ကျူးကျော်ပြဿနာဖြေရှင်းရန် စာရင်းပြုစုနေပြီး ကျူးကျော်သူများအတွက်အစိုးရက မြေရအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
1347 Views

ကျူးကျော်ပြဿနာဖြေရှင်းရန် စာရင်းပြုစုနေပြီး ကျူးကျော်သူများအတွက်အစိုးရက မြေရအောင် လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ပြောကြား

ကျူးကျော်ပြဿနာအား ဖြေရှင်းနိုင်ရန် လက်ရှိအချိန်တွင် စာရင်းပြုစုနေကြောင်း နှင့် လက်ရှိအစိုးရသည် ဘူဒိုဇာအစိုးရ မဖြစ်လိုဘဲ ဘ၀တိုးတက်အောင် လုပ်ဆောင်လိုပြီး အခြေအနေကြောင့် ကျူးကျော်ဖြစ်နေရသူများအတွက် အစိုးရတွင် တာဝန်ရှိကြောင်း နှင့် လက်ရှိတွင် အစိုးရက မြေနေရာရအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် စက်မှု ဇုန်(ရန်ကုန်) ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ ရွှေ့ပြောင်းလုပ်သားက အရမ်းများတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မှာပဲ အလုပ်ရှိတယ်။ ဒီတော့ ကျွန်တော်တို့က ပြေလည်အောင် ရှင်းပေးမယ်။ တိုက်ခန်းဆောက်ပြီး ရောင်းပေးမယ်ဆိုရုံနဲ့ မပြေလည်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အဲဒီလောက် ပိုက်ဆံမရှိနိုင်ဘူး။ ပထမတော့ ရပ်ကွက်ထဲမှာ ၅၀၀၀၀ နဲ့ ငှားပြီးနေနိုင်တယ်။ သူငယ်ချင်းငါးယောက် တစ်ယောက် တစ်သောင်းပေါ့။ ကျူးကျော်တဲ ပေါ်လာချိန်မှာ သူတို့က မဆောက်ရဲဘူး။ ငါးသောင်း၊ တစ်သိန်းနဲ့ သွားဝယ်လိုက်တယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့က ဘူဒိုဇာနဲ့ သွားထိုးလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဒီစက်ရုံလုပ်သားတွေက နိုင်ငံ့အတွက် အသုံးတည့်တဲ့သူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ အစိုးရက မြေရအောင် လုပ်ပေးမယ်။ မြေကို ထိုက်တန်တဲ့ အခြေအနေတစ်ခုနဲ့ ညှိနှိုင်းမယ်။ ကျွန်တော်တို့က သူ့ကို အဝေးကြီးသွားထားလို့ မရဘူး။ အဝေးကြီးသွားထားရင် သူတို့က ပြန်ကျူးကျော်လာမယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိ လည်ပတ်နေသည့် စက်ရုံ ၆၀၀ ကျော်ရှိနေပြီး ကျူးကျော်တဲ အရေအတွက်မှာ ၈၀၀၀ ခန့် ရှိနေကြောင်းနှင့် ထိုကျူးကျော်တဲများကြောင့် ကျန်းမာရေးပြဿနာ၊ တရားဥပဒေစိုးမိုးမှု ပြဿနာများ ဖြစ်ပွားစေနိုင်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌက ဆွေးနွေးသည်။

“ကျူးကျော်ကိစ္စကတော့ စာရင်းပြုစုနေပါတယ်။ ကျွန်တော်တို့ ရောချလိုက်တာမျိုး မလုပ်ချင်ဘူး။ တကယ် အလုပ်လုပ်ချင်တယ်။ တကယ် ဘ၀ကို တိုးတက်အောင်
လုပ်ချင်တယ်။ အခြေအနေအကြောင်းကြောင့် ကျူးကျော်နေရတယ်ဆိုရင် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ဘူဒိုဇာအစိုးရ မဖြစ်ချင်ဘူး။ တွန်းထုတ်လိုက်ပြီး ဒီနေရာကနေ နောက်တစ်နေရာ ရောက်သွားတယ်ဆို ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ဒီကိစ္စကို ကျွန်တော်တို့ ရှင်းပေးမယ်။ ကျူးကျော်လိုမျိုးကိစ္စတွေဟာ
အချိန်တစ်ခု ယူပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဖြေရှင်းနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ပိုဆိုးသွားပြီး ပြဿနာကို ပိုကြီးလာမယ့် အခြေအနေမဖြစ်ရပါဘူး။
ရှေးကတည်းက ဆင်းရဲပြီး နေစရာမရှိတဲ့သူတွေက လုပ်စားသူတွေရဲ့ အသုံးချခံဖြစ်နေပါတယ်။ ဒါကို မှန်မှန်ကန်ကန် ဆောင်ရွက်ပါမယ်” ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service