တနင်္သာရီတိုင်းဒေသကြီး၌ ကျွန်းဖီလာနှင့် ငခင်ညိုကြီးကျွန်းရှိ မြေဧက ၅၃၀ တွင် ဟိုတယ်တည်ဆောက်ရန် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
2301 Views

တနင်္သာရီတိုင်းဒေသကြီး၌ ကျွန်းဖီလာနှင့် ငခင်ညိုကြီးကျွန်းရှိ မြေဧက ၅၃၀ တွင် ဟိုတယ်တည်ဆောက်ရန် ငှားရမ်း

မြန်မာနိုင်ငံတွင် ကျွန်းစုပေါင်း ၁၀၀၀ ခန့်ရှိသည့်အနက် ကျွန်းစု ၈၀၀ ကျော် ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းစုများတွင် ဟိုတယ်လုပ်ငန်း တည်ဆောက်ရန် စီမံကိန်း ၂၅ ခု တင်ပြထားပြီး အဆိုပါ စီမံကိန်း ၂၅ ခုအနက် ကျွန်းဖီလာနှင့် ငခင်ညိုကြီးကျွန်းရှိ မြေဧက ၅၃၀ တွင် ဟိုတယ်တည်ဆောက်ရန် ငှားရမ်းထားပြီးဖြစ်ကာ ကျန်စီမံကိန်း ၂၃ ခုအား ပြည်ထောင်စု အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြကာ စိစစ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ကျွန်းဖီလာ၊ ငမန်းကျွန်းပေါ်ရှိ မြေ ၅၁၀ ဧကတွင် Mokan & ကျော်ဝင်းဖြိုး
ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ငခင်ညိုကြီးကျွန်း၊ မြိတ်ကျွန်းစုရှိ ဧက ၂၀ အပေါ်တွင် United Hotels & Resort Co,Ltd က လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုအပြင် စမတ်ကျွန်း (ခ) ပါပန့်ကျွန်း၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်ရှိ မြေ ၁၅၀ ဧကပေါ်တွင်
Aquamarine Ecotourism Development Co,Ltd က လုပ်ကိုင်ခွင့် ရရှိရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြထားသည်။

ထို့ပြင် နတ်သမီးရေတွင်း ကျွန်းပေါ်ရှိ မြေ ၄၉ ဧက၊ မီးစိမ်းကျွန်းရှိ မြေ ၅၀ ဧက၊ ခရင်းခွကျွန်းပေါ်ရှိ မြေ ၈၀ ဧက၊ သံကျွန်းလေးတွင် မြေ ၂၁ ဧက၊ ငထွေရူးကျွန်းရှိ မြေ ၃၀၀ ဧက၊ ငလုံးလက်ဖယ်ကျွန်းပေါ်တွင် မြေ ၄၆ ဒသမ ၄၀ ဧက၊ စေတန်ကျွန်းပေါ်ရှိ မြေ ၄၉ ဒသမ ၆၀ ဧက၊ သန္တာနတ်ကျွန်းပေါ်ရှိ မြေ ၄၀ ဧက၊ ဘာလားကျွန်းပေါ်တွင် မြေ ၁၀၀ ဧက၊ ဖိုးနီကျွန်းတွင် မြေဧက ၁၀၀၊ စောင်းကောက်ကျွန်းရှိ မြေ ၂၄၀ ဧက၊ စူငယ်ဘာလိုင်းကျွန်းရှိ မြေ ၁၇ ဧက၊ ညောင်းဦးဖီးကျွန်းပေါ်တွင် ဧက ၁၀၀၊ စူငယ်စနန်းငင်း ကြေးတိုင်ပြင်ကွင်းရှိ ပင်လယ်ကမ်းမြေတွင် ၇၃ ဧက၊ တောဝက်ကျွန်းပေါ်ရှိ ဧက ၅၀ စသည့် မြေနေရာများကိုလည်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် တင်ပြထားပြီး အဆိုပါ စီမံကိန်းများကို ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ စိစစ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

အဆိုပါ ကျွန်းစုများတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် တောင်းဆိုထားသည့် လုပ်ငန်းများအနက် မြေဧကအများဆုံး တောင်းဆိုထားသည့် နေရာများနှင့် ကုမ္ပဏီများမှာ ဒိုမယ်ကျွန်း၊ ကျွန်းစုမြို့နယ်၊ မြိတ်ခရိုင်ရှိ မြေ ၅၅၀၀ ဧကကို Polastric Wint & Partners Legal Services Co,Ltd မှ လုပ်ကိုင်ခွင့် ရရှိရန် တင်ပြထားပြီး မြိတ်အများပိုင် ကုမ္ပဏီက ကတန်ကျွန်း(မြောက်ဘက်ပိုင်း)၊ လငန်းကျွန်း (စောမွန်လှကျွန်း)၊ ကွမ်းသီးကျွန်း၊ မြိတ်ကျွန်းစုများ အပေါ်တွင် မြေ ၄၄၃၆ ဧကကျော်ပေါ်၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် တင်ပြထားသည်။

ထို့ပြင် ဗိုလ်နက်ကျော်ကျွန်းရှိ မြေဧက ၇၀၀ အပေါ်တွင် K Future ကုမ္ပဏီနှင့် လိုဏ်ဂူကျွန်းပေါ်ရှိ မြေဧက ၉၀၀ အပေါ်တွင် KNL Development Infinite Creation ကုမ္ပဏီက ခွင့်ပြုချက် ရရှိရန် တောင်းခံထားကာ နားခိုကျွန်းပေါ်ရှိ မြေဧက ၁၂၀၀ အပေါ်တွင် NKB ကုမ္ပဏီက ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် ဆောင်ရွက်ထား၍ ကော့ရဲကျွန်းပေါ်ရှိ မြေ ၆၇၃၄ ဧကပေါ်တွင် Myanmar Life Hotel Investment ကုမ္ပဏီက ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက် တောင်းခံထားသည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် ဟိုတယ် အလုံးပေါင်း ၂၆ ခု ဖွင့်လှစ်ထားပြီး ကြယ်ငါးပွင့် အဆင့်ရှိ
ဟိုတယ်တစ်လုံးသာရှိကာ ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့်နှင့် ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်များ အများဆုံးဖြစ်နေသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service