ဒက္ခိဏသီရိ စက်မှုဇုန်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့်စက်မှုလုပ်ငန်းများအတွက် မြေကွက်များ ဦးစားပေးချ ထားပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
5703 Views

ဒက္ခိဏသီရိ စက်မှုဇုန်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့်စက်မှုလုပ်ငန်းများအတွက် မြေကွက်များ ဦးစားပေးချ ထားပေးသွားမည်

ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စက်မှုလုပ်ငန်းများအတွက် မြေကွက်များကို ဦးစားပေးချ ထားပေးသွားမည်ဟု နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က ပြောဆိုထားသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး တွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်း မေး မြန်းသော မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဒက္ခိဏသီရိ အသေးစား နှင့် အလတ်စားစက်မှုဇုန်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် မြေ ၃၄၆.၅၃၂ ဧကအပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မြေကွက်ပေါင်း ၁၀၀ရှိကာ ချထား ရန် မြေကွက် ၄၄ ကွက်ရှိသည်ကို သိရှိရကြောင်း၊ လျှပ်စစ်ဓါတ်အားခွဲရုံနှင့် အခြားအခြေခံအဆောက်အ ဦးများ ဖော်ထုတ်ထားသော်လည်း ချထားပြီးမြေကွက်များအတွင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်သူ အနည်း ငယ်သာရှိကြောင်းဖြင့် အထက်ပါပုဂ္ဂိုလ်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းတင်ပြခဲ့သည်။

အဆိုပါ မြေကွက်များကို ကနဦးဖော်ထုတ်စဉ်က ကျောက်မျက်အလုပ်ရုံများဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့်ပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သော စက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်း၊ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အဆင့်မြင့်သစ် အချောထည်လုပ်ငန်းများအစရှိသော လုပ်ငန်းများကို လျှောက်ထားလာပါက ဦးစားပေးသွား မည်ဟု နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က မေးခွန်းနှင့် စပ်လျှဉ်း၍ ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန့်ဇင်ထွန်း မေးမြန်းသော မေးခွန်းမှာ ဒက္ခိဏသီရိ အသေးစား နှင့် အလတ်စား စက်မှုဇုန်အတွင်း ဖော်ထုတ်ပြီးမြေနေရာများ အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက် ထားပါသနည်း။ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ မည်ကဲ့သို့ ရေးဆွဲထားပါသ နည်း။ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ

Upcoming Property Events

pan-swal-taw
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service