ဆုံးအပိုင်းမဖြစ်မနေ လုပ်ရမယ့်အပိုင်းက ပဲခူး-ပုဇွန်တောင် လမ်းပိုင်းဖြစ်ပါတယ်""ဟု ၄င်းကပြောသည်။

ပုဇွန်တောင်-ပဲခူးရထားလမ်း ပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင် ရာ၌ အချက်ပြစနစ်များတပ်ဆင် ခြင်းလုပ်ငန်းကို ဂျပန်ကုမ္ပဏီဖြစ် သည့ှ်Sumitomo Corporation က တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင်ဘူတာသည် ကားလမ်း၊ ရထားလမ်းနှင့်ရေလမ်းကြောင်း တို့ဆုံရာ အချက်အချာကျသည့်နေ ရာတစ်ခုဖြစ်သဖြင့် ယင်းနေရာဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရေးပါ သည့်ဆုံချက်တစ်ခုဖြစ်စေရန် ပြင် ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

""ရန်ကုန်-မန်းလမ်းပိုင်းကို ရန်ကုန်ကနေ ပုဇွန်တောင်ဘူတာက ပဲခူးအထိအဆင့်မြှင့်တင်မှု ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင် ပြီး မီးပွိုင့်စနစ်တွေတပ်ဆင်ပေးနိုင် မှုဟာ ရန်ကုန်အတွက် များစွာအ ထောက်အကူဖြစ်ပါတယ်""ဟု ၄င်း ကပြောသည်။

ပုဇွန်တောင်-ပဲခူးရထားလမ်း ပိုင်းကိုပြုပြင်ပြီးလျှင် ရှိန်နှုန်းမြန်ရထား များ ပြေးဆွဲနိုင်တော့မည်ဖြစ်ပြီး ရန်ကုန်-မန္တလေးကြား အချိန်ကြာ မြင့်မှုကို ကျုံ့လိုက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြော သည်။

ရန်ကုန်-မန္တလေးရထားလမ်း (စုစုပေါင်းအရှည်မှာ ၆၂၀ကီလိုမီ တာ)ကို ဂျပန်နိုင်ငံ၏တရားဝင်ဖွံ့ဖြိုး မှုအကူအညီ(ODA) ချေးငွေအစီ အစဉ်ဖြင့် ပြန်လည်ပြုပြင်မည်ဖြစ် သည်။ရန်ကုန်-မန္တလေးရထားလမ်း ပြန်လည်မွမ်းမံမှုစီမံကိန်းအရ ရန်ကုန်- တောင်ငူရထားလမ်းပိုင်းအား စီမံ ကိန်းအဆင့်(၁)၊ တောင်ငူ-မန္တလေး ရထားလမ်းပိုင်းကို စီမံကိန်းအဆင့် (၂)အဖြစ် အဆင့်လိုက်ပြန်လည်ပြု ပြင်မည်ဖြစ်ပြီး စီမံကိန်းအဆင့်(၁) သည် ၂၀၂၃ခုနှစ်တွင်ပြီးစီးနိုင်မည် ဟုမျှော်မှန်းထားကြောင်း သိရသည်။ပုဇွန်တောင်ဘူတာနှင့် ပဲခူး ဘူတာအကြား ရထားလမ်းပိုင်းသည် စီမံကိန်းအဆင့်(၁)တွင် ပါဝင်ကြောင်း သိရသည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

Upcoming Property Events

thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service