သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၇၆၀ အထိရရှိ - Property News in Myanmar from iMyanmarHouse.com
1045 Views

သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၇၆၀ အထိရရှိ

မြန်မာသီလဝါအထူးစီးပွားရေးဇုန်တွင် စုစုပေါင်းရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါးအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးရေးလီမီတက် MJTD ၏ ဇူလိုင် ၁၈ ရက် ကြေညာချက်အရသိရသည်။

အစိုးရသစ်အာဏာသစ်အာဏာယူပြီးနောက်ပိုင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်လာလျက်ရှိပြီး လက်ရှိတွင် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီပေါင်း ၇၃ ခုက ဝင်ရောက်ရင်းနှီးမြုပ်နှံလျက်ရှိသည်။

ရင်းနှီးမြုပ်နှံမှုအများစုမှာ အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာ၊ သံနှင့် သံမဏိ၊ ဓာတ်မြေသြဇာ၊ မော်တော်ကားပစ္စည်းအစိတ်အပိုင်း၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ ပထမဆုံးအထူးစီးပွားရေးဇုန်ဖြစ်သည်။ အခြား ဇုန်နှစ်ခုဖြစ်သော ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များကိုလည်း တည်ဆောက်လျက်ရှိနေသည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service