လက်ဝါးရိုက်စီမံကိန်း များ လျော့ပါးသွားနိုင်ပြီး အလယ်အလတ် ဆောက်လုပ်ရေး လုပ်ငန်း ငယ်များ ပြန်လည်ဦးမော့လာနိုင်သည့် အခင်းအကျင်းသစ် - Property News in Myanmar from iMyanmarHouse.com
763 Views

လက်ဝါးရိုက်စီမံကိန်း များ လျော့ပါးသွားနိုင်ပြီး အလယ်အလတ် ဆောက်လုပ်ရေး လုပ်ငန်း ငယ်များ ပြန်လည်ဦးမော့လာနိုင်သည့် အခင်းအကျင်းသစ်

လာမည့် ၂၀၁၆ ခုနှစ်ဧပြီလ ၁ ရက်နေ့မှာ စပြီးတာဝန်ယူ လာမယ့် အစိုးရသစ် တစ်နည်းအားဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ပြည်သူ့အဆုံးအဖြတ် နဲ့ တက်လာမယ့် အစိုးရသစ်လက်ထက်မှာတော့ လက်သိပ်ထိုးစီမံကိန်းတွေ ၊ အဂတိ လိုက်စားမှု တွေ ပပျောက်တယ် လို့ပြောလို့မရတောင်မှ အတိုင်းအတာ တစ်ရပ်အထိ လျော့ကျသွားလာနိုင်တယ့် အလားအလားကောင်းတွေ ၊ တာဝန်ယူမှု့ တာဝန်ခံမှုရှိနိုင်တယ့် အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းညွှန်ကြားချက်တွေ ကြောင့် တိုင်းပြည်အပြောင်းအလဲ တစ်ရပ်မှာ ဖြစ်တည်လာနိုင်တယ့် စီးပွားရေး အင်အားစု အသစ်တွေ အလုပ်လုပ်ဖို့ ပြင်ဆင်လာနေသလို ပြည်တွင်းက အလယ်အလတ် တန်းစား ရှိတယ့် အသေးစား အလတ်စာ လုပ်ငန်းလုပ်ကိုင်သူတွေ အကြားမှာလည်းနိုးထမှုတွေ ရှင်သန်လို့လာနေပါပြီ။

နိုင်ငံတကာ ကအလုံးအရင်းနဲ့ ဝင်လာဖို့တာစူနေပြီဖြစ်တယ့် ဆောက်လုပ်ရေး ကုမ္မဏီကြီးငယ်တွေ ကြောင့် ပြည်တွင်းက အလယ်အလတ် အဆင့်ရှိတယ့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ အစိုးရသစ် နဲ့ အတူလက်တွဲ အလုပ်လုပ်နိုင်ဖို့ အတွက် နည်းလမ်းတွေ ရှာဖွေဖို့အပြင် အရှိန်အဟုန်နဲ့ ဝင်လာမယ့် ပြည်ပဆောက်လုပ်ရေး ကုမ္မဏီကြီးတွေ နဲ့ အတူတကွ ပူးပေါင်းလုပ်နိုင်ဖို့ အတွက် အဆင့်မြုင့်ဖို့လိုတယ်ဆိုပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ရဲ့တပ်လှန့် နှိုးဆော်မှုကြောင့် အလယ်အလတ် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အကြားမှာ ဂယက်ရိုက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့က အထူးအစည်းအဝေးမှာ သူတပ်လှန့်နှိုးဆော်လိုက်ရတယ့် အကြောင်းအရင်းရဲ့နောက်ကွယ်က ဖြစ်ရပ်တွေကလည်း အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းသလို သမိုင်းတစ်ကွေ့ရဲ့ကြေးမုံပြင်တစ်ခုကို ထင်ဟပ်သလိုဘဲ မြင်လာမိစေပါတယ်။ လက်ဝါးရိုက်စီမံကိန်း တွေရဲ့နေဝင်ချိန်လည်း ဖြစ်နိုင်သလို အလယ်အလတ် အဆင့်ရှိတယ့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းငယ်တွေ အတွက်လည်း မကြာမီ အာရုံဦးသစ်နဲ့ အတူ ပြန်လည်နိုးထဖို့ အရိပ်လက္ခဏာဘဲ ဖြစ်ပါတယ်။
၂၀၁၀ ကနေ ၂၀၁၅ အခုချိန်ထိ မြန်မာတစ်နိုင်ငံလုံး မှာ ရှိတယ့် တည်ဆောက်ရေး စီမံကိန်းကြီးတွေ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းက လမ်းတံတား စီမံကိန်းကြီး တွေကို ပြန်ကြည့်လိုက်မယ် ဆိုရင် ထင်ရှားကျော်ကြားတယ့် ဆောက်လုပ်ရေး အင်အားကြီး ကုမ္မဏီတွေ ကဘဲ လုပ်ကိုင်ခဲံ့တာ ဖြစ်ပြီး နောက်ထပ်အသစ်တည်ဆောက်နေတယ့် ခုံးကျော်တံတားကြီးလေးစင်းကလည်း သူတိုဘဲ ဖြစ်နေပြန်ပါတယ် ၊ဒီစီမံကိန်းတွေကိုလည်း ၂၀၁၆ မတ်လ ၃၁ ရက်အတွင်း အပြီးသတ်ဖို့ ပြောဆိုထားပြီးဖြစ်ပါတယ်။

