ပြည်သူ့အိမ်ရာနှင့် ၀န်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် လာမည့် နှစ်နှစ်အတွင်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1824 Views

ပြည်သူ့အိမ်ရာနှင့် ၀န်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် လာမည့် နှစ်နှစ်အတွင်း တည်ဆောက်မည်

လာမည့် နှစ်နှစ်အတွင်း ပြည်သူ့အိမ်ရာနှင့် ၀န်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် တည်ဆောက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေး၂၃ ရက်မြောက်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့ပြနှင့်အိမ်ရာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့် သုံးနှစ်အတွင်း ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ စီမံကိန်းကြီးများတွင် ၀င်ရောက် လုပ်ကိုင်ခြင်းဖြင့် စီးပွားရေးလည်ပတ်မှုကို သွက်လက်လာစေမည်ဟု မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။

“ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ပြည်သူ့အိမ်ရာနဲ့ဝန်ထမ်းအိမ်ရာများ အနေနဲ့ အခန်းပေါင်း ၁၀၉၂၄ ခန်း ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့် ပြီးစီးပြီး အခန်းပေါင်း ၅၇၄၈ ခန်း၊ ရာခိုင်နှုန်း ၇၀ ပြီးစီးခဲ့ပြီး အခန်းပေါင်း ၅၁၇၆ ခန်း ရှိနေပြီ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အခန်းတွေ ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်သလို ဆက်လက်ပြီးလည်း နှစ်နှစ်ခွဲတာ ကာလအတွင်းမှာ PPP စနစ်နဲ့ အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီတွေအနေနဲ့အခန်း ၆၀၀၀ ကျော် စုစုပေါင်း အခန်းပေါင်း တစ်သောင်းကျော် ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာ စုဆောင်းငွေစာရင်းကို ကျပ် ၁၀,၀၀၀ နှင့် စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် CHID ဘဏ်တွင် စုဆောင်းထားရမည် ဖြစ်သည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service