မြို့ပြသရုပ်ရဲ့အသွင်သဏာန်အောက်မှာ ချုပ်ငြိမ်းသွားတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု - Property News in Myanmar from iMyanmarHouse.com
1446 Views

မြို့ပြသရုပ်ရဲ့အသွင်သဏာန်အောက်မှာ ချုပ်ငြိမ်းသွားတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု

ဆိတ်ငြိမ်ရပ်ကွက်ဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တိတ်ဆိတ်ငြိမ်သက်အေးချမ်းသော ပတ်ဝန်းကျင် ရှိရာ ရပ်ကွက်လို့ ဆိုလိုတာပါ။ ကျွန်တော်တို့ငယ်ငယ်က ဆိတ်ငြိမ်ရပ်ကွက်ဆိုတာထဲမှာ နာမည်ကြီးတာက ရွှေတောင်ကြားလမ်းတို့၊ ၀င်ဒါမီယာတို့၊ အင်းလျားလမ်းတို့လို လူ့မလိုင်တွေနေထိုင်တဲ့ ရပ်ကွက်တွေ ဖြစ်ပါ တယ်။ လူ့မလိုင်တွေဆိုတဲ့အတိုင်းပဲ ချမ်းသာသူအနည်းစုလောက်သာ နေထိုင်ကြတဲ့ ရပ်ကွက်တွေဖြစ်တဲ့ အလျောက် လူသူအရောက်အပေါက်ကလည်း နည်းပါတယ်။ ဒါကြောင့်များအေးချမ်းဆိတ်ငြိမ်သလားလို့ တောင် တွေးမိပါသေးတယ်။ တောင်ဥက္ကလာတို့၊ မြောက်ဥက္ကလာတို့၊ သင်္ဃန်းကျွန်းတို့ဘက်မှာလည်း အေးချမ်း ဆိတ်ငြိမ်တဲ့နေရာတွေရှိပေမယ့် အဲဒီအပိုင်းတွေကိုတော့ ဆိတ်ငြိမ်ရပ်ကွက်လို့သတ်မှတ်တာမျိုး မရှိသေးပါဘူး။

အဲဒီ ဆိတ်ငြိမ်ရပ်ကွက်တွေဟာ ကားစီးနိုင်တဲ့လူတန်းစားတွေ နေကြတဲ့နေရာပီသတဲ့အပြင် ခြံကြီးဝင်းကြီးထဲမှာ ထုထည်ခိုင်ခိုင်ခံ့ခံ့ တိုက်ကြီးတာကြီးတွေကလည်း ခံ့ညားထည်ဝါလှပါတယ်။ ကျွန်တော်တို့ ကြီးပြင်းကျင်လည် ရာ ရန်ကုန်ျြမို့လယ် ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ကျောက်တံတားျြမို့နယ်တွေနဲ့တော့ အပြတ်အသတ် ပေါ့။ ရန်ကုန်ျြမို့လယ်မှာက လူနေထူထပ်တယ်။ တိုက်တွေက တစ်တိုက်နဲ့တစ်တိုက် အကြားအလပ်မရှိနိုင် သလောက် ပူးကပ်ဆောက်ထားကြပြီး တိုက်ခန်းတွေကလည်း ပျားအုံတွေအလား။ ဒါတောင် အဲဒီတုန်းက အမြင့်ဆုံးတိုက်က လေးထပ်။ ဒီ့ထက်မြင့်တဲ့တိုက်မျိုး မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ အကြောင်းတစ်ခု ခုကြောင့် ဆိတ်ငြိမ်ရပ်ကွက်တစ်ခုခုထဲ အမှတ်မထင်ရောက်သွားတဲ့အခါ ကိုယ်နေတဲ့နေရာအပေါ် သိမ်ငယ် စိတ်တွေ ၀င်လာရလောက်အောင် ဆိတ်ငြိမ်ရပ်ကွက်ထဲက တိုက်ကြီးတာကြီး၊ ခြံကြီးဝင်းကြီးတွေက ဖမ်းစား ထားကြတယ်။

