ရန်ကင်းမြို့နယ်  ကံဘဲ့လမ်း  ကလေးကစားကွင်းမြေနေရာပေါ်ရှိ အဆောက်အအုံကိုရှင်းလင်းပြီး  အားကစားကွင်းအဖြစ်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
3943 Views

ရန်ကင်းမြို့နယ်  ကံဘဲ့လမ်း  ကလေးကစားကွင်းမြေနေရာပေါ်ရှိ အဆောက်အအုံကိုရှင်းလင်းပြီး  အားကစားကွင်းအဖြစ်ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက် ကံဘဲ့လမ်း ကလေးကစားကွင်းမြေနေရာပေါ်ရှိ အဆောက်အအုံကို ရှင်းလင်းပြီး အားကစားကွင်းအဖြစ် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၄ ရက်၌ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောဆိုခဲ့သည်။

ကစားကွင်းနေရာမည်သူပိုင်ဆိုင်

ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကံဘဲ့လမ်းပေါ်၌ ကလေး ကစားကွင်းမြေနေရာအား မည်သူကပိုင်ဆိုင်ပြီး မည်သူ့ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားခြင်းကိုသိလိုကြောင်း၊ အဆောက်အအုံနှင့်မြေအခွန် အခကို မည်သူကရရှိပြီး နိုင်ငံတော်က မည်မျှအခွန်အခရရှိနေသည်ကို သိလိုကြောင်း ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းဇော်၏မေးမြန်းမှုအပေါ် ဝန်ကြီးက ယင်းသို့ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ဒီမြေနေရာဟာ စည်ပင်သာယာရေးကော်မတီရဲ့မြေပုံမှာ ကလေး အားကစားကွင်းအဖြစ် ဖော်ပြထားခြင်းမရှိပါဘူး။ သို့သော် ကျွန်မတို့ အနေနဲ့ ဒီမှာ စားသောက်ဆိုင်ဖွင့်ထားသူကို ရှင်းလင်းပြီးတဲ့အချိန် ဒီမြေကို Redevelopment လုပ်တဲ့အချိန်မှာ အားကစားကွင်းအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းကပြောဆိုသည်။

တစ်လကျပ်နှစ်သိန်း

အဆိုပါမြေပေါ်တွင် တည်ဆောက်ထားသည့်အဆောက်အအုံမှာ ယခင် နဝတအစိုးရလက်ထက်တွင် တပ်မတော်ထောက်လှမ်းရေး သက်သာ ရန်ပုံငွေအဖြစ် စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၄ ခုနှစ်နောက်ပိုင်းတွင် လုပ်ငန်းဆောက်ရွက်သူက အဆောက်အအုံဆောက်လုပ်ပြီး စားသောက် ဆိုင်အဖြစ် နှစ်စဉ် မြေငှားရမ်းခပေးသွင်းစေ၍ လုပ်ငန်းလုပ်ကိုင်လျက် ရှိကြောင်း၊ မြေငှားရမ်းခနှုန်းထားကို ငါးနှစ်တစ်ကြိမ် စိစစ်တိုးမြှင့်တောင်း ခံပြီး ၂၀ဝ၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တစ်လလျှင် ငွေကျပ်၂၀ဝçဝ၀ဝ နှုန်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်လလျှင် ငွေကျပ် ၂ ဒသမ ၂ သိန်းနှုန်းဖြင့်ကောက်ခံလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service