ဘီအိုတီစီမံကိန်းတွေအတွက် ပြည်သူတွေ မနစ်နာစေဖို့  - Property News in Myanmar from iMyanmarHouse.com
952 Views

ဘီအိုတီစီမံကိန်းတွေအတွက် ပြည်သူတွေ မနစ်နာစေဖို့ 

ဘီအိုတီစနစ်နဲ့ ရောင်းချတဲ့အဆင့်မြင့်အိမ်ရာတွေ ဝယ်ယူသူတွေအနေနဲ့ စာချုပ်ပါ အချက်အလက်အတိုင်းဝယ်ယူသူများ မနစ်နာစေဖို့  စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဘီအိုတီစနစ်ဟာအစိုးရထံက ဌားရမ်းပြီးတည်ဆောက်ထားတာကြောင့် နှစ် ၇၀ ပြည့်ရင် အစိုးရကိုပြန်လည်လွှဲပြောင်းပေးရမှာဖြစ်တာကြောင့်အခန်းဝယ်ယူသူတွေ မနစ်နာစေဖို့ အစိုးရကဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများမှာ ပါဝင်တဲ့ BOT (Build , Operate , and Transfer) စနစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ရာတွေကနေ အငှါးစာချုပ်နဲ့ ဝယ်ယူထားသူများ မနစ်နာစေဖို့ အစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့တာပါ။

ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဘီအိုတီစနစ်နဲ့ မြေငှါးရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီများနဲ့ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေရေး ရှင်းလင်းညွန်ပြပေးရန် အစီအစဉ် ရှိမရှိမေးမြန်းခဲ့တာလည်းဖြစ်ပါတယ်။

ဘီအိုတီ စနစ်နဲ့ ဆောင်ရွက်ရာမှာ ဟိုတယ် ၊ ရှော့ပင်စင်တယ် စတာတွေကိုသာပြုလုပ်သင့်တာဖြစ်ပြီးတော့ လူနေအိမ်တွေ မတည်ဆောက်သင့်ဘူးလို့ လည်းကျွမ်းကျင်သူတွေကဆိုပါတယ်။

စီမံဘဏ္ဍဒုဝန်ကြီး ဦးဆက်အောင်က ဘီအိုတီလုပ်ငန်းတစ်ခုဟာ အိမ်ရာတည်ဆောက်မှုတစ်ခုဖြစ်ရင် ဘီအိုတီလုပ်ငန်းသက်တမ်းကုန်ဆုံးပြီး လွှဲပြောင်းချိန်မှာ သည်အိမ်ရာအခန်းများ ဝယ်ယူနေထိုင်သူများနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဘီအိုတီစာချုပ်ထဲမှာ ထည့်သွင်းချုပ် ဆိုနိုင်ကြောင်း ပြောပြခဲ့ပါတယ်။

ဘီအိုတီစာချုပ်မှာ သည်အချက်နဲ့ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုမှု မရှိရင် ဘီအိုတီသက်တမ်း ကုန်ဆုံးတဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် သည်စာချုပ်ဆိုတဲ့ ဘီအိုတီစာချုပ်နဲ့အညီသာ လုပ်ငန်းဆောင်ရွက်မှုများကို အစိုးရသို့ လွှဲပြောင်းဆောင်ရွက်မယ်လို့ ဦးဆက်အောင်က ဆိုပါတယ်။

စီမံကိန်းတွေကို နည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားတဲ့အတိုင်း အစိုးရ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စင်တာကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်းကြီးဌာနမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့်အခန်းဝယ်ယူမဲ့သူတွေအနေနဲ့  ဒီစင်တာက တဆင့်စာချုပ်ပါ အချက်အလက်တွေကိုစစ်ဆေးခြင်းထည့်သွင်းချုပ်ဆိုခြင်းတွေပြုလုပ်ဖို့ ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

ရန်ကုန်မြို့ ရဲ့ အချက်အချာကျတဲ့နေရာတွေထဲက အစိုးရပိုင်မြေနေရာတွေမှာ BOT စနစ်နဲ့  လုပ်ကိုင်ခွင့်ပေးထားတာကြောင့်နိုင်ငံခြားကုမ္ပဏီတွေ အများစုဟာ ဈေးဝယ်စင်တာ လူနေအိမ်နဲ့  ဟိုတယ်တွေဆောက်လုပ်ပြီးစီးရောင်းချနေပြီလည်းဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

Upcoming Property Events

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service