လူအင်အား ၊ စက်အင်အား ၊ ငွေကြေးတောင့်တင်းတဲ့ လုပ်ငန်းကုမ္မဏီကြီးတွေ သာ ဒီလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရခဲ့တာဖြစ်ပြီး လုပ်ခွင့်ရတာ နဲ့ တစ်ပြိုင်နက် ဘဏ်တွေက ငွေချေးပြီး တံတားတွေ စီမံကိန်းလုပ်ငနးတွေကို တည်ဆောက်ပါတယ် ပြီးသွားရင် အစိုးရဆီက ဘတ်ဂျတ်နဲ့ အကြွေးပြန်ဆပ်တဲ့ ငါးကြင်းဆီ နဲ့ ငါးကြင်းကြော် ဇတ်လမ်းတွေ သာ တွေ့မြင်ရပြီးဘယ်အင်အားကြီး ကုမ္မဏီက မှ ကိုယ့်ငွေနဲ့ ကိုယ့် စိုက်ပြီးလုပ်တာ မရှိသလောက်ပါဘဲ ။ ဒီထက်ပိုပြီးထူးခြားတာကတော့ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်တယ့် ကုမ္မဏီတွေ စုစည်းဖွဲ့စည်းထားတယ့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဝင် ကုမ္မဏီတွေ ၀င်ရောက်ယှဉ်ပြိုင်တင်ဒါတွေ အပြိုင်တင်သွင်းခဲ့ပေမယ့် ငါးနှစ်တာ ကာလ တစ်ခု အတွင်းမှာ ထင်ရှားတယ့် ဘယ်စီမံကိန်းကိုမှ လုပ်ကိုင်ခွင့်မရခဲ့ပါဘူးလို့ ဦးသာဌေးက အထူးအစည်းအဝေးမှာ ပြောကြားခဲ့သလို လာမည့် အစိုးရသစ်ရဲ့ မြန်ဆန်သွက်လက်တယ့် ဒိုင်းနမစ် အခင်းအကျင်းသစ်တွေကြောင့်လည်း သူတို့လုပ်ငန်းတွေ ပြန်လည်နိုးထလာနိုင်တယ့် မျှော်လင့်ချက် တွေ အသစ်ပြန်ဖြစ်ထွန်းလို့လာစေပါတယ်။

