မောင်းသူမဲ့ကားများက အိမ်ခြံမြေလောကအား ပြုပြင်ပြောင်းလဲနိုင် - Property News in Myanmar from iMyanmarHouse.com
4674 Views

မောင်းသူမဲ့ကားများက အိမ်ခြံမြေလောကအား ပြုပြင်ပြောင်းလဲနိုင်

မောင်းသူမဲ့ကားများ ပေါ်ပေါက်လာခြင်းက ပတ်ဝန်းကျင်များအား ရှင်းလင်းသပ်ရပ်စေပြီး မြေယာအသုံးပြုမှုအား ပြန်လည်ဘောင်ခတ် စီမံလိုက်ခြင်းဖြင့် အိမ်ခြံမြေလောကအား နောက်ဆုံးပေါ် ခေတ်အမီဆုံး ဆန်းသစ်တီထွင်မှုဆီသို့ ပို့ဆောင်နိုင်ကြောင်း ဘလွန်းဘတ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မောင်းသူမဲ့ကားများသည် အခြားကဏ္ဌများထက် အိမ်ခြံမြေကဏ္ဌကို ပိုမိုပြုပြောင်းပြောင်းလဲနိုင်ကြောင်း အွန်လိုင်းတက္ကသိုလ် Udacity တွင် မောင်းသူမဲ့စက်မှုနည်းပညာရပ်ကို သင်ကြားနေသော ဒေးဗစ်ဆေးလ်ဗားကလည်း ပြောကြားခဲ့သည်။

Menlo Ventures စီမံခန့်ခွဲမှုဒါရိုက်တာ ဗင်ကီဂျနန်ဆင်က မောင်းသူမဲ့ကားများ တွင်ကျယ်လာသည်နှင့်တစ်ပြိုင်နက် မြို့ပြနေရာများသည် သိသိသာသာ ပြောင်းလဲလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့ပြစီမံကိန်းရေးဆွဲမှုတွင် မောင်းသူမဲ့ကားများက ပြောင်းလဲစေမည့်ပုံစံမှာ မြို့ပြနေရာတိုင်း၌ အချက်အချာနေရာတစ်နေရာ ရှိမည်ဖြစ်သော်လည်း မြို့၏ ဈေးကြီးသော နေရာ၌သာ မဟုတ်ဘဲ မြို့၏ ပိုမိုဈေးပေါသော နေရာများတွင်ပါ ရှိလာမည်ဖြစ်ဟု ဂျနန်ဆင်က ယုံကြည်နေသည်။

ကားပါကင်နေရာများ ပိုမိုနည်းပါးလာစေမည်ဟုလည်း ဂျနန်ဆင်က ပြောကြားခဲ့သည်။ မောင်းသူမဲ့ကားများက ပါကင်နေရာများကို အတိတ်၏ အကြွင်းအကျန်အဖြစ်သာ ကျန်ရှိစေတော့ပြီး ကုန်ကျစရိတ် သက်သာစေနိုင်သည်ဟု သူက ပြောကြားခဲ့သည်။

မောင်းသူမဲ့ကားများ အသုံးပြုမည့်အလားအလာက Developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူများ) နှင့် အိမ်ခြံမြေကုမ္ပဏီများအား သူတို့၏ ပိုင်ဆိုင်မှုများ အသုံးပြုမှုကို ပြန်လည်စဉ်းစားရန် တွန်းအားပေးလာသည်။

ထိုသို့စဉ်းစားရမည့် ကုမ္ပဏီတို့အနက် တစ်ခုမှာ ကမ္ဘာ့အကြီးဆုံးအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် Brookfield Property Partners က ထိပ်ဆုံးမှ အပါအ၀င်ဖြစ်သည်။ ထိုကုမ္ပဏီ၏ အမေရိကန်ရှိ ရှော့ပင်းမောလ် ၁၇၅ ခု သည် က ကားပါကင်နေရာများနှင့် ကားပါကင်အဆောက်အအုံများအတွက် အကြီးဆုံးဧကပမာဏကို အသုံးပြုထားသည်။

ပါကင်နေရာများသည် ကမ္ဘာတစ်ဝန်း အိမ်ခြံမြေလုပ်ငန်းကဏ္ဌတစ်ကြော နေရာယူသိမ်းပိုက်နေဆဲ ဖြစ်သည်။ "မောင်းသူမဲ့ကားတွေအတွက် မြို့ပြလမ်းရဲ့ အခြေခံဒီဇိုင်းနဲ့ အတွေ့အကြုံကို အလွန်လုံခြုံအောင်၊ လမ်းသွားလမ်းလာတွေကို အန္တရာယ်မရှိအောင် ပြုပြင်ပြောင်းလဲလို့ ရပါတယ်" ဟု ဂူဂဲလ်လက်အောက်ခံ ကုမ္ပဏီ Sidewalks Labs ၏ မူဝါဒရေးရာအရာရှိချုပ် ရိုစစ်အဂ္ဂါဝါလာက ပြောကြားခဲ့သည်။ Sidewalks Labs က တိုရွန်တိုအရှေ့ပိုင်းကမ်းနားပိုင်းရှိ ရပ်ကွက်များအား မောင်းသူမဲ့ကားများချည်းသာ ရှိသော ကမ္ဘာ့ပထမဆုံး ရပ်ကွက်များ ဖြစ်လာစေရန် စီစဉ်နေသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Upcoming Property Events

area-one-business-complex
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service