အထပ်မြင့် အဆောက်အဦးများတည်ဆောက်ရနခွင့်ပြုမှု Zoning Plan မရှိသဖြင့် စည်ပင် အခက်အခဲများနှင့် ကြုံ - Property News in Myanmar from iMyanmarHouse.com
1635 Views

အထပ်မြင့် အဆောက်အဦးများတည်ဆောက်ရနခွင့်ပြုမှု Zoning Plan မရှိသဖြင့် စည်ပင် အခက်အခဲများနှင့် ကြုံ

အထပ်မြင့် အဆောက်အဦး များတည်ဆောက်ရန် ခွင့်ပြုရာတွင် နေရာ အလိုက်တည်ဆောက်ရန် သတ်မှတ်ထားသည့် (Zoning Plan ) မရှိသဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။ " Zoning plan က ဆွဲတော့ ဆွဲနေတယ် မပြီးသေးတော့ ခွင့်ပြုရတဲ့ အပိုင်းတွေမှာ အများကြီး အခက်အခဲ ရှိတယိ " ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အထပ်နိမ့် လူနေရပ်ကွက်များရှိ သည့် မြောက်ဒဂုံ မြောက်ဥက္ကလာ ကဲ့သို့ နေရာမျိုးတွင် အထပ်မြင့် ဆောက်ရန် လာရောက်တင်ပြခြင်း ရွေတောင်ကြားကဲ့သို့ ရပ်ကွက်မျိုးတွင် အထပ်မြင့် များဆောက်လုပ်ရန် လာရောက်တင်ပြခြင်းတို့ကြောင့် ခွင့်ပြုရန် အခက်အခဲများနှင့်ကြုံတွေ့ နေရကြောင်း သိရသည်။

ရန်ကုန်တွင် အထပ်မြင့် အဆောက်အဦးများခွင့်ပြုခြင်းကို ၄ထပ်မှ ၈ထပ်ခွဲအထိ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ဝန်ကိုယ်တိုင်ပါဝင်သည့် အစည်းအဝေးတွင်ဆုံးဖြတ်၍ တိုင်းဒေကြီး လွှတ်တော်သို့ တင်ပြကာ ခွင့်ပြု မိန့်ပေးလျှက်ရှိသည်။

၈ထပ်နှင့် အထက်ကို မူ အဆောက်အဦးများ စစ်ဆေးကြီးကြပ်ရေးကော်မတီ (CQHP) ထံတင်ပြကာ ဝန်ကြီးချုပ် ခွင့်ပြုချက်နှင့် ချထားပေးနေပြီး စီမံကိန်း ကြီးမားပါက ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြ၍ ခွင့်ပြုပေးနေကြောင်းသိရသည်။

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ နှင့် အဆောက်အအုံဌာနတွင် အဆောက်အဦးများ တည်ဆောက်စဉ် ဘေးပတ်ဝန်ကျင်မှ ကန့်ကွက်မှုများ တရားမဝင် လိုင်စင်မဲ့ ကန်ထရိုက်တာများနှင့် တည်ဆောက်သဖြင့် အငြင်းပွားနေမှုများအား ကန့်ကွက်စာ တိုင်စာများနေ့စဉ် ရာချီ ၀င်ရောက်နေမှုများလဲရှိကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူကဆိုသည်။

အထပ်မြင့် အဆောက်အဦးများတည်ဆောက်ရန် နေရာ အလိုက် သတ်မှတ်မည့် (Zoning Plan ) မှာ လက်ရှိတွင် မြို့ပြစီမံကိန်း ပညာရှင်များရေးဆွဲနေမှုမှာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော်လဲ ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်မှ ပြန်လည် တင်ပြမှု တောင်းဆိုမှု အချို့ကြောင့် ပြင်ဆင်ရေးဆွဲနေသည်မှာ ၂နှစ် ကျော်ကြာမြင့်နေပြီ ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service