နှစ်နိုင်ငံနယ်နိမိတ်ပြန်တိုင်းရန် မြန်မာနှင့်တရုတ် လက်မှတ်ထိုး - Property News in Myanmar from iMyanmarHouse.com
862 Views

နှစ်နိုင်ငံနယ်နိမိတ်ပြန်တိုင်းရန် မြန်မာနှင့်တရုတ် လက်မှတ်ထိုး

နှစ်နိုင်ငံ နယ်စပ်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုရှိနေစဉ် မြန်မာနှင့်တရုတ်အစိုးရသည် ၂၄ နှစ်ကြာ မဆောင်ရွက်နိုင်ခဲ့သည့် နယ်နိမိတ်ပြန်လည်စစ်ဆေးတိုင်းတာခြင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်ပြုလုပ်သည့် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂၄ နှစ်ကြာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့် တတိယအကြိမ် မြန်မာ- တရုတ် နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်းလုပ်ငန်းများကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ရန်၊ ပူး တွဲစစ်ဆေးခြင်း လုပ်ငန်းများအ တွက် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့ စည်းရန်၊ ခေတ်မီနည်းပညာများ အသုံးပြု၍ နှစ်နိုင်ငံနယ်နိမိတ် အား ပြန်လည်စစ်ဆေးတိုင်းတာ ရန်၊ နယ်နိမိတ်မျဉ်းအားပိုမိုရှင်း လင်းထင်ရှားစေရန် လက်ရှိနယ်နိ မိတ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ် ဒေသဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံနယ်စပ်အရေးဆွေး နွေးရာတွင် မည်သည့်အချက်များ ကို သဘောတူခဲ့ကြောင်း အသေး စိတ် သတင်းမထုတ်ပြန်သော်လည်း မြန်မာ-တရုတ်နယ်နိမိတ် တစ်လျှောက် ဖြစ်ပွားသည့် ကိစ္စရပ်များကို ပူးတွဲကွင်းဆင်းစစ် ဆေးခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးအပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရန် သဘော တူညီခဲ့ပြီး မတ်လ ၁၉ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ်၊ ကချင်ပြည် နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ကီလိုမီတာ ၂,၂၁၀ ကျော် ရှည် လျားသော မြန်မာနှင့်တရုတ် နှစ် နိုင်ငံနယ်ခြားတစ်လျှောက် ပူးတွဲ ကွင်းဆင်းစစ်ဆေးမှုကို ၁၉၉၂ မှ ၁၉၉၅ အထိ နောက်ဆုံးပြုလုပ်ခဲ့ဖူးကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးစိုးဟန်က 7Day Daily သတင်းစာအားပြော ကြားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နှင့် ကြူကုတ်/ပန်ဆိုင်း မြို့၊ ချင်းရွှေဟော်မြို့တို့တွင် နယ် နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေသည်။

နယ်နိမိတ် ပြန်လည်တိုင်းတာပါက ပြည်ထောင်စုအဆင့်က စနစ်တကျကြီးကြပ်ပေးရန်နှင့် မိမိနိုင်ငံပိုင်မြေကို မည်သည့် အကြောင်းပြချက်ကြောင့်မဆို အခြားနိုင်ငံပိုင်နက်သို့ မရောက်စေလိုကြောင်း နယ်စပ်ဒေသမှ ဒေသခံအချို့က အကြံပြုသည်။

 

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

Upcoming Property Events

pan-swal-taw
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service