မြန်မာ့အိမ်ခြံမြေဈေးကွက် ပေါက်ကွဲမထွက်စေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
1713 Views

မြန်မာ့အိမ်ခြံမြေဈေးကွက် ပေါက်ကွဲမထွက်စေဖို့

Knowledge | Posted by Shwe Zin Win

နိုင်ငံတိုင်းမှာ အဲဒီနိုင်ငံရဲ့ရေ၊ မြေ၊ သဘာဝ သယံဇာတတွေကို ယခင်အုပ်ချုပ်ခဲ့သူတွေ က အတ်္တကို ရှေ့တန်းတင်ပြီး နိုင်ငံပိုင် ပစ္စည်းဆိုတဲ့ လွဲမှားတဲ့ အဓိပ်္ပာယ်ဖွင့်ချက်နဲ့ ကိုယ်ကျိုးရှာအတ္တစိတ်နဲ့ ရယူသိမ်းပိုက်လိုက် ကြတဲ့ အာဏာရှင်ပုဂ်္ဂိုလ်တွေနဲ့ အဲဒီ အာဏာရှင်တွေနဲ့ ပေါင်းစည်းပြီး ကိုယ်ကျိုး ရှာကြသူတွေက မိမိနိုင်ငံသားတွေကို မကြည့်ကြတော့ဘဲ ““ငါ့လှေငါထိုး ပဲခူးရောက် ရောက်””၊ ““ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက် ရောက်””၊ ““ဘယ်သူသေသေ ငတေမာပြီးရော”” ဆိုတဲ့ မကောင်းစိတ်တွေမွေးပြီး လုပ်ဆောင် လိုက်ရာကနေ လူနည်းစုက ချမ်းသာ လူများစုက ဆင်းရဲတွင်းနက်လာခဲ့ကြတယ်။

အမှန်ကတော့ ပစ္စည်းသင်္ခါရ၊ လူ သင်္ခါရဆိုတဲ့ မမြဲတဲ့ အနတ္တသဘောတရား တွေကို မသိကြဘဲ လောဘအမှောင်တွင်း သက်ဆင်းခဲ့ကြလို့ဖြစ်တယ်။ စဉ်းစားကြည့် လေ အဲဒီလောဘနဲ့ ရယူပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေတွေ သဘာဝသယံဇာတ ပစ္စည်းတွေက မိမိသေရင် မိမိနဲ့အတူ ယူဆောင်သွားလို့ ရပြီးနောက်ဘ၀မှာပါ ချမ်းသာစေနိုင်လို့လား၊ ဒီလိုအသိဉာဏ် ကင်းမဲ့စွာ စိတ်ကြီးဝင်ပြီး မတော်မတရား ရယူပိုင်ဆိုင်ထားမှုက နောက်ဆုံးမှာ မိမိကို အနက်ဆုံးနေရာကို အရောက်ပို့ ပေးလိုက်မှာဖြစ်တယ်။ အဲဒါကတော့ ဗုဒ္ဓ ဘာသာဝင်တွေ ယုံကြည်ထားကြတဲ့ မကောင်းတာလုပ်ရင် မမှန်တာလုပ်ရင် ရောက်မယ့်နေရာက အ၀ီစိငရဲဆိုတာ ဖြစ်ပါတယ်။

မြေတွေ အိမ်တွေကို ရှိသင့်ရှိထိုက်တာ ထက် ရယူပိုင်ဆိုင်ထားလိုက်တာ အိမ် နေဖို့မရှိကြသူတွေက လမ်းနံဘေးမှာ တဲ ပုတ်တွေထိုး ဒီနေရာမှာ အိပ်၊ ဒီနေရာမှာ ပဲစား၊ ဒီနေရာမှာပဲ အပေါ့အပါးသွားနေ ကြရတယ်။ လှိုင်သာယာကို စာရေးသူ သင်တန်းပေးရင်းနဲ့ ရောက်ခိုက် တွေ့ခဲ့ ရပါသည်။ အိမ်တွေ၊ ခြံတွေ၊ မြေတွေ မတရားရယူပိုင်ဆိုင်ထားခဲ့ကြ သူတွေက မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမယ်ဆိုရင် ဒီလိုပိုင်ဆိုင် ပစ်္စည်းတွေက နိုင်ငံတော်ပိုင်ပြန်ဖြစ်သွား မယ်ဆိုတာ အခြားအာဏာရှင်နိုင်ငံတွေ ရဲ့ ပကတိအခြေအနေကို ကြည့်ရင်သိ နိုင်တယ်။

