ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
3562 Views

ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ

ကမ္ဘာကျော်တေးသံရှင်စုံတွဲဖြစ်သော ဘီယွန်းဆေးနှင့် ဂျေးဇက်တို့သည် နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူလိုက်ကြကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နယူးယောက်မြို့အရှေ့တောင်ဘက်ရှိ အရှေ့ဟမ့်ပ်တန်တွင် ဝယ်ယူလိုက်ကြခြင်းဖြစ်ပြီး ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီးစတီဗင် စပီးဘတ်၊ ဘီလျံနာသူဌေးကြီး ရော်နယ် ပီရဲလ်မန်းတို့လည်း အခြေချနေထိုင်လျက်ရှိသော ဒေသဖြစ်သည်။

သို့ရာတွင် ဒေသခံအိမ်နီးချင်းများသည် အသစ်ပြောင်းရွှေ့လာသော ဘီယွန်းဆေးတို့ စုံတွဲကို ယခုနွေရာသီတွင် များစွာမြင်တွေ့ရဦးမည် မဟုတ်သေးချေ။

ဘီယွန်းဆေးတို့စုံတွဲသည် လာမည့်လတွင် ဥရောပသို့ ခရီးထွက်ကာ OTR II tour ဂီတဖျော်ဖြေပွဲကြီးများ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားသည်။

အရှေ့ဟမ့်ပ်တန်အရပ်၊ ဘရိုင်ယာ ပက်ခ်ျလမ်း၊ အမှတ် ၈၁ ရှိ အိပ်ခန်း ၇ ခန်းပါ နေအိမ်သစ်ကို ဘီယွန်းဆေးတို့က ပြုပြင်မွမ်းမံမှု များစွာမလုပ်ခဲ့သေးချေ။

အဆိုပါအဆောက်အအုံကို ၁၉ ရာစု နာမည်ကျော် ဗိသုကာပညာရှင် စတန်းဖို့ဒ် ဝှိုက်က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ပြီး အိမ်ခြံမြေ developer ဂျက်ဖရီ ကိုလီက ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်မှာ မကြာသေး။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေပေါင်း ၁၂၀၀၀ ခန့်ရှိပြီး မြေအကျယ်အဝန်း ၂ ဧကရှိသည်။

၂၀၀၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၉ ဒသမ ၅ သန်း ဖြစ်သည်။

ရောင်းချခဲ့သည့် ပိုင်ရှင်များသည် ယခင်က ကန်ဒေါ်လာ ၃၂ သန်းဖြင့် ကမ်းလှမ်းမှုများကိုပင် ပယ်ချခဲ့ပြီး ဘီယွန်းစေးတို့ဝယ်ယူသောအချိန်တွင်မှ ခေါ်ဈေးအောက်အလွန်နည်းပါးသော ဈေးဖြင့် ရောင်းချခဲ့ခြင်းလည်း ဖြစ်သည်။

ဂျးဇက်၏ အမည်ရင်းမှာ ရှောင်ကာတာဖြစ်ပြီး ဟစ်ပ်ဟော့ ဂီတလောကတွင် ထိပ်သီးဖြစ်သည်ဟု သတ်မှတ်ထားကြကာ ဂရမ်မီဆု ၂၀ ကျော် ရရှိထားသည်။ ဇနီးဖြစ်သူ ဘီယွန်းစေးမှာလည်း ဂရမ်မီဆု ၂၂ ကြိမ် ရရှိထားပြီး ကမ္ဘာပေါ်တွင် အရောင်းရဆုံး တေးသံရှင်များတွင် တစ်ဦးအ ပါအဝင်ဖြစ်သည်။

သူမ၏ မကြာမီက ထုတ်လုပ်ခဲ့သော တေးအယ်လ်ဘမ် Lemonade မှာ တစ် ကမ္ဘာလုံးတွင် ချပ်ရေ ၂ ဒသမ ၅ သန်း ရောင်းချခဲ့ရပြီး ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံတွင် အသက် ၅ နှစ်အရွယ် ဘလူးအိုင်ဗီ အမည်ရှိ သမီးငယ်တစ် ဦး၊ မကြာသေးမီက မွေးဖွားခဲ့သော ရူမီနှင့် ဆာအမွှာနှစ်ဦး ထွန်းကားထား သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ဂျေးဇက်နှင့် ဘီယွန်းစေးတို့၏ စုစုေ ပါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသအ ၁၆ ဘီလီယံဖြစ်သည်ဟု ခန့်မှန်း ထားသည်။

ဘီယွန်းစေးနှင့် ဂျေးဇက်တို့သည် ဥရောပ OTR II tour ဂီတဖျော်ဖြေပွဲ ခရီးစဉ်မတိုင်မီတွင် ၎င်းတို့ပိုင်ဆိုင်ထားသည့် စံအိမ်တစ်လုံးဖြစ်သော လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ စံအိမ်ကြီးကိုလည်း ပြီးခဲ့သော ဧပြီလကုန်ပိုင်းက လုံခြုံရေးအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သေးသည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/726898 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဘီယွန်းဆေးနှင့် ဂျေးဇက်တို့ နယူးယောက်မြို့ အရှေ့တောင်ပိုင်းတွင် စတီဗင်စပီးလ်ဘတ် နေအိမ်အနီးရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

Upcoming Property Events

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service