အိမ်ခြံမြေစည်းမျဉ်းများ ဆက်လက်တင်းကျပ်ထားမည်ဖြစ်ကြောင်း တရုတ်အစိုးရ ထပ်မံထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
3188 Views

အိမ်ခြံမြေစည်းမျဉ်းများ ဆက်လက်တင်းကျပ်ထားမည်ဖြစ်ကြောင်း တရုတ်အစိုးရ ထပ်မံထုတ်ပြန်

အိမ်ခြံမြေကဏ္ဍအပေါ် စည်းမျဉ်းတင်းကျပ်ထားမှုအား ဆက်လက်ထိန်းသိမ်း
သွားမည်ဟု တရုတ်ထိပ်တန်းအိမ်ခြံမြေစောင့်ကြည့်အဖွဲ့က ပြီးခဲ့သည့် စနေ (မေ ၁၉) တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ဒေသဆိုင်ရာ အစိုးရအဖွဲ့များသည် အိမ်ခြံမြေစီမံခန့်ခွဲမှုပန်းတိုင်များကို ဆက်လက်အသက်သွင်းလုပ်ဆောင်သွားပြီး စည်းမျဉ်းစည်းကမ်းများကို မပြေလျော့စေသင့်ကြောင်း တရုတ်အိုးအိမ်နှင့် ကျေးလက်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
ဝန်ကြီးဌာနက အချို့မြို့ပြများတွင် ဈေးမြင့်တက်မှုများကို သတိပြုမိပြီးနောက် ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသည် ၎င်းဝန်ကြီးဌာနက အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ၁၀ ရက်အတွင်း ဒုတိယအကြိမ်မြောက် ဖွင့်ဟလိုက်ခြင်းလည်း ဖြစ်သည်။

ထိုဝန်ကြီးဌာနက မတ်လက ချိန်သူမြို့နှင့် ထိုက်ယွမ်မြို့တို့တွင် အိမ်သစ်နှင့် အိမ်ဟောင်းဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် ၎င်းမြို့များမှ အစိုးရအဖွဲ့ အဖွဲ့ဝင် အကြီးတန်းအရာရှိများနှင့် မေ ၉ ၌လည်း အိမ်ခြံမြေဈေးကွက်စည်းမျဉ်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

အိမ်များသည် နေထိုင်ရန်အတွက် ဖြစ်ပြီး ဈေးကစား၍ စီးပွားရှာရန်အတွက် မဟုတ်ဟု ဝန်ကြီးဌာနက မေ ၁၉ တွင် အဆိုပြုကာ တာဝန်ရှိသူများအား အိမ်ဈေးများအား တည်ငြိမ်ဈေးခြင်းဖြင့် အိမ်ခြံမြေဈေးကွက်ကို ကျန်းမာဖွံ့ဖြိုးတည်ငြိမ်စေရေး တိကျသောစီမံချက်များ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ဝန်ကြီးဌာနက ရှီအန်းနှင့် ဟိုင်ကိုးအပါအဝင် အခြားမြို့ကြီး ၁၀ မြို့မှ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်လည်း အိမ်ခြံမြေဈေးကွက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ မကြာသေးမီက တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

တရုတ်တွင် ဟော့နေသော အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း မြို့ကြီး ၂၂ မြို့၌ ဒေသဆိုင်ရာ အစိုးရများက လူတစ်ဦးစီ၏ အိမ်ဝယ်ယူခွင့်
အရေအတွက်ကန့်သတ်မှု၊ အိမ်ဝယ်ယူမှုတွင် လက်ငင်းပေးချေရမည့် ငွေပမာဏကို တိုးမြှင့်လိုက်ခြင်း၊ ဒုတိယအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်း
ပေးချေရမည့် ငွေပမာဏတိုးမြှင့်ခြင်းနှင့် နိုင်ငံခြားသားဝယ်လက်များအား အိမ်ဝယ်ယူမှုစည်းကမ်းတင်းကျပ်ခြင်းတို့အပါအဝင် အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုထိန်းချုပ်ရေး စည်းမျဉ်းတင်းကျပ်မှုများစွာကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းကတည်းက ပြုလုပ်လာခဲ့သည်။ အစောဆုံးအဖြစ် ရှန်ဟိုင်းတွင် ၂၀၁၆ ခုနှစ် မတ်လကုန်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းထိန်းချုပ်မှုများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဟန့်အတား
ဖြစ်စေနိုင်သည်ဟု ဝေဖန်မှုများ ရှိနေသည်။ သို့သော်လည်း တရုတ်အစိုးရသည် အိမ်ခြံမြေဈေးများ မြင့်တက်မှုကို ထိန်းချုပ်ရန် ဆက်လက်လုပ်ဆောင်နေသဖြင့် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများကို လာမည့် ၆ လမှ ၁၂ လအတွင်း ဖြေလျော့ပေးနိုင်ဖွယ်မရှိသေးကြောင်းလည်း ဈေးကွက်လေ့လာသူများက သုံးသပ်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go

Upcoming Property Events

bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service