သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများ ဒီဇင်ဘာတွင် စတင် ရောင်းချမည် ဖြစ်သဖြင့် အပိုင်း (က) ရှယ်ယာ ရောင်းချမှု ခေတ္တရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
1120 Views

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများ ဒီဇင်ဘာတွင် စတင် ရောင်းချမည် ဖြစ်သဖြင့် အပိုင်း (က) ရှယ်ယာ ရောင်းချမှု ခေတ္တရပ်ဆိုင်း

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ရှယ်ယာများအား ၂၀၁၅ ဒီဇင်ဘာတွင် စတင် ရောင်းချမည် ဖြစ်သဖြင့် ယခင် ရောင်းချခဲ့သော အပိုင်း (က) ရှယ်ယာ ရောင်းချမှုများကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သီလ၀ါ အစုရှယ်ယာများလွှဲပြောင်းခြင်းနှင့် ရောင်းဝယ် ခြင်း၊ မှတ်ပုံတင်ခြင်း ၀န်ဆောင်မှုဌာနမှသိရ သည်။

"သီလ၀ါအထူးစီးပွားရေးဇုန်အများ ပိုင်ကုမ္ပဏီကနေ အပိုင်း(က)အတွက် ရောင်း ချထားတဲ့ ရှယ်ယာတွေကို ရှယ်ယာစရောင်း စဉ်က ၀ယ်ယူထားတဲ့သူတွေက ပြန်ရောင်း မယ်ဆိုရင် သီလ၀ါအစုရှယ်ယာများ လွှဲ ပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံ တင်ခြင်း ၀န်ဆောင်မှုဌာနမှာ အဆိုပြုလွှာ လာတင်ရတယ်။

ဝယ်ချင်တဲ့သူကလည်း အဆိုပြုလွှာ တင်ပြီးဝယ်ရတယ်။ ဒါပေမယ့် အခုက နောက်ထပ် အပိုင်း(ခ) ရှယ်ယာတွေ အတွက် ထုတ်ရောင်းတော့မှာ ဖြစ်တဲ့အတွက် ၀န်ဆောင်မှုဌာနမှာလည်းရှယ်ယာဝယ်ယူ၊ ရောင်းချခွင့်တွေကိုလက်မခံတော့ပါဘူး။ရှယ်ယာဝယ်ယူချင်တဲ့သူတွေအနေနဲ့ဒီဇင်ဘာ၂၀ နောက်ပိုင်းကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်"ဟုသီလ၀ါအစုရှယ်ယာများလွှဲ ပြောင်းခြင်းနှင့်
ရောင်းဝယ်ခြင်း၊ မှတ်ပုံတင် ခြင်း ၀န်ဆောင် မှုဌာန၏တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

သီလ ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီမှ ရှယ်ယာအရေအတွက် ၂ဒသမ ၁၄၅ သန်းကို ရှယ်ယာတစ်စုလျှင် ကျပ်တစ် သောင်းနှုန်း ဖြင့် ၂၀၁၄ ခုနှစ် မတ်လအတွင်း က စတင်ရောင်းချခဲ့သည်။ ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲ ပြုလုပ်ပြီးနောက် ပိုင်းတွင် ရှယ်ယာတစ်စုလျှင်ကျပ်တစ်သောင်း နှုန်းဖြင့် ရောင်းချခဲ့သည့် ရှယ်ယာသည် တစ်စုလျှင် ကျပ်လေးသောင်း ၀န်းကျင်ဖြင့် ဈေးကွက်အတွင်း ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

သီလ၀ါ အစုရှယ်ယာများကို စတင်ရောင်းချကတည်းက ရှယ်ယာရောင်းချရန် လျာထားသည့် အရေအတွက်ထက် ၀ယ်ယူရန် အဆိုပြုသူ အရေအတွက်မှာ နှစ်ဆကျော် များပြားခဲ့သောကြောင့် လျာထားချက်ထက် ပိုလျှံနေသည့် အစုပေါင်း ၁ဒသမ၈သန်းကို ဘဏ်များမှ တစ်ဆင့် ပြန်လည်အမ်းပေးခဲ့ ကြောင်းသိရသည်။

ရှယ်ယာများကို ရောင်းချရာတွင်လည်း ရှယ်ယာအနည်းငယ် ၀ယ်ယူသူကို ဦးစားပေး ရောင်းချခဲ့ပြီး ကျန်ရှိသည့် ရှယ်ယာများမှာ ရှယ်ယာများများ ၀ယ်ယူလို သူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Prorata စနစ်ဖြင့် အချိုးကျ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင် အကောင်ထည် ဖော်ခဲ့ပြီး မြန်မာ-ဂျပန်
ဖက်စပ်လုပ်ကိုင်သည့်ရင်းနှီးမြှုပ်နှံမှု ဖြစ်သောကြောင့် ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်နေသည့်
စီမံကိန်း ဖြစ်ကြောင်း သိရသည်။

Credit: ElevenMediaGroup

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service