နိုင်ငံသားများ ဒေါ်လာတစ်သောင်းနှင့် ညီမျှသော နိုင်ငံခြားငွေများကို ခြောက်လအထိ ကိုင်ဆောင်နိုင် - Property News in Myanmar from iMyanmarHouse.com
3841 Views

နိုင်ငံသားများ ဒေါ်လာတစ်သောင်းနှင့် ညီမျှသော နိုင်ငံခြားငွေများကို ခြောက်လအထိ ကိုင်ဆောင်နိုင်

မြန်မာနိုင်ငံသားများအနေဖြင့် ဒေါ်လာတစ်သောင်းနှင့် ညီမျှသောမည်သည့် နိုင်ငံခြားငွေ ကိုမဆို ခြောက်လအထိ ကိုင်ဆောင်ခွင့်ရှိသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ်ကပြောသည်။

နယ်စပ်မှ အခြားငွေကြေး များအလုံးအရင်းဖြင့် ၀င်ရောက် လာမည်ကို ကိုင်တွယ်ဖြေရှင်းလို ခြင်းကြောင့် တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ပိုမိုတင်းကျပ်စစ် ဆေးမည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌကပြောသည်။

‘‘ကျပ်ငွေတန်ဖိုးမာအောင် လုပ်နေတယ်။ တစ်ဖက်နိုင်ငံက ငွေတွေအလုံးအရင်းနဲ့ ၀င်လာပြီး ကျွန်တော်တို့ရဲ့ငွေတွေကို အစားထိုးသွားမှာရှိတယ်။ အဲဒီအတွက် ကြောင့် အိမ်နီးချင်းနိုင်ငံက ငွေ တွေကိုသတိထားပြီး ကိုင်တွယ် ရပါတယ်’’ ဟု ဦးဘိုဘိုငယ်က ပြောသည်။

၂၀၁၅ တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မြန်မာနိုင်ငံသားများသည် နိုင်ငံသားသုံး ငွေပမာဏအတိုင်းအတာတစ်ခု ကို ကာလသတ်မှတ်ချက်အရ ကိုင်ဆောင်ခွင့်ရှိသည်။

 ပြီးခဲ့သည့် ဇန်န၀ါရီအတွင်း က မွန်ပြည်နယ်မုဒုံမြို့နယ်၌ အမျိုးသားတစ်ဦးတွင် ထိုင်းဘတ် ၇၅၀ နှင့် အမျိုးသမီးတစ်ဦးတွင် ထိုင်းဘတ် ၉၆၀ ကိုင်ဆောင်ထားသဖြင့် မုဒုံမြို့နယ် ရဲစခန်း က ခွင့်ပြုချက်မဲ့နိုင်ငံခြားငွေကိုင် ဆောင်မှုဖြင့် ဖမ်းဆီးပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခဲ့သည်။

ထိုနှစ်ဦးကို ရဲတပ်ဖွဲ့က မူးယစ်ဖြင့်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ် ပြီး မူးယစ်ဆေးမတွေ့သော် လည်း ထိုင်းဘတ်တွေ့ရှိ၍ အရေးယူ ဖမ်းဆီးခြင်းဖြစ်သည်ဟု ရဲစခန်းက ထုတ်ပြန်ထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

Upcoming Property Events

thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service