မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင် အနားယူအပန်းဖြေရန် ကွန်ကရစ်လျှောက်လမ်းနှင့် ဈေးတန်း ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
890 Views

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင် အနားယူအပန်းဖြေရန် ကွန်ကရစ်လျှောက်လမ်းနှင့် ဈေးတန်း ဖော်ဆောင်မည်

မန္တလေးမြို့အနောက်ဘက်ဧရာဝတီမြစ်ကမ်းဘေးတွင် အနားယူအပန်းဖြေရန် ကွန်ကရစ်လျှောက်လမ်းနှင့် ဈေးတန်းတစ်ခုဖော်ဆောင်မည်ဟုမန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက တည်ဆောက်ထားသည့် ကမ်းနားလမ်း၊ ၁၂ လမ်းနှင့် ၁၉ လမ်းကြား ရှိ အငှားအိမ်ရာများရှေ့တွင် အများပြည်သူ အပန်းဖြေနိုင်မည့် ကွန်ကရစ်လမ်းတည်ဆောက်ရန် မြေတိုင်းခြင်းများ စတင်နေပြီဖြစ် သည်။

‘‘ကွန်ကရစ်လမ်းက ၁၈ ပေ လောက်အကျယ်ရှိမယ်။ လက်ရန်းတပ်မယ်။ သပ်သပ်ရပ်ရပ်နဲ့ အနားယူအပန်းဖြေသွားလာလို့ရ အောင်လုပ်မယ်။ မီးလင်းအောင်လည်း မီးတိုင်တွေတပ်ထားပြီးပြီ’’ ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ ကွန်ကရစ်လျှောက်လမ်းအပြင် အစားအသောက်များရောင်းချမည့် ဈေးတန်းတစ်ခုလည်း ဖော်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါဝန်းကျင်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် အိမ်ခြေမဲ့များနေထိုင်ပြီး ဒုစရိုက်မှုများပြားသည့်နေရာ ဖြစ်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ် ဦးက ပြောသည်။

‘‘လူအများသွားလာတဲ့နေရာဖြစ်သွားရင် မကောင်းမှုလုပ် ယ့်သူတွေနောက်ထပ်အခြေချ ဖို့မဖြစ်နိုင်တော့ဘူးပေါ့။ သာသာယာယာဖြစ်မယ်ဆိုရင် အနားယူစရာနေရာတစ်ခုဖြစ်လာမယ်။ ဒီနေရာကရာသီမရွေးလှတယ်’’ ဟု ၎င်းကဆိုသည်။

ကမ်းနားလမ်းတစ်လျှောက် မူးယစ်ဆေးဝါးရောင်းချသည့်နေ ရာများကို တိုင်းအစိုးရက ပြီးခဲ့သည့်နှစ်လခန့်က ဖမ်းဆီးခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

Upcoming Property Events

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service