ချင်းပြည်နယ်အတွက် လေယာဉ်ကွင်းငယ် ကို ကန်ဒေါ်လာ နှစ်မီလီယံကျော် အသုံးပြုတည်ဆောက်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
5935 Views

ချင်းပြည်နယ်အတွက် လေယာဉ်ကွင်းငယ် ကို ကန်ဒေါ်လာ နှစ်မီလီယံကျော် အသုံးပြုတည်ဆောက်ရန် စီစဉ်နေ

ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင် လိုင်လင်းပီမြို့တွင် ပထမဆုံး လေယာဉ်ကွင်းငယ် များတည်ဆောက်မည်ဖြစ်ကြောင်းဗြိတိန် အခြေစိုက်ဖွံ့ဖြိုးရေးအ ဖွဲ့အစည်း ဖြစ်သည့် Mission Aviation Fellowship Inter-national လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မန်နေဂျာမှ ပြောကြားသည်။

အဆိုပါ လေယာဉ်ကွင်း ငယ်များကို ခန့်မှန်းကုန်ကျငွေ ကန်ဒေါ်လာ ၂ ဒသမ ၂ သန်းသုံးစွဲ တည်ဆောက်မည်ဖြစ်ပြီး Mission Aviation Fellowship International နှင့်Health & Hope Myanmar အဖွဲ့တို့ပူး ပေါင်း၍ ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် လေ ယာဉ်ကွင်းငယ်များ တည်ဆောက် ခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

လေယာဉ်ကွင်းငယ်များ တည်ဆောက်ရန် ၂၀၁၇ ဇူလိုင်တွင် ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီး လက်ရှိ၌ မြေအနေအထား လေ့လာရေး လုပ်ငန်း ဆောင်ရွက်နေကြောင်း၊အောက်တိုဘာတွင် ဆောက်လုပ် ရေးလုပ်ငန်းများစတင်ရန် ရည် ရွယ်ထားပြီး ၂ဝ၂ဝ မေလ၌ လုပ်ငန်း ပြီးစီးရန် လျာထားကြောင်း ၎င်းကပြောသည်။

လိုင်လင်းဒေသဆိုရင် နွေ ခရီးပဲ လမ်းပေါက်တယ်။ မိုးတွင်း ဆို ခရီးသွားလို့ မရဘူးဆိုတော့ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လမ်းပန်းဆက်သွယ်ရေးမှာ အဓိ ကျတယ်။အခုလိုမျိုး လေယာဉ် ကွင်းရှိသွားခြင်းအားဖြင့် ၁၂ ရာ သီလုံး လုံခြုံစိတ်ချရတဲ့ ပျံသန်းမှု၊ ဆက်သွယ်မှုရှိသွားရင် ဒေသရဲ့ လူမှုရေး၊ စီးပွားရေးကို အထောက်အကူပြုစေနိုင်မယ်လို့ ယုံကြည် ပါတယ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဝေးလံခေါင်သီသည့် ကျေး လက်ဒေသဖွံ့ဖြိုးရေး ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ် သဖြင့် လေယာဉ်ကွင်းများ တည်ဆောက်ပြီးချိန်တွင် စီးပွားဖြစ် ပျံသန်းပြေးဆွဲမည် မဟုတ်ဘဲ ဒေသခံပြည်သူများ၏ အရေးပေါ် ကျန်းမာရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ၊ အစိုးရနှင့် နိုင်ငံ့ခေါင်းဆာင်များ သွားလာရေးလွယ်ကူစေရန် ဦးစားပေးပြေးဆွဲမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း လိုင်လင်းပီမြို့သည် ခရီးသွားလာ ရ ခက်ခဲသောမြို့ဖြစ်၍ ယခုကဲ့သို့ လေယာဉ်ကွင်းငယ်တည် ဆောက်ခြင်းသည်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အစီအစဉ်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ စည်ပင်သာယာ ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး မှ ပြောသည်။

အရေးကြီးတာက လေ ယာဉ်ကွင်းငယ် ရှိခြင်းအားဖြင့် တစ်ခုခုအရေးပေါ် ဖြစ်လာရင် သွားရလာရ လွယ်ကူတယ်။ လိုင် လင်းပီတင်မကဘူး ပလက်ဝ၊ ဟားခါး၊ တီးတိန် နေရာတွေမှာ ပါလေယာဉ်ကွင်းငယ်တွေ တည်ဆောက်ဖို့ စီစဉ်နေပါတယ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ ခွင့်ပြု ပါက အခြားတိုင်းနှင့်ပြည်နယ် များရှိ ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင်လည်း လေယာဉ်ကွင်းငယ်များ ထပ်မံတည် ဆောက်ရန် အစီအစဉ်ရှိကြောင်း မှ ပြောကြားသည်။

Mission Aviation Fellowship International အဖွဲ့ သည့် ကမ္ဘာ့တစ်ဝန်း ဝေးလံခေါင်ဖျားဒေသများ ဖွံ့ဖြိုးရေး လေယာဉ်ကွင်းငယ် များအခမဲ့တည်ဆောက်ပေးသည့် အဖွဲ့ဖြစ်သည်။

Credit :7Days Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service