စာရေးသူအနေနဲ့လည်း အိမ်ခြံမြေ ဈေးကွက်ပေါက်ကွဲမထွက်စေလိုပါ။ အစိုးရ ဆိုတာက သတ်မှတ်သက်တမ်းတစ်ခု အတွင်းမှာ မိမိနိုင်ငံကို အုပ်ချုပ်ဖို့ဒီမို ကရေစီနည်းလမ်းတကျ ရွေးချယ်ထားခံ၊ တာဝန်ပေးခံရတာဖြစ်တယ်။ ဒါကို တစ်လွဲ ဆံပင်ကောင်းပြီး ယာယီကိုင်ဆွဲရရှိထားတဲ့ အာဏာကို ကိုယ်ကျိုးရှာလက်နက်တစ်ခု အဖြစ် အသုံးပြုကြမယ်ဆိုရင်တော့ အိမ် ခြံမြေဈေးကွက်က ပေါက်ကွဲထွက်ပြီး မိမိ နိုင်ငံနဲ့ နိုင်ငံသားတွေကို ဆင်းရဲတွင်း နက်သည်ထက်နက်စေတော့မှာ ဖြစ်တယ်။

စာရေးသူတို့ နိုင်ငံက ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံရေးဦးတည်ချက် (၄)ရပ်၊ စီးပွားရေးဦးတည်ချက် (၄)ရပ်နဲ့ လူမှုရေးဦးတည်ချက် (၄) ရပ်ဆိုပြီး သတ် မှတ်ခဲ့တယ်။ အဲဒီဦးတည်ချက်တွေမှာ အခြားဦးတည်ချက်တွေမှာ အခြားနိုင်ငံ ရေးဦးတည်ချက် (၄)ရပ်နဲ့ လူမှုရေးဦးတည် ချက် (၄) ရပ်ကို မပြောလိုပါဘူး။ စီးပွား ရေးဦးတည်ချက် (၄) ရပ်မှာ မြန်မာလို ဈေးကွက်ဦးတည်ချက်လေးရပ်ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာ ကောင်းပေမယ့် အင်္ဂလိပ်လိုမှာ Proper evolution of market-oriented economy လို့ သုံးလိုက်ရာ မှာ market oriented က ဦးတည်တဲ့အခြေ အနေကို ညွှန်းတာကြောင့် လွတ်လပ်စွာ ပြိုင်ဆိုင်နိုင်တဲ့ ဈေးကွက်စီးပွားရေး ဖြစ် မလာဘဲ ဈေးကွက်ဦးတည်တဲ့ အဆင့်ပဲ ရှိပြီး အဲဒီကနေ ခရိုနီစီးပွားရေးဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ ခရိုနီစီးပွားရေး ဆိုတာက အာဏာရှိသူနဲ့ စီးပွားရေးသမား လူနည်းစုပေါင်းပြီး စီးပွားရေးကို လက်ဝါး ကြီးအုပ်တဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးဖြစ်ပေါ်စေခဲ့တာကြောင့် နိုင်ငံ ပိုင်ပစ်္စည်းတွေ အိမ်ခြံမြေတွေနဲ့ သဘာဝ ပစ်္စည်းတွေ အပါအ၀င် လူနည်းစုပိုင်ဆိုင် မှုတွေအဖြစ် လွှဲပြောင်းရယူသွားခဲ့ကြ တယ်။

အဲဒီလိုဖြစ်ရာမှာ လူနည်းစုက သူတို့ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတစ်နည်း ငွေမဲ တွေကို ငွေဖြူအဖြစ် ပြောင်းလဲမှုတွေကနေ ငွေကြေးဈေးကွက်နဲ့ အိမ်ခြံမြေဈေးကွက် တွေရဲ့ ပူဖောင်းတွေ ပေါက်လုဖြစ်နေတယ်။ အခုလို အိမ်ခြံမြေအပါအ၀င် နိုင်ငံအကျိုး ပြုစေမယ့် ဈေးကွက်တွေမပေါက်ကွဲထွက် စေဖို့ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေ လုပ် ဆောင်ရာမှာ သတိပြုရမယ့်အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရာရာတိုင်းကို ဘယ်လိုလုပ် ဆောင်ရမယ်ဆိုတာ အရင်တွေးပါ။
အပြုသဘောဆောင်အကောင်းမြင် စိတ် ဓာတ်အမြဲရှိပါစေ၊ မိမိလုပ်ဆောင်မှု တွေ အမြဲအောင်မြင်မှုရစေရမယ်ဆိုတဲ့ အတွေးရှိပါစေ၊ အပြုသဘောမဆောင်တဲ့ အကောင်း မြင်စိတ် မရှိတဲ့ ပတ်ဝန်းကျင်ကို သတိထား ကြရမယ်။

၂။ မှန်ကန်တဲ့အတွေးပုံဖော်မှုတွေနဲ့ ဦးတည်ရည်မှန်းချက်တွေကိုသာ ဆုံးဖြတ် ချက်ချရုပ်လုံးဖော်ပါ။
အဓိကက မိမိရုပ်လုံးဖော်မယ့်ရည် မှန်းချက်ပန်းတိုင်ရောက်နိုင်စေမယ့် လုပ် ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော် ကြရမယ်။

