ကန်ဒေါ်လာတန်ဖိုး ၁,၄၇၃ ကျပ်သို့ ပြန်တက် - Property News in Myanmar from iMyanmarHouse.com
1789 Views

ကန်ဒေါ်လာတန်ဖိုး ၁,၄၇၃ ကျပ်သို့ ပြန်တက်

ပြည်တွင်းငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး သည် သြဂုတ် ၁၃ ရက် ညနေက တစ်ဒေါ်လာ ၁,၄၇၃ ကျပ်သို့ ပြန် တက်လာသည်။

နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁,၄၇၀ ခန့်ဖြင့် ဈေးဖွင့်ခဲ့ သော်လည်း ဝယ်လိုအားအခြေ အနေကြောင့် ဈေးနှုန်းထပ်မံ မြင့် တက်ခြင်းဖြစ်သည်ဟု ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။

သြဂုတ် ၁၀ ရက်တွင် တစ် ဒေါ်လာ ကျပ် ၁,၄၆၀ သို့ ကျဆင်း ပြီးနောက် ရုံးဖွင့်ရက်တွင် တစ် ဒေါ်လာလျှင် ၁၃ ကျပ် မြင့်တက်ခဲ့ သည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကို အဖြေရှာနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များက ကုန် သည်စက်မှု အသင်းချုပ်တွင် ဆွေးနွေးပြီး အစိုးရထံ အကြံပြု စာတမ်းတစ်စောင် တင်ပြရန် စီစဉ်နေသည်။

ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းခြင်းက နိုင်ငံ့စီးပွားရေးအတွက်၊ လုပ်ငန်း များအတွက် ခက်ခဲသည်ဟု စီး ပွားရေးပညာရှင်များနှင့် လုပ်ငန်း ရှင်များက သုံးသပ်ကြောင်း မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ထို့ကြောင့် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒများနှင့် အစိုးရက ဆောင်ရွက်ရမည့် အစီအစဉ် များကို အစိုးရထံ တင်ပြသည့် အကြံပြုစာတမ်းတွင် ဖော်ပြထား သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျပ်ငွေတန်ဖိုး မြင့်တက်ပြီး ဒေါ်လာတန်ဖိုး တည်ငြိမ်ရန် နိုင်ငံခြားငွေ ရောင်း ဝယ်ခွင့် လိုင်စင်ရထားသည့် ပုဂ္ဂလိကဘဏ်များအား ဗဟို ဘဏ်က ကန်ဒေါ်လာများ ထုတ် ချေးရန် စီစဉ်နေသည်။

နိုင်ငံခြားငွေလိုအပ်သည့် ပုဂ္ဂလိကဘဏ်များသို့ အချိန် သတ်မှတ်ပြီး အတိုးနှုန်းဖြင့် ကန် ဒေါ်လာသန်း ၃၀၀ မှ ၄၀၀ အထိ ငွေချေးပေးနိုင်ရန် စီစဉ်ထား ကြောင်း ဗဟိုဘဏ်အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ ပုဂ္ဂလိကဘဏ်များ အနေဖြင့် ကန်ဒေါ်လာလိုအပ်ပါက ပြင်ပမှ ဝယ်ယူရသည့် အခြေ အနေမျိုးကို ထိန်းနိုင်မည်ဖြစ်ပြီး ဈေးကွက် အတွင်း ဈေးကစားမှုများ လျော့ နည်းမည်ဟု ၎င်းကဆိုသည်။

Credit : 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

Upcoming Property Events

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service