ရန်ကင်းအိမ်ရာစီမံကိန်း ဂျပန်နှင့်ပေါင်း၍ ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3684 Views

ရန်ကင်းအိမ်ရာစီမံကိန်း ဂျပန်နှင့်ပေါင်း၍ ဆောက်မည်

ရန်ကင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါတိုက်ခန်းများတွင် လက်ရှိနေထိုင်သူများနှင့် တွေ့ဆုံရာ၌ ၎င်းတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ တိုက်ခန်းပေါင်း ၃၀၀၀ ကျော်ရှိမည့် စီမံကိန်းဖြစ်ကာ ၈ နှစ်မှ ၁၀ နှစ်ကြား ကြာမြင့်မည့်စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း လက်ရှိတိုက်ခန်းတွင်နေထိုင်သူများ ယာယီပြောင်းရွှေ့နေထိုင်ရန် ပြောင်းရွှေ့စရိတ် ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

“မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး ဦးစားပေးအနေနဲ့ ရန်ကင်းအိမ်ရာစခန်း စီမံကိန်းကို ဆောင်ရွက်တာပါ။ ရန်ကုန်မြို့က လူဦးရေ ဆယ်သန်းလောက် ဖြစ်လာမဲ့အချိန်မှာ မြို့ဟောင်း ဧရိယာတွေကို ကြိုတင်တိုးချဲ့တာပါ”ဟု ၎င်းကပြောဆိုသည်။

လက်ရှိ ရန်ကင်းအိမ်ရာများသည် နှစ်သက်တမ်း ၅၀ ကျော်ရှိနေပြီဖြစ်၍ အဆောက်အအုံများ၏ ကြံခိုင်မှုပိုင်း အားနည်းလာပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပညာရှင်များက ပြောကြားသည်။

ရန်ကင်းတိုက်ခန်းများတွင် လက်ရှိ နေထိုင်သူများအနေနှင့် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ မူလ တိုက်ခန်းဧရိယာ အကျယ်အတိုင်း ပြန်မရမည်ကို စိုးရိမ်နေကြပြီး ပြောင်းရွှေ့စရိတ် ထုတ်ပေးမည့်အပေါ်လည်း တိတိကျကျ မသိရသည့်အတွက် ဝေဖန်မှုများရှိနေသည်။

“ရွှေ့ပြောင်းတဲ့အခါမှာ ဒီမိသားစုတွေနေဖို့ နေရာရှိရဲ့လား။ အဲ့ဒါလည်း စဉ်းစားပေးရမှာပါ။ ရန်ကုန်မှာ တိုက်ခန်းငှားနေဖို့ အခက်အခဲ ရှိနေတယ်”ဟု ရန်ကင်းဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကင်းမြို့နယ် ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ တိုက်ခန်းပေါင်း ၃၂၆၁ ခန်းရှိသည့်အနက် ကျူးကျော် အဖီဆွဲထားသည့် တိုက်ခန်းပေါင်း ၁၀၈၉ ခန်းရှိနေပြီး ကျူးကျော်အဆောက်အဦး ၆၀၀ ကျော်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

“တိုက်ခန်း တော်တော်များများက အသစ်ပြန်ဆောက်ဖို့လိုနေပြီ။ ဘာကြောင့်လည်းဆိုတော့ ရေမြောင်းစနစ်တွေ မကောင်းတော့ဘူး။ မိလ္လာစနစ်တွေ မကောင်းတော့ဘူး။ အမိုးတွေ မကောင်းတော့ဘူး။ အဆောက်အအုံကတော့ ခိုင်ခိုင်ခံ့ခံ့ ရှိပါသေးတယ်”ဟု ရန်ကုန်မြို့နယ် ၃ ရပ်ကွက်တွင်နေထိုင်သည့် အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ထောက်ပြသည်။

လက်ရှိ ရန်ကင်းအိမ်ရာ တိုက်ခန်းများကို အစိုးရက တစ်ခန်းလျှင် တစ်စတုရန်းပေအတွက် ၁၂ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး အိမ်ရာစီမံကိန်း ဖော်ဆောင်ပြီးပါက တိုက်ခန်းတစ်ခန်းလျှင် တစ်စတုရန်းပေလျှင်၂၅ ကျပ်နှုန်း ကောက်ခံရန်စီစဉ်ထားသည်။

ယခုဖော်ဆောင်မည့် စီမံကိန်းဧရိယာ အကျယ်အဝန်းကျင်မှာ ဧက ၉၀ နီးပါးရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

Upcoming Property Events

area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service