ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ပွဲနေ့တွင် အမေရိကန်အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်နှင့် လာရောက်လေ့လာရန် စိတ်ဝင်စားမှုများနေ - Property News in Myanmar from iMyanmarHouse.com
1043 Views

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်ပွဲနေ့တွင် အမေရိကန်အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်နှင့် လာရောက်လေ့လာရန် စိတ်ဝင်စားမှုများနေ

ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်ရန် ပြင်ဆင်နေမှုမှာ ရာခိုင်နှုန်း ၁၀၀ နီးပါး ပြီးစီးနေပြီး ဖွင့်ပွဲနေ့တွင် အမေရိကန်အပါအ၀င် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်နှင့် လာရောက်လေ့လာရန် စိတ်ဝင်စားမှု များပြားနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ မြန်မာ့ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲကို ၂၀၁၅ ဒီဇင်ဘာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ ရန်ကုန်မြို့ မြ၀တီဘဏ်ရုံးချုပ်ဟောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်စတော့အိပ်ချိန်းက မကြာခင်မှာ ဖွင့်တော့မယ်။ ကမ္ဘာကလည်း စိတ်ဝင်စားမှု မြင့်တက်နေတယ်။ ဖွင့်ပွဲနေ့မှာဆိုရင် အမေရိကန်အပါအ၀င် နိုင်ငံတကာက လာချင်နေတာများတယ်။ ထိုင်းနိုင်ငံဆိုရင် ဘယ်လောက်ထိ စိတ်ဝင်စားမှုများလဲဆိုရင် သူတို့ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ၇၆ ယောက်တောင် လာမယ်လို့ ပြောတယ်။ ဒါပေမဲ့ ခန်းမက ၁၅၀ လောက်ပဲ ဆံ့တာဆိုတော့ နိုင်ငံတကာနဲ့ တင်များနေတာ။ မြန်မာနိုင်ငံရဲ့စီးပွားရေးအနေအထားက အလားအလာကောင်းနေတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု အရမ်းများနေတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၈ နိုင်ငံအနက် စတော့အိတ်ချိန်း တည်ထောင်ရခြင်း မရှိသည့်နိုင်ငံမှာ သုံးနိုင်ငံရှိကြောင်း၊ ယင်းအထဲတွင် မြန်မာနိုင်ငံသည် ပါဝင်နေသောကြောင့် စတော့အိတ်ချိန်း ပေါ်ပေါက်ရန်မှာ အရေးကြီးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို စတင်ရာတွင် အများပိုင်ကုမ္ပဏီ ခုနစ်ခုခန့်ဖြင့် စတင်သွားမည်ဖြစ်ကာ စတော့အိတ်ချိန်းစာရင်းဝင်ရန် စံသတ်မှတ်ချက် ၁၇ ချက်နှင့် ပြည့်မီသည့် ကုမ္ပဏီများဖြင့်သာ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်၊ Japan Exchange Group တို့သည် ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်ရန် နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ (Joint Venture) ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းကို ပထမအရစ် အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးမှု ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ်လုပ်ဆောင်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ မြန်မာနိုင်ငံအနေဖြင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service