ရန်ကုန်လေဆိပ်တွင် ပြည်ပလေကြောင်းလိုင်း (၄)ခုခန့်တိုးချဲ့ပြေးဆွဲလာနိုင် - Property News in Myanmar from iMyanmarHouse.com
1694 Views

ရန်ကုန်လေဆိပ်တွင် ပြည်ပလေကြောင်းလိုင်း (၄)ခုခန့်တိုးချဲ့ပြေးဆွဲလာနိုင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်ပလေကြောင်းလိုင်း ၄ ခု ထပ်မံတိုးချဲ့ပြေးဆွဲလာနိုင်ကြောင်း လေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသော Yangon Aerodrome ကုမ္ပဏီလိမိတက်မှ သိရသည်။

"အာရှဒေသတွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေ ဝင်ရောက်လာဖို့ရှိပါတယ်။ ဒီလပိုင်းအတွင်းမှာလာမယ်လို့ မျော်လင့်ရပါတယ်။ ဒီရက်ပိုင်းမှာပဲ စီချွမ်အဲလိုင်း လာဆင်းသွားတယ်။ နောက်ပိုင်းကလည်း အဲလိုင်း ၄ ခု လာတာနဲ့အမျှ အလုပ်အကိုင်အခွင်အလမ်းတွေလည်း အဆင်ပြေလာနိုင်မယ်" ဟု Chief Operating Officer Mr. Jose Angejia က ပြောသည်။

ယင်းကုမ္ပဏီမှ မီဒီယာတွေ့ဆုံပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းတွင် တရုတ်လေကြောင်းလိုင်းတစ်လိုင်းနှင့် ဥရောပလေကြောင်းလိုင်းတစ်လိုင်း ရန်ကုန်လေဆိပ် သို့ လာရောက်ဆင်းသက်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်စေရန်အတွက် Tourism Promotion များကိုလည်း ပြင်ဆင် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ သိရသည်။

"ဟိုတယ်နဲ့ခရီး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး Tourism Promotion တွေကို နိုင်ငံတကာမှာလည်းလုပ်နေတယ်။ ပြည်တွင်းမှာလည်း ပြင်ဆင်ရေးလုပ်ငန်းတွေကိုအများကြီးကြိုးစားနေတယ်။ ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါ တယ်" ဟု မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း ကပြောသည်။

လက်ရှိအချိန်တွင် Tourism Promotion လုပ်ဆောင်ရန်အတွက် အဖွဲ့များဖွဲ့စည်းထားပြီး မြန်မာ-ဂျပန်၊ မြန်မာ-ကိုရီးယာ၊ မြန်မာ-တရုတ်၊ မြန်မာ-အာဆီယံ၊ မြန်မာ-အီးယူ-အမေရိက အဖွဲ့ ၅ဖွဲ့ထားကြောင်း မြန်မာနိုင်ငံခရီး သွားအဖွဲ့ချုပ်မှ သတင်းရရှိသည်။ လာမည့်နှစ်တွင် ပြည်ပလေကြောင်းလိုင်းများ ထပ်မံဝင်ရောက်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

 

Credit:  Mizzima Burmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

Upcoming Property Events

area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service