အုတ်တိုက်၏ခန့်မှန်းတန်ဖိုးတွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
3544 Views

အုတ်တိုက်၏ခန့်မှန်းတန်ဖိုးတွက်နည်း

Knowledge | Posted by Zarni Kyaw

ထုထည်ခန့်မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

ထုထည်ခန်.မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်းထုထည်ကို၎င်းဒေသရှိ အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသော နည်းဖြစ်၏။

ထုထည်တွက်ရာတွင် အောက်ခံခုံဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက်ရ၏။ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံမျက်နှာပြင်မှ လျောက်တန်း(Pole plate) အထက်ခေါင်မိုးအမြင့်၏ နှစ်ပုံတစ်ပုံ အထိအကွာအဝေးဖြစ်၏။

အုတ်တိုက်များတွင်မူ အမြင့်သည်အုတ်မြစ်အုတ်နံရံမှ မိကျောင်းတုံး ( Wall Plate) အထက်ခေါင်မိုးအမြင့်၏နှစ်ပုံတစ်ပုံအထိအကွာအဝေးဖြစ်၏။ အောက်ခံခုံ ဧရိယာအတွက် အတိုင်းအတာများမှာ အောက်ခံခုံဧရိယာတွက်နည်းအတိုင်းပင်ဖြစ်၏။

ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ခန့်မှန်းတန်ဖိုးကို ထုထည်ခန့်မှန်းခြေနည်းဖြင့်ရှာမယ်ဆိုရင်။

အုတ်တိုက်၏အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ်အနားအထိ ( 15 ပေ)၊ အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင် အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ်နှုန်းမှာ (1000)ကျပ်ဖြစ်သည်။

ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C

= (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’)

= 480 sq-ft + 224 sq-ft + 280 sq-ft

= 984 sq-ft

အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’)= 22’

အုတ်တိုက်၏ ထုထည် = အောက်ခံခုံဧရိယာစုစုပေါင်း x အမြင့် = 984 x 22= 21648 ကုဗပေ

အုတ်တိုက်၏ ခန့်မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ် နှုန်း = 21648 x 1000 ကျပ်= 216.5 သိန်းခန့်

ထိုကြောင့် ပုံ (၃-၁) တွင်ဖေါ်ပြထားသော အုတ်တိုက်၏ ခန့်မှန်းတန်ဖိုးမှာ 216 သိန်း 5 သောင်းခန့်ကုန်ကျနိုင်ပါသည်။

မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ်မူတည်ပြီး အစားထိုးတွက်ယူပါရန်။

 

Credit : winningland

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

Upcoming Property Events

taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service