ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းပြန်လည်စတင်နိုင်ရန် အီတာလျံ−ထိုင်းကုမ္ပဏီကို မကြာမီ လုပ်ကိုင်ခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
656 Views

ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းပြန်လည်စတင်နိုင်ရန် အီတာလျံ−ထိုင်းကုမ္ပဏီကို မကြာမီ လုပ်ကိုင်ခွင့်ပေးမည်

ထားဝယ်အထူးစီးပွားဇုန် ပြန်လည်စတင်နိုင်ရန် အီတာလျံ -ထိုင်းကုမ္ပဏီကို မကြာမီလုပ် ငန်း စတင်လုပ်ကိုင်ခွင့် (NTP) ပေးရန် စီစဉ်နေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌဒေါက် တာမြင့်ဆန်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်အကျယ်အ၀န်းဧက ၄၈,၀၀၀ (၁၉၆ စတုရန်းကီလိုမီတာ) မှ ဧက ၆,၆၀၀ ကျော် (၂၇ စတုရန်း ကီလိုမီတာ) ကို လုပ်ကိုင်ခွင့်ပေး အပ်မည်ဖြစ်ပြီး စီမံကိန်း ကိုးခု လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။

‘‘NTP ပေးဖို့ နောက်ဆုံး ကျန်တဲ့ မြေငှားဖို့ ညှိနေတာ မပြီး သေးဘူး။ ညှိနှိုင်းပြီးရင် ပေးသွား မယ်။ ကုမ္ပဏီက NTP ပေးပြီးလို့ မှ မလုပ်နိုင်သေးဘူးဆိုရင် မြေ ပြန်သိမ်းပါ့မယ်’’ဟု ဒေါက်တာ မြင့်ဆန်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၀၈ တွင် စတင်ခဲ့ပြီး မြေဧရိယာတစ်ခုလုံးကို အီတာ လျံ-ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့် ရခဲ့သော်လည်း လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိ၍ ကုမ္ပဏီနှင့် မြန်မာ အစိုးရကြား ညှိနှိုင်းကာ ၂၀၁၅ တွင်ဧက ၆,၆၀၀ သာပေးရန် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်စီမံကိန်းစတင်နိုင်ရန် ထိုင်း နယ်စပ်မှ အထူးစီးပွားရေးဇုန် သွားသည့် နှစ်လမ်းသွားလမ်းမ ကို အီတာလျံ-ထိုင်းကုမ္ပဏီအား ဖော်ဆောင်ခွင့်ပေးထားသည်။

ဘဏ္ဍာရေး အခက်အခဲ ကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ဇူလိုင်တွင် စီမံကိန်းပြန် လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံ အစိုးရချင်းဆွေး နွေးပြီး ဂျပန်အစိုးရက စီးပွားရေး ဇုန်အပါအ၀င် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူ ခဲ့သည်။

အီတာလျံ-ထိုင်းကုမ္ပဏီက ငွေကြေးမတတ်နိုင်ခြင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် အ ကောင်အထည်ဖော်ရန် နှောင့် နှေးနေပြီး ကုမ္ပဏီကို အစားထိုး ပါက လျော်ကြေး ကန်ဒေါ်လာ သန်း ၁၃၀ ပေးရမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောထားသည်။

‘‘အရင်ချုပ်ထားတဲ့ စာချုပ် တွေကို ပြန်ဖျက်ရတာ ဥပဒေ ကြောင်းအရ ခက်ခဲပါတယ်။ ဒါကို ချိန်ဆပြီး စဉ်းစားနေရတယ်။ သဘောတူထားတာက အီတာလျံ-ထိုင်းက ကိုယ်ပိုင်ဆန္ဒအရ သူတို့ထွက်သွားရမယ်။ နောက် ကုမ္ပဏီက လက်လွှဲယူရမယ်။ တကယ်လို့ အီတာလျံ-ထိုင်းက မဖယ်ဘူး ဆိုရင် ဘာမှလုပ်လို့မရဘူးဖြစ် နေတယ်’’ ဟု ဦးအောင်ထူးက ပြောသည်။

ထိုစီမံကိန်းတွင် လမ်းခင်းရေးနှင့် ဒေသခံများ ပြန်လည်နေ ရာချထားရေး အီတာလျံ -ထိုင်းကုမ္ပဏီက ကန်ဒေါ်လာ သန်း ၁၃၀ကျော်ဖိုး ရင်းနှီးထားသည်ဟု ဦးအောင်ထူးက ဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်

Upcoming Property Events

thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service