ရန်ကုန်တိုင်းကို နေချင်စဖွယ် မြို့တော်ဖြစ်စေရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ပြောကြား - Property News in Myanmar from iMyanmarHouse.com
892 Views

ရန်ကုန်တိုင်းကို နေချင်စဖွယ် မြို့တော်ဖြစ်စေရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအား နေချင်စဖွယ် မြို့တော်ဖြစ်ရန် မူဝါဒချမှတ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်း ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းကို ရည်မှန်းရာ အဆိုပြုချက်များကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက်နဲ့အညီ ပြည်သူကို ဗဟိုပြုတဲ့ တိုင်းဒေသကြီးအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ် ဖြစ်ပေါ်စေပြီးတော့ အုပ်ချုပ်မှု ကောင်းမွန်စေဖို့အတွက် ရှေးဟောင်းအမွေအနှစ်များ၊ အခြေခံအဆောက်အအုံနဲ့ ပြည့်စုံတဲ့ တည်ငြိမ်အေးချမ်းတဲ့ စိမ်းလန်းပြီး နေချင်စဖွယ်ဖြစ်လာဖို့အတွက် မူဝါဒချမှတ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်”ဟု ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်၊ မြို့ပြ ဟန်ချက်ညီရေး၊ မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များ၊ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှု ရရှိရေးစသည့် ဦးတည်ချက်များဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းအဆိုပြုချက်များကို ရေးဆွဲခဲ့ကြောင်း ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

“အဆိုပြုချက်များကို နိုင်ငံတော်က ခွင့်ပြုပေးနိုင်တဲ့ ဘဏ္ဍာရေး အရင်းအမြစ်များ ချိန်ထိုးပြီးတော့ ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို ရေးဆွဲခဲ့ပါတယ်။ အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြုစုရာမှာ အောက်ခြေကနေ စတင်ရေးဆွဲတဲ့ စနစ်ကို မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများကနေပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်”ဟု ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဘတ်ဂျက်အား ပြည်သူအခြေပြု ဘတ်ဂျက်စနစ်ဖြင့် စတင်ကျင့်သုံးရန် စီစဉ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ၊ ရန်ပုံငွေ၊ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအတွက် ကျပ် ၄၇၃ ဒသမ ၅ ဘီလျံခန့် သုံးစွဲရန် လျာထားခဲ့ကြောင်း၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သုံးစွဲမည့် ပြည်သူ့အတွက် လိုအပ်သော လမ်းတံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေတို့အတွက် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် ကဏ္ဍအလိုက် စုစည်းဖော်ပြထားကြောင်း ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းမှာ ကဏ္ဍအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ရည်မှန်းချက်များ တိုင်းဒေသကြီးရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး GDP တိုးတက်မှုတို့ကိုလည်း ဖော်ပြထားပါတယ်” ဟု ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ GDP အား ပုံမှန်ဈေးနှုန်းများအရ ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရရှိစေရန် ရည်မှန်းထားကြောင်း၊ လယ်ယာကဏ္ဍသည် ၂ ဒသမ ၉ ရာခိုင်နှုန်း၊ သားငါးကဏ္ဍသည် ၄ ရာခိုင်နှုန်း၊ သစ်တောကဏ္ဍသည် ၁၉ ဒသမ ၆ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍသည် ၁၈ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှုလက်မှုကဏ္ဍသည် ၁၂ ဒသမ ၁ ရာခိုင်နှုန်း၊ ထုတ်လုပ်ရေးကဏ္ဍသည် ၈ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပို့ဆောင်ရေးကဏ္ဍသည် ၉ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းချက်များ ချမှတ်ထားကြောင်း ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

“ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ GDP တန်ဖိုးက နှစ်အလိုက် ဈေးနှုန်းများအရ ကျပ် ၂၇၁၄၂ ဒသမ ၉ ဘီလျံနဲ့ ပုံမှန်ဈေးနှုန်းများအရ ၂၂၃၈၇ ဒသမ ၁၂၅ ဘီလျံ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် GDP တိုးတက်မှုနှုန်းကို ၉ ဒသမ ၈ ရာခိုင်နှုန်း ရည်မှန်းထားပါတယ်” ဟု ၀န်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

Upcoming Property Events

kalaw-garden-valley
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service