ပြီးခဲ့တယ့် အစိုးရ သက်တမ်း အတွင်း စီမံကိန်းလုပ်ငန်း တွေကို လုပ်ခွင့်ပေးတော့မယ် ဆိုရင် အရင်ဆုံးဒီမိုကရေစီ အစိုးရ လို့ သတ်မှတ်ထားကြတယ့် အတွက် ပွင့်လင်းမြင်သာမှု ရှိတယ့် တင်ဒါ တွေလို့ထင်မြင်ယူဆရအောင် သတင်းစာတွေ ကနေ ခေါ်ပြီး အများပြည်သူကို အသိပေးခဲပေမယ့် တင်ဒါခေါ်ရက်နဲ့ တင်ဒါ ပေးသွင်းရက်တွေ ကပ်ပြီးခေါ်တယ့် အတွက် ပုံမှန်စီမံကိန်းကိုသွားရောက်လုပ်ကိုင်တယ့်သူတွေ အတွက် စီမံကိန်း အဆိုပြုလွှာ တွေ ကို အချိန်မှီအောင်မပြည့်မစုံနဲ့ တင်လိုက်ရတာ တွေရှိသလို မျက်စိကြီးနားကြီး ကုမ္မဏီကြီးတွေ အတွက်ကျတော့ အားလုံးက အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သလို ငွေကြေး အရ၊ လုပ်ငန်းသဘောသဘာဝအရ လည်ခိုင်မာတယ်လို့ ယူဆရတယ့် အတွက်ကြောင့်လည်း ဒီလိုစီမံကိန်းတွေ ရသွားတာ မဆန်းပေမယ့် လူပုဂ္ဂိုလ်ခင်တယ့် ကိစ္စတွေကြောင့်လည်း ပရောဂျက်တွေ ရသွားတယ် လို့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းမှာလည်း ဝေဖန်မှု တွေ ဖြစ်လာသလို ကြိုးကြိုးစားစား နဲ့ အလုပ်လုပ်ပြချင်တယ့် ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေကြားမှာလည်း မယုံကြည်မှုတွေ ဖြစ်လာပါတယ်။

သူတို့က တင်ဒါတော့ ခေါ်ပေးပါတယ် ၊ သူတို့ခေါ်တယ့် အချိန်မှာ စီမံကိန်းကြီးနဲ့ ပက်သက်ပြီး DETAIL PLAN ကြီးတစ်ခုလုံးကို ဆွဲဖို့ ဆိုတာ တော်ရုံတန်ရုံစကေးနဲ့ မရတယ့် အပြင် သတင်းကြိုရထားတယ့် လူတွေ ပြင်ဆင်ချိန်ရတာတွေ လောက်ဘဲ အိုကေပါတယ် ၊ နောက်ဆုံးကျတော့ ငါးယောက်ထက်မပိုတယ့် သူတို့တွေဘဲ စီမံကိန်းတွေ ရသွားတာ အားလုံးအမြင်ပါဘဲ ၊ နောက်တက်မယ့် အစိုးရကတော့ အပြောင်းအလဲ လုပ်ချင်တယ့် ဒိုင်းနမစ်က အရမ်းမြန်တယ့် အတွက် လက်သိပ်ထိုးတာတွေ လျော့သွားမယ်လို့ မြင်မိပါတယ် “” ဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကျော်ကျော်စိုးက လည်း သူ့ရဲ့သုံးသပ်ချက်ကို ပြောပြပါတယ်။

ခေတ်အဆက်ဆက်မှာ စီးပွားရေးကို ချုပ်ကိုင်ထားပြီး မိုနိုပိုလိုက် လုပ်ခဲ့တယ့် အစဉ်အလာ တစ်ခုကနေ ပေါက်ဖွားလာတယ့် အခွင့်ထူးခံတွေ ၊ အီလစ်တွေ ကြောင့် နိုင်ငံစီးပွားရေး နစ်နာခဲ့ရသလို တိုင်းပြည်ရဲ့ လူဦးရေတော်တော်များများနဲ့ ဆပ်စက်နေတယ့် ဆောက်လုပ်ရေး လုပ်ငန်းငယ်တွေ ပါ အခုလို အရောင်းအ၀ယ် မကောင်းတယ့် အချိန်မှာ အရင်းပြုတ်တယ့် သူကပြုတ် ၊ မလျော်နိုင်လို့ ထွတ်ပြေးရတယ့် သူကထွတ်ပြေးနဲ့ အိမ်ရှင်နဲ့ အခန်းဝယ်ထားသူတွေ ရဲ့တရားစွဲဆိုမှု တွေ ကြောင့် နလန်ထူဖို့ တော်တော်အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။

