ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ စည်ပင်ပိုင်မြေများကို ငှားရမ်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
11931 Views

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ စည်ပင်ပိုင်မြေများကို ငှားရမ်းမည်ဟုဆို

ရန်ကုန်ဆင်ခြေဖုံးမြို့ နယ်များတွင် တစ်စတုရန်းမီတာ လျှင်အနည်းဆုံးဈေး ကန်ငါးဒေါ် လာ၊ တစ်ဧကကျပ် ၆၇၀,၀၀၀ သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံသူ များကို မြေရှာပေးမည်ဟုရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေး မှူး ဦးသန်းကပြောသည်။

ရင်းနှီးမြှုပ်နှံလိုသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ စီမံခန့်ခွဲမှုမြေပေါ် တွင် ရင်းနှီမြှုပ်နှံလိုပါက အကျိုး တူလုပ်ကိုင်နိုင်သလို အထက်ပါ ဈေးဖြင့်ငှားရမ်းနိုင်ကြောင်း ၎င်း က ပြောသည်။

‘‘ဒီဟာက ဈေးနှုန်းမကြီးပါ ဘူး။ ဒီအာဆီယံ၊ အာရှနိုင်ငံတွေ မှာ အထူးသဖြင့် တရုတ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့မှာ ဈေး နှုန်းတွေက ဒီထက်များပါတယ်။ အာဆီယံနိုင်ငံ ဒီနားလေးကထိုင်း တို့၊ ကမ္ဘောဒီးယားတို့၊ လာအိုတို့ ဆိုရင်လည်းပဲ အခုဒီသတ်မှတ် လိုက်တဲ့နှုန်းထက် သိပ်မကွာပါ ဘူး’’ ဟု ဦးသန်းက ပြောကြားသည်။

ဆင်ခြေဖုံး မြို့နယ်များသည် ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင် သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်လေးမြို့နယ်တို့ ဖြစ် ပြီး အနည်းဆုံးဈေးသည်တစ် စတုရန်းမီတာလျှင်ငါးဒေါ်လာနှင့် အမြင့်ဆုံးဈေး ၁၃ဒေါ်လာသတ် မှတ်ထားကြောင်းဦးသန်းကပြော သည်။

မြို့တွင်းဖြစ်သည့် ပန်းဘဲ တန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်း၊ ဗိုလ်တ ထောင်၊ ပုဇွန်တောင်၊ ဒဂုံ၊ စမ်း ချောင်း၊ ဗဟန်း၊ မင်္ဂလာတောင် ညွှန့်၊ တာမွေ၊ ရန်ကင်း၊ ကမာ ရွတ်၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ် တို့တွင် တစ်စတုရန်းမီတာလျှင် ငှားရမ်းခဒေါ်လာ ၄၀ (တစ်ဧက ကျပ် ၅၃သိန်းကျော်) သတ်မှတ် ထားကာထိုနေရာများ၌ လုပ် ငန်းလုပ်ရန်မြေ အလွန်နည်းသွား ပြီဖြစ်ကြောင်း ဦးသန်းကပြော သည်။

အဆိုပါမြေဈေးများသည် စည်ပင်သာယာရေး ကော်မတီ စီမံမှုအောက်တွင်သာရှိသည့် မြေ များဖြစ်ပြီး ပြင်ပ၌အဆိုပါနှုန်း ထက်ပိုမိုများကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံမှုအောက်တွင် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်၌သုံးဧကအောက်မြေကွက် ၁၂၀ နှင့် သုံးဧကအထက် ၂၉ ကွက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင်တိုင်းအစိုးရ စီ မံမှုအောက်ရှိ စက်မှုဇုန် ၁၁ ခု တွင် မြေဧက ၁၁,၇၀၀ ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ထုတ်ပြန်ထား သည်။

ရင်းနှီးမြှုပ်နှံလိုသူများအနေ ဖြင့်မြေ၀ယ်ယူလိုပါက ရွှေပြည် သာမြို့နယ်ဝါးတစ်ရာတွင် တစ် ဧကလျှင် ကျပ်သိန်းတစ်ထောင် ပေါက်ဈေးရှိကြောင်း၊ မှော်ဘီ မြောင်းတကာတွင် တစ်ဧကလျှင် ကျပ်သိန်း ခုနစ်ရာပေါက်ဈေးရှိ ကြောင်း ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြော သည်။

‘‘၀ယ်ချင်ရင်ဝယ်လို့ရတယ်။ ကျူးကျော်ပြဿနာတော့ ကိုယ့် ဘာသာရှင်းရမယ်’’ ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းရှိမြေဈေးကြီး မြင့်မှုကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်အောင် ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

Upcoming Property Events

thukha-garden-residence
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service