ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာဈေးနှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
14590 Views

ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာဈေးနှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု

ပုဂ္ဂလိကဘဏ်နှင့် ငွေ လဲကောင်တာများက အမေရိကန် ဒေါ်လာ ရောင်းဝယ်ရာတွင် ဗဟိုဘဏ်သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းဘောင်အတွင်းမှသာ ရောင်းဝယ်ခွင့်ပြုထားရာမှ အဆိုပါသတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုလိုက်သည်။

နိုင်ငံခြားငွေရောင်း၊ ၀ယ်ရာ တွင် ဗဟိုဘဏ်က သတ်မှတ် သော ရည်ညွှန်းငွေလဲနှုန်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုး၊ အ လျှော့ပြုလုပ်၍ ရောင်းဝယ်ရန် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဩဂုတ် ၁၃ ရက် စွဲဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခွင့် လိုင်စင်ရ ဘဏ်များနှင့် နိုင်ငံခြား ငွေလဲလှယ်ခွင့်လိုင်စင်ရ ငွေလဲ ကောင်တာ (Money Changer)များထံသို့ ဖြန့်ဝေခဲ့သည့်စာတွင် ဖော်ပြထားသည်။

‘‘ဘဏ်တွေနဲ့ငွေလဲကောင် တာတွေကို ဈေးနှုန်းလွတ်လွတ် လပ်လပ်ဖြစ်သွားအောင် ဖွင့်ပေး လိုက်တဲ့သဘောပါ။ ဒေါ်လာဈေး ဖြစ်သင့်တာထက် ပိုမဖြစ်စေဖို့ ဗဟိုဘဏ်က ဆက်လက်ဆောင် ရွက်မယ့်အစီအစဉ်တချို့ရှိနေပုံ ရတယ်။ အဲဒီအစီအမံနဲ့ ကိုက် မယ့်ဟာကို ကြိုတင်လုပ်တာဖြစ် ပါလိမ့်မယ်’’ ဟု ဘဏ်အကြံပေး ဦးရဲမင်းဦးက ပြောသည်။

အမေရိကန်ဒေါ်လာသည် နိုင်ငံတကာငွေကြေးဈေးကွက်တွင် တန်ဖိုးတက်လာခြင်း၊ ပြည်တွင်း၌ ဈေးကစားခြင်း၊ ကုန်သွယ်ရေးလိုငွေပြကာ ဒေါ်လာ ၀ယ်လိုအားမြင့်တက်နေခြင်းတို့ ကြောင့် ဇွန်လလယ်မှစ၍ ယနေ့အချိန်ထိ ဒေါ်လာတန်ဖိုးပြည်တွင်း၌ ဆက်တိုက်မြင့်တက်နေသည်။

ထို့ကြောင့် ငွေကြေးဈေးကွက်တည်ငြိမ်စေရန် ဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်များကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ ကြားထုတ်ချေး ရန် စီစဉ်နေသလို ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာရောင်း ၀ယ်ခြင်းအပေါ် ကန့်သတ်ချက်များဖယ်ရှားခြင်းဖြစ်သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service