အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
6387 Views

အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ

အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးသည် ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် အင်္ဂလန် အရှေ့တောင်ပိုင်းရှိ နေအိမ်ကို အရှုံးခံရောင်းချလိုက်ပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်အရှေ့တောင်ပိုင်း ဆာရေးခရိုင်တွင် တည်ရှိသည်။

ချယ်ရီကိုးနှင့် ကွာရှင်းပြတ်စဲပြီး ၇ နှစ်ကျော်အကြာတွင် ရောင်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

စံအိမ်ကို Hurtmore House ဟု အမည်ပေးထားပြီး ရုပ်ရှင်ရုံတစ်ခု၊ ဘောလုံးကွင်းငယ်တစ်ခုနှင့် ကိုယ်ပိုင်ရဟတ်ယာဉ်ကွင်းတို့ပင် ပါဝင်သည်။

အက်ရှ်လေကိုးတို့ဇနီးမောင်နှံက ၂၀၀၆ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး မကြာမီတွင် အဆိုပါနေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပေါင် ၃ ဒသမ ၅ သန်းပေးခဲ့ရသည်။

ခေါ်ဈေးထက် ပေါင် ၅ သိန်းပိုပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပေါင် ၅ သန်းခန့် ထပ်မံသုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၀ ပြည့်နှစ်တွင် ကွာရှင်းပြတ်စဲကြသောအခါ ချယ်ရီကိုးက အဆိုပါနေအိမ်ကို အက်ရှ်လေကိုးအား ပေးအပ်ခဲ့သည်ဟု ဆိုသည်။

အက်ရှ်လေကိုးက ယခုအခါ ပေါင် ၆ ဒသမ ၁ သန်းဖြင့် ရောင်းထုတ်လိုက်ခြင်းဖြစ်သောကြောင့် အရှုံးပေါ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

အက်ရှ်လေကိုးသည် မူလက ပေါင် ၇ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ နည်းပါးသည့် ဈေးနှုန်းဖြင့် ရောင်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

ချယ်ရီကိုးက အဆိုပါနေအိမ်ကြီးကို ကျောခိုင်းလိုက်ရသည့်အတွက် များစွာဝမ်းနည်းရကြောင်း ၂၀၁၂ ခုနှစ်က ရေးသားထုတ်ဝေခဲ့သည့် သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် Cheryl: My Story တွင် ရေးသားဖော်ပြခဲ့သည်။

“ကျွန်မရဲ့ အဝတ်အစားတွေကို သိမ်းဆည်းနေချိန်မှာ အက်ရှ်လေရဲ့ အဝတ်တွေ ဗီရိုထဲမှာ ကျန်နေတာကို မြင်ရတာဟာ အသည်းတွေကြေကွဲဖွယ်ရာပါပဲ။ နေအိမ်ကြီးရဲ့ အခန်းတိုင်းမှာ အမှတ်ရတမ်းတစရာတွေရှိနေတယ်။
ကျွန်မ ညတိုင်း ငိုကြွေးခဲ့ရပါတယ်” ဟု ချယ်ရီကိုးက ရေးသားဖော်ပြခဲ့သည်။

အက်ရှ်လေကိုးသည် လက်ရှိတွဲနေသော ချစ်သူ ရှာရွန်နှင့် ပြီးခဲ့သောလကပင် ဒုတိယမြောက်ကလေးရရှိခဲ့ပြီးလည်း ဖြစ်သည်။

ရှာရွန်သည် အီတလီမော်ဒယ်တစ်ဦးဖြစ်ပြီး ရိုးမားအသင်းတွင် အက်ရှ်လေကိုးကစားနေစဉ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် အယ်လ်အေ ဂလက်ဇီသို့ အက်ရှ်လေကိုး ပြောင်းရွှေ့ခဲ့သောအခါ ရှာရွန်လည်း အမေရိကသို့ လိုက်ပါနေထိုင်ခဲ့သည်။

အက်ရှလေကိုးသည် လန်ဒန်မြို့တွင် မွေးဖွားပြီး ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလတွင် အာဆင်နယ်အသင်း၌ ပထမဆုံး ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သည်။

အာဆင်နယ်တွင် ၂၂၈ ပွဲပါဝင်ကစားခဲ့ပြီး ၉ ဂိုးသွင်းယူခဲ့သည်။ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလား ၃ လုံးဆွတ်ခူးခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အာဆင်နယ်အသင်း ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည့်ပွဲတွင် ပါဝင်ကစားခဲ့သည်။

အဆိုပါပွဲတွင် အာဆင်နယ်သည် ဘာစီလိုနာအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

၂၀၀၆ ခုနှစ်၊ သြဂုတ်လတွင် ပြိုင်ဘက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၉-၁၀ ရာသီတွင် ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား ၄ ခု၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလားတစ်လုံးတို့ ရရှိခဲ့သည်။
ယင်းနောက်ပိုင်း ရိုးမားနှင့် အယ်လ်အေ ဂလက်ဇီအသင်းများတွင် ပြောင်းရွှေ့ကစားခဲ့သည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အင်္ဂလန်လက်ရွေးစင်ဖြစ်ခဲ့ပြီး ၂၀၀၂၊ ၂၀၀၆ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပါဝင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အင်္ဂလန်၏ နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန် လက်ရွေးစင်ဘောလုံးသမားဟောင်း အက်ရှ်လေကိုးက ဇနီးဟောင်းချယ်ရီကိုးနှင့် နေထိုင်ခဲ့သည့် နေအိမ်ကို အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service