Local Property News | Posted by Zarni Kyaw
ဗဟိုဘဏ်က ဒီဇင်ဘာ ၁၀ ရက်တွင် ငွေကြေးလေလံဈေးကွက်၌ ကန်ဒေါ်လာ သုံးသိန်း ရောင်းချခဲ့သည်။
ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းတစ်ဒေါ်လာ ၁,၅၆၁ ကျပ် ဖြင့် ပုဂ္ဂလိကဘဏ်များကို ရောင်း ချပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဗဟိုဘဏ်က ယခုလအတွင်း ပုဂ္ဂလိကဘဏ်များကို ကန်ဒေါ်လာ ၃၆ ဒသမ ၄၉ သန်း ရောင်းချခဲ့သည်။
ဒီဇင်ဘာ ၄ ရက်က တစ်ဒေါ်လာ ၁,၅၄၅ ကျပ်မှ ၁,၄၇၀ သို့ စံချိန်တင် ကျဆင်းချိန်တွင် တည်ငြိမ်မှု ပြန်လည်ရရှိစေရန် ဗဟိုဘဏ်က ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်နှစ်ရက်အတွင်း ကန်ဒေါ် လာ ၃၄ သန်းကျော်ပြန်လည်ဝယ်ယူခဲ့သည်။
ဗဟိုဘဏ်က ကန်ဒေါ်လာဝယ်ယူမှုကြောင့် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးပြန်လည်မြင့်တက်လာပြီး တစ်ဒေါ်လာလျှင်ကျပ် ၁,၅၅၀ ကျော်ဖြင့် တည်ငြိမ်ခဲ့သည်။
ဗဟိုဘဏ်က ကန်ဒေါ်လာ ရောင်းချခြင်း၊ ပြန်လည်ဝယ်ယူခြင်းသည် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က ပြောကြားသည်။
ဗဟိုဘဏ်က ကန်ဒေါ်လာ ပြန်လည်ရောင်းချလာခြင်း ကြောင့် ဒီဇင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၅၅၁ ကျပ် ဖြင့် ပုဂ္ဂလိကဘဏ်အချို့က ဈေးဖွင့်သည်။
Credit: 7Daydaily