ပါမစ်မြေ ဘာကြောင့်ရောင်းဝယ်ကောင်းလဲ၊ ဘယ်ပါမစ်မြေကို ဝယ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
5075 Views

ပါမစ်မြေ ဘာကြောင့်ရောင်းဝယ်ကောင်းလဲ၊ ဘယ်ပါမစ်မြေကို ဝယ်မလဲ

Knowledge | Posted by Aye Myat Thu

အိမ်ခြံမြေအရောင်းအဝယ်ပြုကြရာမှာ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲက ပါမစ်မြေကို အရောင်းအဝယ်အများဆုံး ပြုလုပ်ကြတာ တွေ့ရတယ်လို့ သိရပါတယ်။ ရောင်းအားကောင်းတဲ့အ ကြောင်းရင်းကတော့ ပါမစ်မြေအ ရောင်းအဝယ်လုပ်တဲ့အခါ စရိတ် ကုန်ကျမှုနည်းခြင်းက အဓိကအ ချက်ဖြစ်တယ်။ အရောင်းအဝယ် စာချုပ်ကို  အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုနိုင်ပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချနိုင်တယ်။ အရောင်းအဝယ် အဆက်အစပ်ကွင်း ဆက်မပြတ်အရောင်းအဝယ် ကတိစာချုပ်တွေရှိဖို့သာလိုပါတယ်လို့ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။ မြေချပါမစ်စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့်ရှိသလို မိမိအမည်ပေါက် နှစ် ၆၀ ဂရန်လည်း လျှောက်ထားနိုင်တယ်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီးပါးသာ ကုန်ကျနိုင်ပါ တယ်။  တခြားသူအမည်ပေါက် ဂရန်မြေကို ဝယ်ယူအမည်ပြောင်း ပါက မြေရဲ့ရောင်းရငွေကာလ တန်ဖိုးပေါ်မူတည်ပြီး အခ∑န်ဆောင်ရတာတွေ၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ရတာတွေ ကုန်ကျစရိတ်အရမ်းပဲ မြင့်သွားမှာဖြစ် တယ်။ ဒါကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူစုဆောင်းထား ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စိစစ်ပေးခြင်း 

ပါမစ်မြေကွက်ကို ဝယ်ယူဖို့ စရန်ပေးလိုက်တာနဲ့ရောင်းသူရဲ့ လက်ဝယ်ရှိမြေချပါမစ်အစစ်အမှန်ဖြစ်မဖြစ်ဆိုတာကို သက်ဆိုင်ရာမြို့နယ် မြေနဲ့အခွန် မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ရုံးရှိ လက်ခံစာအုပ်နဲ့ တိုက် ဆိုင်စစ် ဆေးဆောင်ရွက်ပေးပါတာကြောင့် မြေဝယ်လိုသူတွေအနေနဲ့ ပါမစ်မြေကွက် ပိုနှစ်သက်ပြီး  ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။

 

ခက်ခဲလာခြင်း  အခုဆိုရင်  အချို့မြို့နယ်တွေမှာ မြေယာရုံးခွဲတွေ မထားတော့တာကြောင့် မြေချပါမစ်အတု၊ အစစ်ခွဲခြားစိစစ်မှုကို ဘယ်မြို့နယ် မြေယာရုံးခွဲကမှ စစ်ဆေးပေးခြင်း မရှိတော့တာကြောင့် မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးဖို့ ခက်ခဲသွားလို့ အရောင်းအဝယ် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။ မြေချပါမစ်ဝယ်ယူသူတွေအနေနဲ့ အရင်က မြို့ပြနှင့်အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးလက်မှတ်နဲ့ စည်းတံဆိပ် ရိုက်နှိပ်ထုတ်ပေးထားတဲ့ပါ မစ်မြေနဲ့ ယခုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နဲ့ စည်းတံဆိပ်ရိုက်နှိပ်ထားတဲ့ ပါမစ်မြေလို ပုံစံနှစ်မျိုးရှိ နေတာ ကြောင့် သတိပြုဝယ်ယူ သင့်တယ် လို့ သိရပါတယ်။

စည်ပင်အမည်ပေါက်ပါမစ်မြေ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ထုတ်ပေးတဲ့မြေချပါမစ်တွေ အမှန်အကန်ဟုတ်မဟုတ် စစ် ဆေးဖို့ ခက်ခဲနေတဲ့အချိန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ ပြစီမံကိန်းနှင့်မြေ ယာစီမံခန့်ခွဲရေးဌာနမှာ ဂရန်အမည်ပေါက်အဖြစ် ပြောင်းလဲချပေးထားတာတွေ ရှိလာသလို  အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကိုလည်း တရားဝင်လျှောက်ထားကြည့်ရှု နိုင်တာကြောင့် စည်ပင်အမည်ပေါက် ပါမစ်မြေတွေကို ယခုအခါ ပိုပြီး ဝယ်ယူသင့်တယ်လို့ သိရပါတယ်။

 

Credit : Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

Upcoming Property Events

thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service