ကျေးရွာမြေများ ဂရန်ချပေးမှု ယခု အကွက်ဖော်ရောင်းချသည့် မြေကွက်များနှင့် မဆိုင် - Property News in Myanmar from iMyanmarHouse.com
1160 Views

ကျေးရွာမြေများ ဂရန်ချပေးမှု ယခု အကွက်ဖော်ရောင်းချသည့် မြေကွက်များနှင့် မဆိုင်

ကျေးရွာမြေငှားဂရန်ချ ပေးမှုသည် ယခင်ကတည်းကရှိခဲ့ သည့် ကျေးရွာများရှိ မြေကွက်များအတွက်သာ အကျုံးဝင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောသည်။

အစိုးရက မြို့နယ်တစ်ခုတွင် ကျေးရွာတစ်ရွာကို မြေငှားဂရန် ချပေးသည့် ရှေ့ပြေး အစီအစဉ် ဆောင်ရွက်ခဲ့ပြီးနောက် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကျေးရွာ များသို့ မြေငှားဂရန်ချပေးတော့ မည်ဟု ဆိုသဖြင့် စီးပွားရေးသမား အချို့က စိုက်ပျိုးမြေများကို အ ကွက်ဖော်ကာ တန်ဖိုးနည်း မြေ ကွက်များအဖြစ် ရောင်းချမှုများ တွင်ကျယ်စွာ ဖြစ်ပေါ်နေသည်။

မြေငှားဂရန်ချပေးမည့်အစီ အစဉ်သည် ယခင်ရှိပြီးသားရွာ ဟောင်းများတွင် ပိုင်ဆိုင်မှုအ ထောက်အထားတစ်စုံတစ်ရာမရှိ သောကြောင့် မြို့ပေါ်ရပ်ကွက်များကဲ့သို့ မြေပိုင်ဆိုင်မှုအထောက်အထားရရှိစေရန်သာ ဆောင်ရွက်ပေးခြင်းဖြစ်၍ ယခုမှအကွက်ဖော်ရောင်းချမှု ပြုလုပ်နေသော မြေကွက်များနှင့် သက်ဆိုင်ခြင်းမရှိဟု ၀န်ကြီး ဦးစိုးမင်းက ဆိုသည်။

‘‘အခုလုပ်နေကြတဲ့ မြေကွက်တွေနဲ့ မဆိုင်ဘူး။ အကွက်ဖော် ရောင်းနေတဲ့ သူတွေကိုလည်း သတင်းရရင်ရသလိုခေါ်ပြီး သတိ ပေးပြောတာတွေရှိတယ်။ စိုက်ပျိုးမြေဖြစ်တဲ့အတွက် အိမ်ဆောက် လို့လည်းမရဘူး။ ဌာနဆိုင်ရာမြေ ကျူးကျော်လုပ်စားရင် အရေးယူ တောင်ခံရဦးမယ်။ အခုတရားမ ၀င်ရွာကွက်ဖော်တဲ့ ဟာတွေက ခိုင်မာမှုမရှိလို့ ရွာလုံးကျွတ်တောင် ဖယ်ရှားခံရနိုင်တယ်’’ဟု ၎င်းက ပြောသည်။ ထိုသို့အကွက်ဖော်ရောင်းချမှုကို လှည်းကူးမြို့နယ်တွင်းရှိ ကျွန်းကလေး၊ ငါးဆူတောင်စသည့် ကျေးရွာများနှင့် ရန်ကုန်-နေပြည်တော်အမြန်လမ်းမအနီး မြေကွက်များတွင်ပြုလုပ်မှုအများဆုံးရှိကြောင်း သိရသည်။ မြေကွက်ဈေးနှုန်းမှာ ကျပ်ထောင်ဂဏန်းမှစ၍ ကျပ် ငါးသိန်းခန့်နှုန်း များဖြင့် ခိုင်မာသည့် အထောက် အထားတစ်စုံတစ်ရာပြသနိုင်ခြင်း မရှိဘဲ ရောင်းချမှုများပြုလုပ်နေ ကြကြောင်း ၀ယ်ယူရန် သွားရောက်စုံစမ်းခဲ့သူများက
ပြောသည်။

‘‘သွားဝယ်ကြတဲ့အထဲမှာ ရပ်ကွက်ထဲက လူတွေတော်တော် များများပါတယ်။ တချို့တွေဆို ပွဲ စားကတစ်ဆင့် အလိမ်ခံလိုက်ရ ပြီး မရှိမဲ့ရှိမဲ့ ပိုက်ဆံဆုံးရှုံးသွားတာ တွေတောင်ရှိတယ်’’ဟု ထောက်ကြန့် တိုးချဲ့ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးညီအောင်က ပြောသည်။ထိုသို့ရောင်းချရာတွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းအချို့နှင့် နိုင်ငံရေးပါတီအ ချို့ကလည်း ပါဝင်ပတ်သက်မှုရှိ နေသည်ဟု ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

‘‘အခု သုံးသိန်းခွဲနဲ့ ရောင်းချ နေတယ်။ မရှိဆင်းရဲသားများအ တွက်ဆိုပြီး စရောင်းပေးတုန်းက ကျပ် ငါးသောင်းနဲ့ ရောင်းတာ။ တာဝန်ခံကငွေကို လက်ခံယူပြီး အထောက်အထားတစ်စုံတစ်ရာမ ပေးဘူး။ ကျွန်တော်သွားတဲ့နေ့က လူ ၂၀၊ ၃၀ ကျော် ငွေပေးချေတာ တွေ့တယ်။ နောက်နေ့ကျတော့ အကွက်ပြပေးတယ်။ ပိုင်ဆိုင်မှုက တော့ ဘာမှမပြဘူး။ အခုဆောက် လုပ်ထားတဲ့ ပုံစံတူအိမ်လေးတွေ ၅,၀၀၀ ကျော်လောက်ရှိတယ်’’ဟု လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမအနီး မြေကွက်ဝယ်ယူရန် သွားရောက်စုံစမ်းခဲ့သူတစ်ဦးက ပြောသည်။

ထို့အပြင် လှိုင်သာယာမြို့ နယ်အတွင်း၌လည်း အစိုးရက မြေ ငှားဂရန်ချပေးရန်ရှိသည်ဟု ဆို ကာ ပေ ၂၀×ပေ၄၀ မြေကွက်တစ်ကွက်လျှင် ကျပ် ၁၀ သိန်းမှ ကျပ် သိန်း၅၀ခန့်နှုန်းဖြင့်အကွက်ချ ရောင်းချမှုများ
ဖြစ်ပေါ်နေသည်။

အဆိုပါ မြေကွက်များမှာ အစိုးရက စီစဉ်ဆောင်ရွက်ခြင်းမ ဟုတ်သကဲ့သို့ မည်သည့်အ ထောက်အထားမျှ ထုတ်ပေးမည် မဟုတ်သောကြောင့် ၀ယ်ယူသူ များအနေဖြင့် ဆုံးရှုံးမှုများရှိနိုင် သည်ဟု ဦးစိုးမင်းက ဆိုသည်။

မြေကွက်ဈေးနှုန်းများသည် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော နှုန်းများထက်အဆမတန်သက်
သာနေပြီးဂရန်ရရှိနိုင်သည့် အခွင့်အလမ်းများလည်းရှိသည်ဟုဆိုကာ ၀ယ်ယူစုဆောင်းမှုအများအပြားရှိနေကြောင်း ယင်း ဈေးကွက်မှ သိရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service