၃။ အကောင်အထည်ဖော်ပါ
ရည်မှန်းချက်ပန်းတိုင်တွေကို စာရွက် ပေါ်မှာ တင်ထားရုံမျှမဟုတ်ဘဲ အမှန် တကယ်ပုံဖော်လာအောင် ရုပ်လုံးဖော်ကြ ရမယ်။ စတင်လုပ်ဆောင်ဖို့ မကြောက်ဘဲ ပန်းတိုင်အရောက်လှမ်းကြရမယ်။

၎။ သင်ယူမှုကို ဘယ်သောအခါမျှ မရပ်နားပါနဲ့
သင်ယူမှုက ဘယ်သောအခါမှ ဆုံးခန်း မတိုင်ပါ။ ကျောင်းသင်ခန်းစာတွေနဲ့သာ မဟုတ်ဘဲ စာတွေများများဖတ်ကြရမယ်။ သင်တန်းတွေ တက်ကြရမယ်၊ ကျွမ်းကျင် မှုတွေ ပိုင်နိုင်မှုရှိစေရမယ်။

၅။ လုပ်ဆောင်ရမယ့်အလုပ်တွေကို မရပ်မနားတစ်စိုက်မတ်မတ်လုပ်ဆောင်ကြ ရ၏။ ဘယ်သောအခါတွင်မှ လက်မြှောက် အရှုံးပေးတာမျိုးမဖြစ်စေရပါ။

၆။ အသေးစိတ်ခွဲခြားစိတ်ဖြာနိုင်စေဖို့ သင်ယူကြရမယ်။
ခွဲခြားစိတ်ဖြာနိုင်စေဖို့နဲ့ ခွဲခြားစိတ် ဖြာရာမှာ အမှားအယွင်းမရှိစေဖို့ ရနိုင်သမျှ အချက်အလက်တွေ စုစည်းရယူနိုင်ကြရ မယ်။ အမှားတွေဖြစ်လာရင်တော့ ဘာ့ ကြောင့် မှားတာဖြစ်တာကို စမ်းစစ်ကြ ရမယ်။

၇။ သင့်ရဲ့ အချိန်နဲ့ ငွေအပေါ်မှာ အာရုံစိုက်ရမယ်။
အချိန်က လူတစ်ဦးချင်းစီအတွက် အရေးပါသလို ငွေကြေးကလည်း အရေးပါ တာမို့ အခြားသူတွေရဲ့ လုပ်ဆောင်ချက် တွေကနေ သင့်ကို စိတ်အနှောက်အယှက် မဖြစ်စေဖို့ မိမိလုပ်ငန်းတွေအပေါ်မှာ အားစိုက်လုပ်ဆောင်ကြရမယ်။

၈။ ဆန်းသစ်တီထွင်ဖို့နဲ့ အများနဲ့ မတူကွဲပြားအောင်လုပ်နိုင်စေဖို့ ကြောက် စိတ်ဖယ်ရှားပစ်ကြရမယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုအတိုင်း ဆန်းသစ် တီထွင်မှုတွေ မိမိလုပ်ဆောင်ချက်ကို အများနဲ့ ကွဲပြားအောင် လုပ်ရာမှာ ကြောက်စိတ်မရှိကြရပါ။

၉။ လူတွေနဲ့ထိထိရောက်ရောက် အကျိုး ရှိရှိ ဆက်သွယ်လုပ်ဆောင်ကြရမယ်။
လူတွေက မိမိတစ်ဦးတည်းခွဲခြားနေလို့ မရတာဖြစ်လို့ အခြားသူတွေနဲ့ မှန်ကန် တဲ့ ဆက်နွယ်ပေါင်းစည်းမှုတွေ လုပ်ကြရ မယ်။ အခြားသူတွေကို စိတ်ဓာတ်မြင့်မား အောင်မြင်မှု မြှင့်တင်ပေးကြရမယ်။

၁၀။ ရိုးသားမှုစိတ်ဓာတ်နဲ့ အခြားသူတွေ မှီနိုင် အားကိုးနိုင်သူဖြစ်ရမယ်။
ဒါက နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်ဖြစ်တယ်။ ဒီအချက်ကို ပိုင်ပိုင် နိုင်နိုင်ကျင့်သုံးလုပ်ဆောင်နိုင်မှု မရှိဘဲ အမှတ်စဉ် (၁)ကနေ (၉) အထိကို ရုပ်လုံး ဖော်နိုင်မှာ မဟုတ်ဘူးလို့ ဆိုတယ်။

ဒါကြောင့် စာရေးသူတို့နိုင်ငံရဲ့ အိမ်ခြံ မြေဈေးကွက်တွေ အပါအ၀င် အခြားဈေး ကွက်တွေပါ ပေါက်ကွဲမထွက်စေဖို့ စနစ် တကျ ကျင့်သုံးအကောင်အထည် ဖော်နိုင် ကြဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။ ၊

ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service