ကန်ဒေါ်လာတန်ဖိုး ပြန်တက် ကျပ်ငွေတန်ဖိုး ဆက်ကျ - Property News in Myanmar from iMyanmarHouse.com
847 Views

ကန်ဒေါ်လာတန်ဖိုး ပြန်တက် ကျပ်ငွေတန်ဖိုး ဆက်ကျ

ပြည်တွင်းငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုးကျဆင်း ကာ ဒေါ်လာတန်ဖိုးထပ်မံမြင့် တက်လာပြီး ဒီဇင်ဘာ ၆ ရက်က တစ်ဒေါ်လာ ကျပ် ၁,၅၅၀ သို့ ပြန်လည်ရောက်ရှိလာသည်။

ယမန်နေ့ နံနက်တွင်တစ် ဒေါ်လာ ကျပ် ၁,၅၃၀ ဝန်းကျင် ဖြင့် ဈေးကွက်ဖွင့်လှစ်ပြီးနောက် ညနေတွင် ကျပ် ၁,၅၅၀ သို့ ဈေး မြင့်တက်လာသည်။

ဒီဇင်ဘာ ၄ ရက်က တစ်ဒေါ် လာ ၁,၅၄၅ ကျပ်မှ ကျပ် ၁,၄၇၀ အထိ ရုတ်တရက်ကျဆင်းခဲ့သော ဒေါ်လာတန်ဖိုးသည် နှစ်ရက်အတွင်း တစ်ဒေါ်လာ ကျပ် ၈၀ ပြန် လည်မြင့်တက်လာသည်။ တစ်ဒေါ်လာတန်ဖိုး ၅ ရာခိုင်နှုန်းခန့် ရက်ပိုင်းအတွင်း အတက်၊ အကျဖြစ်ခဲ့သည်။

ဒေါ်လာတန်ဖိုးသည် ဒီဇင် ဘာ ၄ ရက် တစ်ရက်အတွင်းတစ် ဒေါ်လာလျှင် ၇၅ ကျပ်ခန့် ကျ ဆင်းပြီးနောက် ဒီဇင်ဘာ ၅ ရက် တွင် ကျပ် ၆၀ ခန့် ပြန်လည်မြင့်တက်သည်။ ဒီဇင်ဘာ ၆ ရက်တွင် တစ်ဒေါ်လာကျပ် ၂၀ ခန့် ဈေး ထပ်တက်လာသည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုးအတက်၊ အကျများခြင်းကို ကုစားပြီး ဈေး ကွက်တည်ငြိမ်မှုရှိစေရန် ရည် ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အတွင်း ပုဂ္ဂလိကဘဏ်များ ထံမှ ဒေါ်လာ ၃၈ ဒသမ ၈ သန်း ကျော်ဝယ်ယူခဲ့သည်။

ဒေါ်လာ တန်ဖိုးကျဆင်းမည့် အခြေအနေကြောင့် ဒီဇင်ဘာ ၄ ရက်တွင် ရောင်းချလိုသူများသ ဖြင့် တစ်ရက်အတွင်း ၄ ရာခိုင်နှုန်း ခန့်ကျဆင်းခဲ့သည်။ သို့သော် ဒီဇင်ဘာ ၅ ရက် တွင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရန် ငွေလွှဲ ပေးမှုများလာခြင်းကြောင့် ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက် လာသည်ဟု ပြင်ပငွေလဲဝန်ဆောင် မှု လုပ်ကိုင်သူတစ်ဦးက ပြော သည်။ ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည်အ ချိန်ပိုင်းအတွင်း အပြောင်းအလဲ များ ဖြစ်ပေါ်နေပါက ပို့ကုန်ကဏ္ဍ ထိခိုက်မည်ကို စီးပွားရေးလုပ်ငန်းရှင်အချို့က စိုးရိမ်နေသည်။

အချိန်တိုအတွင်း ဒေါ်လာတန်ဖိုး ရုတ်တရက်အပြောင်းအလဲများခြင်းက ပို့ကုန်လုပ်ငန်းရှင် များအတွက် ခက်ခဲစေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူးဦးလူမော် မြင့်မောင်က ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service