တိုက်ခန်းကျယ်များကိုဦးစားပေးဝယ်လိုအား မြင့်တက်နေ - Property News in Myanmar from iMyanmarHouse.com
1114 Views

တိုက်ခန်းကျယ်များကိုဦးစားပေးဝယ်လိုအား မြင့်တက်နေ

အိမ်ခြံမြေဈေးကွက်အတွင်းမှာ တိုက်ခန်းဝယ်ယူသူတွေက အခန်းကျယ်တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

တိုက်ခန်းဝယ်ယူသူ အများစုကအရစ်ကျစနစ်နဲ့ ဝယ်ယူသူများလာပြီး အခန်းကျယ်တွေကိုဝယ်ယူမှု များလာပါတယ်။

အခန်းကျဉ်းတွေနေရတာ စိတ်ကျဉ်းကျပ်စရာတွေဖြစ်လာပြီး လွတ်လွတ်လပ်လပ် စိတ်အပန်းပြေစေဖို့ အခန်းကျယ်တွေကို ဝယ်လာကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း နေထိုင်မှုစတိုင်(လ်)တွေက တိုးတက်လာပြီး အယူအဆတွေလည်း ပြောင်းလဲလာတာကြောင့် လူငယ်တွေအနေနဲ့ဝါတွင်း အိမ်ငှားတာ၊ အိမ်ဝယ်တာတွေကို ရှောင်ကြဉ်တာမျိုး မရှိတော့ဘဲ ဝယ်ယူမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ မြောက်ဒဂုံဘက်တွေမှာ ဝယ်ယူမှုတွေများလာတယ်လို့ သိရပါတယ်။

အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်သူတွေအနေနဲ့ ကျပ်သိန်း (၂ဝဝ)နဲ့ (၅ဝဝ)ကြား ဈေးနှုန်းတွေကို စိတ်ဝင်စားမှုများပြီး ဝယ်လာကြတယ်လို့ သိရပါတယ်။ ဝယ်သူတွေအနေနဲ့ ပတ်ဝန်းကျင် အနေအထား၊ ကျောင်း၊ ဈေး၊ လမ်းပန်းဆက်သွယ်ရေးကိုလည်း အဓိကထား စဉ်းစားလာကြပြီး ဝယ်ယူလာကြတာကိုလည်း တွေ့ရတယ်လို့ သိရပါတယ်။

အိမ်ခြံမြေဈေးကွက်ကြီးတစ်ခုလုံးအေးစက်နေပေမဲ့ အရောင်းအဝယ်ကတော့ တချို့ နေရာလေးတွေမှာပုံမှန်ဖြစ်ပေါ်နေပြီး မြို့ စွန်အချို့ မှာလည်း အရောင်းအဝယ်ဖြစ်ပေါ်နေပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

Upcoming Property Events

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service