ရန်ကုန်မြို့သစ် လမ်းကြောင်းကွန်ရက် ကနဦးစီမံကိန်းများကို တရုတ်ကုမ္ပဏီ အကူအညီဖြင့် ပြင်ဆင်ရေးဆွဲနေဟုဆို - Property News in Myanmar from iMyanmarHouse.com
2955 Views

ရန်ကုန်မြို့သစ် လမ်းကြောင်းကွန်ရက် ကနဦးစီမံကိန်းများကို တရုတ်ကုမ္ပဏီ အကူအညီဖြင့် ပြင်ဆင်ရေးဆွဲနေဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်း အတွက် လမ်းကြောင်းကွန်ရက် များနှင့်သယ်ယူပို့ဆောင်ရေးဆိုင် ရာ အခြေခံအဆောက်အအုံများ ၏ ကနဦးစီမံကိန်းကို တရုတ် CCCC ကုမ္ပဏီအကူအညီဖြင့် ပြင်ဆင်ရေးဆွဲနေကြောင်း Oxford Business Group (OBG) က ဇူလိုင် ၁၃ ရက်တွင်သတင်း ထုတ်ပြန်သည်။

OBG သည် ၂၀၁၉ အတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအကြောင်း အစီရင်ခံ စာထုတ်ပြန်ရန် ရန်ကုန်တိုင်းဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်တွေ့ ဆုံပြီးနောက် သတင်းထုတ်ပြန် ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်မြို့သစ်စီမံကိန်းကို ပထမ အဆင့် သုံးနှစ်နှင့် ဒုတိယအဆင့် ငါးနှစ်အတွင်း အသီးသီးဆောင် ရွက်မည်ဟု ဆိုထားကြောင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘စီမံကိန်းကြီးကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးအောင် လုပ်ဆောင်နိုင်ဖို့ အကုန်လုံးပါဝင် ကူညီဖို့လိုအပ်တဲ့အပြင် ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ လည်း နိုင်ငံတကာကကော်ပိုရေး ရှင်းလုပ်ငန်းကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြော သည်။

ရန်ကုန်မြို့သစ်တည် ဆောက်ရေး တာဝန်ခံထားသည့် ရန်ကုန်တိုင်းအစိုးရပိုင် ကုမ္ပဏီ NYDC အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ရန်ကုန်မြို့သစ်၏ ၁၀ ရာခိုင်နှုန်းရှိသည့် ဧရိယာအ ပိုင်း(၁)ကို အဓိကထားဖော် ဆောင်မည်ဟု ၎င်း၏အပတ်စဉ် ဆွေးနွေးခန်းတွင် ပြောကြားထား သည်။

‘‘စက်မှုဇုန်ဧရိယာကို ဦးစား ပေးတည်ဆောက်သွားမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ စက်မှုဇုန်ဧရိ ယာမှာ လိုအပ်မယ့်မြို့ပြဖွံ့ဖြိုး ရေးလုပ်ငန်းတွေ တည်ဆောက် ရေးကို အလေးထားဆောင်ရွက် သွားမှာပါ။ မိုးမျှော်တိုက်တွေနဲ့ တန်ဖိုးမြင့်အိမ်တွေဟာ နောင်အနာဂတ်မှာ ပေါ်ထွက်လာကောင်း ပေါ်ထွက်လာမှာဖြစ်ပေမယ့် အခု အချိန်မှာတော့ ဒါတွေကအဓိက တည်ဆောက်ရမယ့်အရာတွေ မဟုတ်ပါဘူး’’ ဟု ဦးသိမ်းဝေက ဆိုထားသည်။

ထို့အပြင် ရန်ကုန်မြို့သစ် တွင် လျှပ်စစ်မီး၊ သောက်သုံးရေ၊ ရေဆိုးသန့်စင်ရေး၊ လမ်းမများ၊ အများပြည်သူသုံး သယ်ယူပို့ ဆောင်ရေး၊ ကုန်ပစ္စည်းများသယ် ယူပို့ဆောင်ရေး၊ တံတားများနှင့် ရေလမ်းကြောင်း၊ ဆက်သွယ်ရေး ကွန်ရက်များနှင့် ဆေးရုံ၊ကျောင်း၊ ပန်းခြံအစရှိသည်တို့ကို ဦးစားပေး တည်ဆောက်မည်ဟု ၎င်းက ဆို သည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရန်ကုန်မြို့သစ်စီမံကိန်း ကို ရန်ကုန်တိုင်းအစိုးရက မြေ ဧက ၂၀,၀၀၀ ပေါ်တွင်အကောင် အထည်ဖော်ရန် စီစဉ်နေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service