စစ်တွေမြို့တွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပြီးစီး၍ မကြာမီ ရောင်းချပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
4012 Views

စစ်တွေမြို့တွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပြီးစီး၍ မကြာမီ ရောင်းချပေးသွားမည်

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရခိုင် ပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့အငှားအိမ်ရာ များနှင့် တန်ဖိုးနည်းအိမ်ရာတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

''နိုင်ငံ့ဝန်ထမ်းတွေအတွက် ဆောင်ရွက်ပေးမှုအခြေ အနေကတော့ အခုအစိုးရလက်ထက် နှစ်နှစ်တာကာလ အတွင်းမှာပဲ တိုက်အလုံး ၃ဝ၊ အခန်းပေါင်း ၄၂၂ ခန်း ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ရခိုင် ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပါတယ်၊ ၁၇ မြို့နယ်မှာ နိုင်ငံ့ဝန်ထမ်းတွေနေဖို့အတွက် ၁၄ မြို့နယ်မှာဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ပုဏ္ဏားကျွန်း၊ ဂွနဲ့ အမ်းမြို့နယ်တွေမှာ ကျန်ပါသေးတယ်၊ ဒီသုံးမြို့နယ်ကို နောက်နှစ်တွေမှာ တင်ပြပြီးတော့ ဆောက်လုပ်သွားမှာဖြစ်ပါတယ်'' ဟု ဦးရွှေဝင်းက ပြောသည်။

''နောက်တစ်ခုက အငှားအိမ်ရာဖြစ်ပါတယ်၊ အငှား အိမ်ရာကို စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှာ လေးခန်းတွဲ ခြောက်ထပ်တစ်လုံး၊ ရှစ်ခန်းတွဲ ခြောက်ထပ်တစ်လုံး တည်ဆောက်နေပါတယ်၊ အခန်းအနေနဲ့ကတော့ စုစုပေါင်း ၇၂ ခန်းဖြစ်ပြီး အခုဆိုရင် ၉၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ပါတယ်၊ တည်ဆောက်ပြီးရင် ဝန်ထမ်းတွေလည်း ပါပါမယ်၊ အငြိမ်းစားယူပြီး အိမ်ရာမဝယ်နိုင်တဲ့ သူတွေ လည်းပါပါမယ်၊ ပြည်သူလူထုတွေထဲက အိမ်ရာမဝယ်နိုင်တဲ့ သူတွေလည်းပါမယ်၊
ငှားရမ်းခကလည်း အစိုးရအနေနဲ့ ၂ဝဝဝဝ၊ ၃ဝဝဝဝ ကြားထဲမှာပဲ ငှားရမ်းပေး နိုင်ဖို့ စီစဉ်ထားပါတယ်၊ စည်းကမ်းချက်တွေက လျှောက်လွှာမှာပါပါတယ်၊ အိမ်ရာဝယ်ယူနိုင်မှုမရှိရဘူး၊ သူတို့ရဲ့ ဝင်ငွေတွေပြရမယ်၊ တခြားနေရာမှာ ငှားရမ်းနေထိုင်သူဖြစ်ရမယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။

''တန်ဖိုးနည်းအိမ်ရာကတော့ ဒီအစိုးရလက်ထက်မှာ မြေတန်ဖိုးကို အစိုးရက ခံပါတယ်၊ ဒါ့အပြင် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ထရန်စဖော်မာတွေကို အစိုးရက လုပ်ပေးပါတယ်၊ အစိုးရ က အဆောက်အအုံဆောက်လုပ်တဲ့ ကုန်ကျစရိတ် တန်ဖိုးလောက်ပဲ ယူတဲ့အခါ ကျတော့ တော်တော်နည်းတယ်လို့ ပြောလို့ရပါတယ်၊ ခြောက်ခန်းတွဲ သုံးထပ် လေးလုံး တည်ဆောက်ပြီးပါပြီ၊ အခန်းက ၇၂ ခန်း ဖြစ်ပါတယ်၊ မြေညီထပ် ဆိုရင် သိန်း ၂၂ဝ၊ အပေါ်ဆုံးထပ်ဆိုရင် သိန်း ၁၆ဝ သတ်မှတ်ထားပါတယ်၊ လျှောက်လွှာတွေ လက်ခံရရှိပြီးဖြစ်ပါတယ်၊ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ပြည်သူလူထုဆိုပြီး လျှောက်လွှာသုံးမျိုးနဲ့ ခေါ်ယူထားပြီး စိစစ်ပြီးပါပြီ၊ ငွေသွင်း တဲ့စနစ်ကိုလည်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ငွေကျတော့ တစ်လုံးတစ်ခဲတည်းသွင်းနိုင်သူက သွင်းပေါ့၊ မသွင်းနိုင်တဲ့သူကျ တော့ တိုက်ခန်းရဲ့ ၃ဝ ရာခိုင်နှုန်းကို သွင်းရပါမယ်၊ ကျန်တဲ့ငွေတွေကို ဘဏ်က နေတစ်ဆင့် ရှစ်နှစ် သို့မဟုတ် ၁၂ နှစ်အတွင်းမှာ အရစ်ကျပေးသွင်းရမှာ ဖြစ်ပါတယ်''ဟု ¤င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ပြည်သူများ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်မှ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit: The Mirror
စစ်တွေမြို့တွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပြီးစီး၍ မကြာမီ ရောင်းချပေးသွားမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

Upcoming Property Events

bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service