မျှတတဲ့ ဈေးကွက်ယှဉ်ပြိုင်မှု တွေ ၊ ပွင့်လင်းမြင်သာတယ့် တင်ဒါ ရွေးချယ်မှု တွေ အပြင် အလားအလာကောင်းပြီး ချေးငွေတွေကို ဈေးချိုချိုနဲ့ ထုတ်ချေးနိုင်မယ့် နိုင်ငံတကာ ဘဏ်တွေ ဝင်လာတာ နဲ့ အမျှ ပြည်တွင်းဆောက်လုပ်ရေး ကုမ္မဏီတွေ နလန်ထူလာစေမှာ ဖြစ်သလို လက်ဝါး၇ိုက်စီမံကိန်းတွေလည်း အတိုင်းအတာ တစ်ရပ်ထိ လျော့သွားမှာဖြစ်ပါတယ်။
နိုင်ငံတကာ မှာစီးပွားရေး လုပ်မယ်ဆိုရင် အမြတ် ၁၀ ရာခိုင်နှုန်းတောင် ရဖို့ အတွက် အပြိုင်အဆိုင်ယှဉ်ပြိုင်ရတယ့် အချိန်မှာ ပြည်တွင်းဘဏ်တွေကရယူနေတယ့် ၁၃ ကျပ်တိုး ( ၁၂ ကျပ် ဘဏ်ဝန်ဆောင်ခ ၁ ကျပ် ) ကတော့ လက်ရှိဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်တယ့် သူတွေကို ပိုမိုနစ်မွန်းစေသလို ပြည်ပကနေ အတိုးနှုန်းသက်သက်သာသာ နဲ့ ရယူပြီး ပြည်တွင်းမှာ လာရောက်ရင်းနှီးမြုပ်နှံတယ့် ပြည်ပဆောက်လုပ်ရေး ကုမ္မဏီတွေကိုလည်း ဒီလို အတိုးနှုန်းကွာခြားချက်တစ်ခုတည်းမှာတင် အလိုအလျောက် ရှုံးနိမ့်နေတယ့် အပြင် တစ်ချိန်မှာသူတို့ရဲ့လက်ဝေခံ ဖြစ်တယ့် sub com ဘဝ အထိ ထိုးကျ ဆုံးရှုးသွားနိုင်ချေ ရှိပါတယ်။

အစိုးရသစ် အာဏာမရ မီ ယခု အချိန်မှာတောင် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ Korea oversea contruction association တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ထဲက အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ လုပ်ဖို့လာပြီး ညှီနှိုင်းနေတာ ရှိသလို လိုအပ်တယ့် ချေးငွေရရှိဖို့ကိုလည်း korea exim bank ကနေ နှစ်ရှည်အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ပေးနိုင်ဖို့ စတင်ဆွေးနွေးနေပြီဖြစ်တယ့် အတွက် အရေးကြီးဆုံးဖြစ်တယ့် ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်ရဖို့ တော်တော်လည်းကို ညှိနှိုင်းရအုံးမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ကတော့ အစိုးရသစ် လက်ထက်မှာ မူဝါဒကောင်းကောင်းနဲ့ စီးပွားရေးကို တက်ကျွှမ်းနားလည်တယ့် သူတွေ နေရာရလာတာ နဲ့  အမျှ လက်ဝါးရိုက်စီမံကိန်းတွေ ၊ မိုနိုပိုလိုက်လုပ်ထားတယ့် စီးပွားရေးဆိုင်ရာ ထိန်းချုပ်မှုတွေ ကို ဖြေလျော့လာနိုင်မှာ ဖြစ်တယ့် အတွက် ပြည်တွင်းက အလယ်အလတ် နဲ့ အသေးစား လုပ်ငန်းလေး တွေ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ တစ်ကျော့ပြန်လည် နိုးထ လာနိုင်ယ့် မျှော်လင့်ချက် ရောင်ခြည်လေး တွေ သန်းလာ တယ့် အာရုံဦးကို မြင်တွေ့နေရပြီဖြစ်ပါတယ်

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service