ကမ္ဘာ့အကြီးဆုံးဟိန္ဒူရုပ်တု သြဂုတ်တွင် တည်ဆောက်ပြီးစီးတော့မည် - Property News in Myanmar from iMyanmarHouse.com
3376 Views

ကမ္ဘာ့အကြီးဆုံးဟိန္ဒူရုပ်တု သြဂုတ်တွင် တည်ဆောက်ပြီးစီးတော့မည်

Garuda Wisnu Kencana (GWK) သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်
တည်ဆောက်နေသော ကမ္ဘာ့အမြင့်ဆုံးဟိန္ဒူရုပ်တု ဖြစ်သည်။ အမြင့် ၁၂၀ မီတာ (၃၉၃ ပေ) ရှိပြီး လက်ရှိကမ္ဘာ့အမြင့်ဆုံးဟိန္ဒူရုပ်တုဖြစ်သည့် နီပေါနိုင်ငံရှိ အရှင်သျှီဝရုပ်တုထက် ၇၅ မီတာ မြင့်ကာ နယူးယောက်ရှိ လေဘာတီရုပ်တုထက် ၂၇ မီတာ ပိုမိုမြင့်မားမည်ဖြစ်သည်။

GWK အား တည်ဆောက်ရန် ၁၉၈၉ ခုနှစ်ကတည်းက စိတ်ကူးရရှိခဲ့ကြခြင်း
ဖြစ်သော်လည်း ဆယ်စုနှစ်သုံးခုနီးပါးကြာမှ ယခုကဲ့သို့ တည်ဆောက်ပြီးစီး
တော့မည် ဖြစ်သည်။

Garuda ဆိုသည်မှာ အင်ဒိုနီးရှားနှင့် အချို့သောအခြားနိုင်ငံများ၏ သင်္ကေတ
ဖြစ်သည့် စွမ်းအားမြင့်ဒဏ္ဍာရီလာငှက်တစ်မျိုး ဖြစ်သည်။ တည်ဆာက်မှု
ပြီးစီးသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ကမ္ဘာ့ဒုတိယအမြင့်ဆုံးရုပ်တု
ဖြစ်လာမည်ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံးရုပ်တုမှာ တရုတ်ရှိ အမြင့် ၁၄၈ မီတာ
(၄၈၅ ပေ) ရှိသော Spring Temple Buddha ရုပ်တုဖြစ်သည်။

ဘာလီတွင် အောက်တိုဘာ၌ ကျင်းပရန် စီစဉ်ထားသည့် IMG-World Bank
နှစ်ပတ်လည်အစည်းအဝေး မပြုလုပ်မီ နှစ်လအလို သြဂုတ်တွင် တည်ဆောက်ပြီးစီးကာ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့ သြဂုတ် ၁၇ တွင် စတင်ဖွင့်လှစ်မည်
ဖြစ်ကြောင်း သိရသည်။

၎င်း GWK ရုပ်တုနှင့် ရုပ်တုတည်ရှိရာ GWK ယဉ်ကျေးမှုဥယျာဉ်က
ဘာလီကျွန်းသူကျွန်းသားများအတွက် ဝတ်ပြုကိုးကွယ်ရာနေရာတစ်ခုအဖြစ်
ဆောင်ရွက်ပေးကာ ဘာလီသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုကို တိုးမြှင့်ပေးမည်ဟု မျှော်မှန်းထားကြသည်။

အင်ဒီုနီးရှားနိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုမှာ ၎င်းရုပ်တုအား နိုင်ငံခြားသားများ မပါဝင်ဘဲ အင်ဒိုနီးရှားနိုင်ငံသားများချည်းသာ ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကမ္ဘာ့အကြီးဆုံးဟိန္ဒူရုပ်တု သြဂုတ်တွင် တည်ဆောက်ပြီးစီးတော့မည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကြီးဆုံးဟိန္ဒူရုပ်တု သြဂုတ်တွင် တည်ဆောက်ပြီးစီးတော့မည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကြီးဆုံးဟိန္ဒူရုပ်တု သြဂုတ်တွင် တည်ဆောက်ပြီးစီးတော့မည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကြီးဆုံးဟိန္ဒူရုပ်တု သြဂုတ်တွင် တည်ဆောက်ပြီးစီးတော့မည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

Upcoming Property Events

area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service