အဆောက်အအုံ၏ရှေ့၊ နောက်၊ ဘေး ဘယ်ညာ မြေချန်ထားရှိမှုများ - Property Knowledge in Myanmar from iMyanmarHouse.com
25343 Views

အဆောက်အအုံ၏ရှေ့၊ နောက်၊ ဘေး ဘယ်ညာ မြေချန်ထားရှိမှုများ

Knowledge | Posted by Shwe Zin Win

အဆောက်အအုံများ ဆောက်လုပ်ရာတွင် မြေချန်ထားရှိမှု ပုံစံများအား စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ပြောင်းလဲသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။

ပေ ၄ဝ - ၆ဝ အထက် မြေကွက်များ၌ အဆောက်အအုံတည်ဆောက်မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက် သုံးပေစီချန်ကာတည်ဆောက်ရမည် ဖြစ်ပြီးပေ ၄ဝ – ၆ဝ အောက် မြေကွက် များတွင် အဆောက်အအုံတည်ဆောက်ပါက အခန်းတွဲ နှစ်ခန်းအထိသာ ခွင့်ပြုပေးသွားမ ည်ဖြစ်ကြောင်း၊ ပေ ၃၉ – ၆ဝ နှင့် ပေ ၂၆ – ၅ဝ ကြား ရှိသည့် မြေကွက်များတွင် အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ဘေးတစ်ဖက်တစ်ချက်စီ၌ တစ်ပေခွဲ ခန့် ချန်ကာ တည်ဆောက်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီ ယာ(အဆောက်အအုံ)ဌာန က ဌာနမှူး မှ ပြောသည်။

ပေ ၂၅ – ၅ဝ အောက် ရှိတဲ့ မြေကွက်တွေဆို ဘေးတစ်ဖက်စီကို တစ်ပေစီချန်ပြီး တည်ဆောက်ရမှာ ဖြစ်သည်။ဒါကလည်း မြို့လယ်ကောင် က မြို့နယ် ခြောက်ခုကလွဲရင် ကျန် မြို့နယ်တွေအားလုံး ပါသည်ဟု ၎င်းက ပြောသည်။

အဆိုပါစနစ်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အီးစီအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စက် တင်ဘာလ ၁ ရက်မှ စတင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လေးထပ်မှ ရှစ်ထပ်အထိ အဆောက်အအုံများ ဆောက်လုပ်ခွင့်တင်ပြရာတွင် မြို့လယ်ကောင်မြို့နယ်များ၌ ရှေ့နှင့် ဘေးနှစ်ဖက်အား မြေပြန့်ထားရှိကာ နောက်ဘက် နောက်ဖေးလမ်းကြားရှိ ပါက တစ်ပေစီချန်ရမည်ဖြစ်သည်။

မြို့လယ်ကောင်မြို့နယ်ပြင်ပ မြို့နယ် များတွင်- ရှေ့ဘက် မြေညီထပ်အား ငါးပေ၊ကျန်အထပ်များအား Cantilever လေးပေ ပြန်ထုတ်ပြီး တစ်ပေချန်ကာ ဘေးနှစ်ဖက် အမိုးစွန်းမှ အနည်းဆုံး တစ်ပေ ချန်ရမည်ဖြစ်သကဲ့သို့ နောက်ဘက်တွင် နောက်ဖေးလမ်းကြား ရှိပါက တစ်ပေ စီ ချန်၍နောက်ဖေးလမ်းကြား မရှိပါက မြေညီထပ်အား ခြောက်ပေချန်ကာ ကျန် အထပ်များ သုံးပေချန်ရမည် ဖြစ်သည်။

အထပ်နိမ့် အဆောက်အအုံများ ဆောက်လုပ်ခွင့် တင်ပြရာတွင် လိုက်နာရမည့် မြေကျန်များမှာ - အနည်း ဆုံး ပေ ၄ဝ – ၆ဝ ကျယ်ဝန်းသည့် မြေကွက်အတွက် သုံးထပ်နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြရာတွင်-

- အရှေ့ဘက်၌ ၁၂ ပေ၊

- လက်ဝဲဘက် အမိုးစွန်း၌ သုံးပေ၊

- နောက်ဘက်၌ နောက်ဖေး လမ်းကြားရှိပါက တစ်ပေ၊

- နောက်ဖေး လမ်းကြား မရှိပါက မြေညီထပ်အား ခြောက်ပေနှင့်

- ကျန်အထပ်များ သုံးပေ စီ မြေချန်လှပ် တည်ဆောက်ရမည် ဖြစ်ပြီး

- မိမိခြံနှင့် ကပ်လျက် အိမ်၏ ထောက်ခံချက်ဖြင့်

တင်ပြရမည်ဖြစ် ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန၏ သတ်မှတ်ချက်များအရ သိရသည်။

ရန်ကုန်နယ်နိမိတ်အတွင်း ဆိတ်ငြိမ်ရပ်ကွက်များ ဖြစ်သော ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဦးဝိစာရလမ်းတို့၌ မည်သည့် အဆောက်အအုံမဆို ဆောက်လုပ်မည်ဆိုပါက- ပင်မအဆောက်အအုံ၏ ရှေ့ဘက်တွင် မိမိပိုင် နယ်နိမိတ် အတွင်းမှ ပေ ၂ဝ ချန်၍ တင်ပြရမည် ဖြစ်ကြောင်း၊

ထိုမြေပေါ်တွင် မိမိခြံကို ဖောက်၍ ဆိုင်ခန်းဆောက်လုပ်လိုပါ က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် ပိုင်ရှင်များက ပူးတွဲတင်ပြနိုင်ကြောင်း၊ ထိုသို့ တင်ပြလာမှုအပေါ် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက စိစစ်ခွင့်ပြုသွားမည် ဖြစ် ကြောင်းသိရသည်။

 

Credit : Myanmar Builder Guide

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

Upcoming Property Events

bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service