ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
3471 Views

ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ သန်းကျော်ဖြင့် ဝယ်ယူ

ကမ္ဘာကျော် ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ ဒသမ ၅သန်းဖြင့် ဝယ်ယူလိုက်ကြသည်။

အဆိုပါ ဝယ်ယူမှုသည် ဘရွတ်ကလင်းသမိုင်းတွင် ဈေးအကြီးဆုံးဝယ်ယူမှုများမှ တစ်ခုအဖြစ် မှတ်တမ်းဝင်သွားကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၈၀၀၀ ခန့်ရှိပြီးနာမည်ကျော် လေဘာတီရုပ်တုကြီးနှင့် မန်ဟက်တန်အောက်ပိုင်းကို ကောင်းစွာတွေ့မြင်ရသည့် မြင်ကွင်းများ ပိုင်ဆိုင်ထားသည့်နေရာ ဖြစ်သည်။

ရောင်းချသူများမှာ Goldman Sachs မှ အမှုဆောင်တစ်ဦးဖြစ်သော တင်မသီ အင်ဂရာစီယာနှင့် ဇနီးဖြစ်သူ စတက်ဖနီတို့ ဖြစ်ကြသည်။

အင်ဂရာစီယာတို့ ဇနီးမောင်နှံက ၂၀၀၆ ခုနှစ်အတွင်းက ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၀ ဒသမ ၇၅ သန်း ပေးခဲ့ရသည်ဟု ဆိုသည်။

ဂျနီဖာ ကွန်နယ်လီသည် အမေရိကန် ရုပ်ရှင်မင်းသမီးဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် မွေးဖွားသည်။

ငယ်စဉ်ကတည်းကပင် မော်ဒယ်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် မှုခင်းရုပ်ရှင် Once Upon a Time in America ၌ ပါဝင်သရုပ်ဆောင်ခြင်းမပြုမီ မဂ္ဂဇင်း၊ သတင်းစာနှင့် ရုပ်သံကြော်ငြာတို့တွင် ပါဝင်ခဲ့သည်။

ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် လူပြောအများဆုံးမှာ ၁၉၉၈ တွင် ထုတ်လုပ်ခဲ့သည့် သိပ္ပံဇာတ်ကား Dark City နှင့် ဘိန်းဖြူစွဲနေသူ မာရီယန် ဆေးလ်ဗားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ၂၀၀၀ ပြည့်နှစ်ရုပ်ရှင် Requiem for a Dream တို့ ဖြစ်သည်။

၂၀၀၂ ခုနှစ်တွင်ကား အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ခုဖြစ်သည့် A Beautiful Mind ဇာတ်ကားတွင် အေလီရှာ နက်ရှ်အဖြစ် ပါဝင်သရုပ်ဆောင်ကာ အော်စကာဆုနှင့် ရွှေကမ္ဘာလုံးဆုတို့ ရရှိခဲ့သည်။

ပေါလ် ဘက်တာနီသည် အင်္ဂလိပ်လူမျိုး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၇၁ ခုနှစ်၊ မေလ ၂၇ ရက်တွင် မွေးဖွားသည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ကမ္ဘာကျော်ဇာတ်ကားများမှာ Iron Man (၂၀၀၈), Iron Man 2 (၂၀၁၀), The Avengers (၂၀၁၂), Iron Man 3 (၂၀၁၃), Avengers: Age of Ultron (၂၀၁၅), Captain America: Civil War (၂၀၁၆), နှင့် Avengers: Infinity War (၂၀၁၈) တို့ ဖြစ်သည်။

ပေါလ် ဘက်တာနီ ပါဝင်ခဲ့သည့် ဇာတ်ကားများအနက် စီးပွားရေးအရ အောင်မြင်မှုအရခဲ့ဆုံးမှာ Avengers: Infinity War (ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ)၊ The Avengers (ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ)၊ Avengers: Age of Ultron ( ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ၊ ), Iron Man 3 (ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ၊ Captain America: Civil War (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) နှင့် The Da Vinci Code (ကန်ဒေါ်လာ ၇၅၈ သန်း) တို့ ဖြစ်ကြသည်။

ဘက်တာနီသည် အမေရိကန်သရုပ်ဆောင်မင်းသမီး ဂျနီဖာ ကွန်နယ်လီနှင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ပေါလ် ဘက်တာနီနှင့် ဂျနီဖာ ကွန်နယ်လီတို့ ဇနီးမောင်နှံ နယူးယောက်မြို့၊ ထရွိုင်ဘက်ကာအရပ်ရှိ နေအိမ်ကို ရောင်းချကာ ဘရွတ်ကလင်းရှိ နေအိမ်ကို ၁၅ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

Upcoming Property Events

thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service