ထိုင်းတွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှု ပေါ်ပေါက်ဖွယ်ရှိပြီးထိုင်းအစိုးရက developer များကိုသတိပေး - Property News in Myanmar from iMyanmarHouse.com
1352 Views

ထိုင်းတွင် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှု ပေါ်ပေါက်ဖွယ်ရှိပြီးထိုင်းအစိုးရက developer များကိုသတိပေး

ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍအချို့ တွင် ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်မည့် အလားအလာ များရှိနေရာ အိမ်ခြံမြေလောကလည်း အပါ အ၀င်ဖြစ်ကြောင်း ထိုင်းဗဟို ဘဏ် ကသုံးသပ်သည်ဟုဘန်ကောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ထိုင်းအစိုးရသည်ယခုအခါတွင် ဘဏ် depositsများစီးဆင်းမှုကိုစောင့်ကြည့်လျက်ရှိပြီးပူဖောင်းပေါက်ကွဲမှုဖြစ်ပေါ်မည့် လက္ခဏာရပ်များကိုသတိပြုလျက်ရှိသည်။
သို့ရာတွင် ၁၉၉၇ ခုနှစ်ကဲ့သို့ ကြီးမားသည့်စီးပွားရေးပူဖောင်းပေါက်ကွဲမှုမျိုး ကြုံတွေ့ရဖွယ်မရှိကြောင်းထိုင်းဘဏ်အကြီးအကဲဗီရာထိုင်းစန်တီပရာဟော့ကပြောကြားသည်။
အိမ်ခြံမြေနယ်ပယ်တွင်လည်းပူဖောင်းပေါက်ကွဲမှု ဖြစ်တန်ရာချေရှိနေကြောင်း ၎င်းက ပြောကြားသည်။

ယင်းကဏ္ဍတွင် ပူဖောင်းပေါက်ကွဲမှုဖြစ်စဉ်ငယ်များပေါ်ပေါက်ခဲ့ပြီးဖြစ်ကာစီးပွားရေးကဏ္ဍအပေါ်မည်သို့ ရိုက်ခတ်မှုရှိသည်ဆိုခြင်းကိုမူအချိန်အတန်ကြာစောင့်ကြည့်ရလေ့ရှိသည်။
“အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်ကွဲမှုက အန္တရာယ်ရှိပါတယ်။ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးအပေါ် ရေရှည်ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်”ဟုဗီရာထိုင်းကပြောကြားသည်။

ထိုင်းအိမ်ခြံမြေကဏ္ဍတွင်ပူဖောင်းပေါက်ကွဲမှုများပေါ်ပေါက်လာနိုင်သည်ဟုခန့်မှန်းချက်များရှိသော်လည်းလက်ရှိထိုင်းစီးပွားရေး ကဏ္ဍကြီးတစ်ခုလုံးအနေဖြင့် ၁၉၉၇ ခုနှစ်ကထက် ခိုင်မာတောင့်တင်းသည့်အနေအထားရှိကြောင်း၊ နိုင်ငံခြားရေတိုချေးငွေမှာလည်းနည်းပါးကြောင်းဗီရာထိုင်းကဆက်လက်ပြောကြားသည်။

လက်ရှိအားဖြင့် အိမ်ခြံမြေပူဖောင်းပေါက်ကွဲမှု ခန့်မှန်းခြင်းများပေါ်ပေါက်ပြီးနောက်ပိုင်းထိုင်းအစိုးရက developer များကိုခေါ်ယူသတိပေးထားသည်။
အမှန်တကယ်ဝယ်လိုအားမရှိဘဲ ကွန်ဒိုများအများအပြားဆောက်လုပ်နေသည့် developer များကိုထိုင်းအစိုးရကအပြင်းအထန် သတိပေးထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service