အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
3931 Views

အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ်

အိန္ဒိယနိုင်ငံ၏ လေကြောင်းပျံသန်းရေးဈေးကွက်သည် ကမ္ဘာပေါ်တွင် အမြန်ဆန်ဆုံးခြေလှမ်းဖြင့် ချဲ့ ထွင်လာလျက်ရှိနေချိန်တွင် ယခုအခါတွင်လည်း လေဆိပ်ပေါင်း ၁၅၀ မှ ၂၀၀ အထိ ထပ်မံဆောက်လုပ်သွားရန် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၃၅ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လက်ရှိအားဖြင့် အိန္ဒိယတွင် လေဆိပ်ပေါင်း ၁၀၀ ဝန်းကျင်ရှိသည်။

ယခုစီမံကိန်းအတွက် ကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ကုန်ကျဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး အများစုကို ပုဂ္ဂလိကကဏ္ဍမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြမည်ဟု မျှော်လင့်ထားသည်။

ရင်းနှီးမြှုပ်နှံမည့်သူများကို ဆွဲဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမည့်သူများ အမြတ်အစွန်းအများအပြားရရှိစေရန် သေချာစေမည့် မူဝါဒများ ရေးဆွဲသွားရန် အိန္ဒိယအစိုးရက ရည်မှန်းထားသည်။

“လာမယ့် ၁၅ နှစ်ကနေ နှစ် ၂၀ အတွင်း အိန္ဒိယမှာ လေဆိပ် ၁၅၀ ကနေ ၂၀၀ ကြားရှိသင့်ပါတယ်။ လာမယ့် ၁၂ လလောက်ဆိုရင် ကျွန်တော်တို့ဆီမှာ လုပ်ငန်းလည်ပတ်နိုင်တဲ့လေဆိပ်ပေါင်း ၁၃၁ ခုရှိလာမှာဖြစ်ပါတယ်” ဟု ပြည်တွင်းလေကြောင်း ဝန်ကြီး ဂျာယန့် ဆင်ဟာက ပြောကြားသည်။

အဆိုပါကိန်းဂဏန်းတွင် အချို့ သော လေဆိပ်များမှာ လက်ရှိအားဖြင့် စတင်ဆောက်လုပ်နေပြီလည်း ဖြစ်သည်။

တရုတ်၊ နီပေါ၊ ဘူတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော Sikkim ပြည်နယ်တွင် ယခင်က လေဆိပ်တစ်ခုမျှ မရှိခဲ့။ အဆိုပါပြည်နယ်၏ မြို့ တော် Gangtok သို့ သွားရောက်မည့် ခရီးသွားများသည် အနီးဆုံးလေဆိပ်ဖြစ်သော အနောက်ဘင်ဂေါပြည်နယ်၊ Bagdogra လေဆိပ်မှတစ်ဆင့် ၄ နာရီကျော်ကြာ ကားစီးရသည်။ ယခုအခါ မကြာမီတွင် လေဆိပ်တစ်ခု ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။

Gangtok မြို့ တော်အနီးတွင် Pakyong အမည်ဖြင့် လေဆိပ်သစ်တစ်ခု ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ပြီး လာမည့် ဇွန်လတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

ယင်းလေဆိပ်မှတစ်ဆင့် အနောက်ဘင်ဂေါပြည်နယ်၏ မြို့ တော် ကိုလ်ကာတားသို့ ဆက်သွယ်ရန် စီစဉ်ထားပြီး လေယာဉ်ဖြင့် ခရီးချိန် ၇၀ မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။

အိန္ဒိယလေကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးသည် စုစုပေါင်း ၁၃၉ သန်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည်။

ယင်းပမာဏမှ ၈၀ ရာခိုင်နှုန်းကျော်မှာ ပြည်တွင်းခရီးသည်များ ဖြစ်ကြသည်။

၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပြည်တွင်းခရီးသွား အမြင့်တက်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဒုတိယနှင့် တတိယနေရာတို့တွင် တရုတ်နှင့် ရုရှားတို့ ရပ်တည်ခဲ့ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

၂၀၁၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အိန္ဒိယ၌ ပြည်တွင်းလေကြောင်းလိုင်း ၇ ခုသာရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်၊ နှစ်လယ်ပိုင်းတွင်မူ ၁၂ လိုင်းအထိ မြင့်တက်လာသည်။

အိန္ဒိယ ပြည်တွင်းလေကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်အတွင်း လေယာဉ်လက်မှတ်နှုန်းထားများ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ရထားဖြင့် ခရီးသွားခြင်းထက် များစွာ ကုန်ကျနေဆဲဖြစ်သည်။

ဒေလီမှ အမီဒါဘက်သို့ သွားမည့်လေကြောင်းခရီးစဉ်တွင် ဈေးအသက်သာဆုံးလက်မှတ်ခမှာ ရူပီးငွေ ၃၀၀၀ (ကန်ဒေါ်လာ ၄၆) ဖြစ်နေပြီး ရထားဖြင့်သွားမည်ဆိုပါက ၄၇၅ ရူပီးသာ ကျသင့်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၆၀ ဘီလီယံအထိ သုံးစွဲကာ လေဆိပ်ပေါင်း ၂၀၀ ခန့်အထိ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

Upcoming Property Events

area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service