Local Property News | Posted by Hnin Ei Khin
ပြန်လည်မှတ်ပုံမတင် သည့် ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်မည် ဖြစ်ပြီး ၂ နှစ်အတွင်း ထိုကုမ္ပဏီ နာမည်ပြန်လည်သုံးစွဲခွင့်ပေးမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ် ပြန်သည်။
၂၀၁၇ တွင် အတည်ပြု ပြ ဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ ပြည်တွင်းရှိ ကုမ္ပဏီခြောက်သောင်းကျော်သည် ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရပြီး ယင်းတို့အနက် ကုမ္ပဏီ ၄၇,၀၀၀ ကျော်သာ ပြန်လည်မှတ်ပုံတင်ခဲ့ သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန် ကြားရေးမှူးဦးမျိုးမင်းက ပြောသည်။
ကျန်ရှိသည့် ကုမ္ပဏီများကို ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း ပြန်လည်မှတ်ပုံတင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ခိုင်လုံသောအကြောင်းပြချက်ရှိမှသာ ဒဏ်ကြေးပေး၍ ပြန်လည်မှတ်ပုံတင်နိုင်မည် ဖြစ်ကာ ခိုင်လုံသောအကြောင်း ပြချက်မရှိပါက ကုမ္ပဏီစာရင်းကို ပယ်ဖျက်မည်ဖြစ်သည်။
‘‘ စီးပွားရေးဆက်လုပ်ချင် မှတ်ပုံတင်အသစ်တင်လိုက်ပါ။ မြန်မာတွေကရပါတယ်ဆိုတဲ့ အကျင့်ကိုတော့ အချိန်ပေးပြီးဖြစ်လို့ ဒီအချိန်မှာမရတော့ဘူး’’ ဟု ဦးမျိုးမင်းက ပြောသည်။
စာရင်းပယ်ဖျက်ခံရသည့် ကုမ္ပဏီများသည် တရားရုံးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ကွန်ပျူတာစနစ်အတွင်း ၂ နှစ်ခန့် သိမ်းထားခံရမည်ဖြစ်ပြီး ထို ၂ နှစ်အတွင်း အဆိုပါအမည်ကို သုံးစွဲခွင့်ပေးမည် မဟုတ်ဟုဆိုသည်။
‘‘ဇန်နဝါရီ ၃၁ ရက်မှာပြီး သွားတော့အခုပြန်လည်စိစစ်နေ ပါတယ်။ မှတ်ပုံတင်တာတွေပယ်ဖျက်သွားတော့မှာပါ’’ ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ကပြောသည်။
Credit: 7Daydaily