မသမာသော အိမ်ခြံမြေသက်သေခံစာရွက်စာတမ်းများ လိမ်လည်ရောင်းချမှုများဖြစ်ပေါ်နေ - Property News in Myanmar from iMyanmarHouse.com
4452 Views

မသမာသော အိမ်ခြံမြေသက်သေခံစာရွက်စာတမ်းများ လိမ်လည်ရောင်းချမှုများဖြစ်ပေါ်နေ

မမှန်မကန် အိမ်ခြံမြေစာရွက်စာတမ်းများလိမ်လည်ရောင်းချမှုများရှိနေသောကြောင့် ဂရုစိုက်ရန် လိုအပ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကသတိပေးပြောကြားသည်။

အထူးသဖြင့် ပါမစ်အတု ဂရန် အတုများဖြင့် လိမ်လည်ရောင်းချမှုများ ဈေးကွက်အတွင်းများပြား လာသောကြောင့် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ဆိုသည်။

ပါမစ် အတု ဂရန် အတုများသည့် အစစ်နှင့် ခွဲခြားရန် ခက်ခဲလာပြီး အိမ်ခြံမြေ ဝယ်ယူသူများအနေဖြင့် ကျွမ်းကျင်သူများနှင့် တိုင်ပင်စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်း တရားဥပဒေရှေ့နေ ဦးမြင့်မောင် ကပြောပြသည်။

ထို့ကြောင့် အရောင်းအဝယ်ပြုလုပ်နေစဉ် မသကာင်္သည့် သဘောဖြစ်လာပါက သက်ဆိုင်ရာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးမှုဦစီးဌာန ၊ စည်ပင်သာယာရုံးများတွင် သွားရောက်စစ်ဆေး သင့်ကြောင်း ၄င်းကဆိုသည်။

အိမ်ခြံမြေများ ဝယ်ယူသည့် အခါ အဆင့်လိုက်လုပ်ဆောင်ပြီးမှသာ လုပ်ဆောင်သင့်သော်လည်း အများစုက လွယ်ကူစွာ စနစ်တကျ စစ်ဆေးဝယ်ယူမှု မရှိကြကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

ယခုကဲ့သို့  ဂရန် အတု ပါမစ်အတုများကို လုပ်ဆောင်နေမှုများအပေါ်တိုင်တန်းမှုများမရှိသောကြောင့် ပိုမို ကြီးထွားလာခြင်းဖြစ်ကာ သက်ဆိုင်ရာမှ အချိန်မှီ ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

Upcoming Property Events

mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service