အမရပူရမြို့ပြစီမံကိန်း စတင် - Property News in Myanmar from iMyanmarHouse.com
4082 Views

အမရပူရမြို့ပြစီမံကိန်း စတင်

မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းတစ်လျောက်ရှိ မြေနုကျွန်းများပေါ်တွင် မြေဧက ၄ဝ ပေါ်တွင် အမရပူရမြို့ပြစီမံကိန်းကို ရှေ့ပြေးစီမံကိန်းအနေဖြင့် စတင်အကောင်ထည်ဖော်နေပြီး ဖြစ်ကြောင်း အကောင်ထည်ဖော်သည့်ကုမ္ပဏီ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးဇော်ရဲဝင်းက ပြောသည်။

လတ်တလောတွင် မြေနုကျွန်းပေါ်တွင် သဲဖို့နေပြီး ထိုလုပ်ငန်းစဉ်ပြီးလျှင် မြေသားကျစ်လျစ်အောင် ဆောင်ရွက်သည့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟုလည်း သူကဆိုသည်။ စီမံကိန်းဧရိယာအတွင်းရှိ မြေ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူရရှိထားပြီဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။

ထိုမြို့ပြစီမံကိန်းသည် ဧကပေါင်း ၂,ဝဝဝ ခန့်ရှိမည်ဖြစ်ပြီး မြစ်ကမ်းတစ်လျှောက်ရှိ မြေနုကျွန်းများနှင့် ကိုင်းမြေများပေါ်ရှိ ရေဝပ်နေရာများကို မြေဖို့ကာ အကောင်အထည်ဖော်ရန် တိုင်းအစိုးရအဖွဲ့က ၂ဝ၁၆ ခုနှစ်က ခွင့်ပြုချက်ပေးခဲ့သည်။

ယခုကနဦးစီမံချက်အနေဖြင့် ဖော်ဆောင်မည့် မြေဧက ၄ဝ ပေါ်တွင် လူနေအဆောက်အအုံများ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ၊ စီပွားရေးလုပ်ကိုင်ရန် နေရာများ၊ အများပြည်သူ အပန်းဖြေရန် နေရာများ ပါဝင်လာမည်ဖြစ်ကြောင်း ဦးဇော်ရဲဝင်းက ပြောသည်။

ထိုမြို့ပြစီမံကိန်းကို တိုင်းစည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး အမရပူရမြို့ပြဖွံ့ဖြိုးမှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ဖော်ဆောင်နေခြင်းဖြစ်ကာ ကနဦး ရင်းနှီးမြုပ်နှံမှု ကျပ် ၅ဝဝ ဘီလျံ ထည့်သွင်းထားပြီး စီမံကိန်း ကာလအား ၁ဝ နှစ် သတ်မှတ်ထားသည်။

''စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဆိုတော့ သူက ၂၅ ရာခိုင်နှုန်း ခံစားခွင့်ရှိတယ်။ ခြောက်ထပ် အဆောက်အအုံနဲ့ ဝန်ထမ်းအိမ်ရာပေါင်း ၁,၂ဝဝ လောက် သူတို့ရမယ်။ နောက်လမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ မီးသတ်အဆောက်အအုံတွေ ရမှာပေါ့''ဟု ဦးဇော်ရဲဝင်း က ပြောသည်။

စီမံကိန်းတွင် ဟိုတယ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဆိပ်ကမ်းများ၊ ဈေးဝယ်စင်တာများ၊ ပန်းခြံများ၊ လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

Upcoming Property Events

taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service