အဲဒီလို ဖမ်းစားနိုင်စွမ်းရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်တွေထဲမှာ ဒဂျြုံမို့နယ်လည်း အပါအ၀င်ပဲ။ ဒဂုံမြို့နယ်ဆိုတာ အခု တောင်ဒဂုံ၊ မြောက်ဒဂုံဆိုပြီး တောင်-မြောက် ခွဲထားထားရတဲ့ ဒဂုံမြို့သစ်ကိုပြောတာမဟုတ်ဘူး။ ရန်ကုန်မြို့ လယ်ကောင်တည့်တည့်မှာရှိနေတဲ့ အထင်ကရမြို့နယ်ကို ပြောတာပါ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းကိုကျော်လိုက် ရင် ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့နောက်ကျောကနေ ရွှေတိဂုံစေတီတောင်ဘက်မုခ်အထိ ရောက်သွားတဲ့ ဧရိယာ ကြီးဟာ ဒဂုံမြို့နယ်ပါ။ ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနရုံးတွေ တောက်လျှောက်ရှိနေတာမို့ လူသွားလူလာရှင်းလင်းပါတယ်။ ဘုရားလမ်းဘူတာဘေးက ယောမင်းကြီးလမ်း၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁ ဒဂုံ ရဲ့ဘေးက န၀ဒေးလမ်းတို့အပါအ၀င် အဲဒီတစ်လျှောက် ရပ်ကွက်ဟာ မြို့လယ်နဲ့နီးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ပါပဲ။

ဝင်ဒါမီယာ၊ ရွှေတောင်ကြား၊ အင်းလျားလမ်း၊ အင်းလျားမြိုင်၊ ဘောက်ထော်ပြည်သာယာ အစရှိတဲ့ ဆိတ်ငြိမ်ရပ် ကွက်တွေဟာ မြို့လယ်နဲ့အလှမ်းဝေးတဲ့နေရာတွေမှာ တစ်သီးတခြားတည်ရှိကြတာမှန်ပေမယ့် ဒဂုံမြို့နယ် ဆိတ်ငြိမ်ရပ်ကွက်ကတော့ လမ်းလေးနည်းနည်းလျှောက်လိုက်ရုံနဲ့ မြို့လယ်ကိုတန်းခနဲရောက်နိုင်တဲ့နေရာတွေ ပါ။ အဲဒီအချိန်တွေတုန်းက ဒဂုံမြို့နယ်ထဲမှာ နာမည်ကြီးတာက ယောမင်းကြီးလမ်းပါ။

ယောမင်းကြီးလမ်းဆိုတာ ခုမှပြောင်းလဲသတ်မှတ်လိုက်တဲ့နာမည်ဖြစ်ပြီး ကျွန်တော်တို့ငယ်ငယ် လွန်ခဲ့တဲ့အနှစ်လေးဆယ်လောက်က နာမည်တွင်ခဲ့တာ ယောက်လမ်းလို့ ဖြစ်ပါတယ်။ ယောက်လမ်းမှာနေတဲ့သူဆို အထင်တကြီးနဲ့ မော့ကြည့်ရ လောက်အောင် ဖမ်းစားနိုင်စွမ်းကြီးမားပါတယ်။ ဘုရားလမ်းဘူတာနဲ့ကပ်နေတဲ့နေရာ၊ သမ္မတရုပ်ရှင်ရုံနဲ့ ကပ်နေတဲ့နေရာ၊ ရန်ကုန်ဘူတာကြီးကနေ လှမ်းဝင်လို့ရတဲ့နေရာ၊ ကျားကူးဘုန်းတော်ကြီးကျောင်းကနေလည်း သွားနိုင်တဲ့နေရာ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနောက်ဘက်ကနေ သစ်သားတံတားကြီးကိုကျော်လိုက်ရုံနဲ့ ရောက်နိုင်တဲ့နေရာဖြစ်တဲ့အတွက် တခြားဆိတ်ငြိမ်ရပ်ကွက်တွေထက်စာရင် လူသူအရောက်အပေါက်များတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်တယ်လို့ ပြောရင်လည်း မမှားနိုင်ပါဘူး။
ယောက်လမ်းလောက် လူသိမများပေမယ့် နာမည်ကျော်တဲ့လမ်းတွေကတော့ လန်ကက်စတာလမ်း (ခု နဝဒေး လမ်း) နဲ့ ဆင်းဒဝစ်ခ်ျလမ်း (ခု ဗိုလ်ရာညွန့်လမ်း) တို့ ဖြစ်ပါတယ်။

န၀ဒေးလမ်းနဲ့ ယောမင်းကြီးလမ်းတို့က အပြိုင် လမ်းမကြီးနှစ်ခုပါ။ အဲဒီလမ်းနှစ်ခုကို ဆက်သွယ်ပေးထားတဲ့လမ်းလေးကိုတော့ ပေါင်မုန့်နှစ်ချပ်ကြားက ဒိန်ခဲလို သဘောထားပြီး ဆင်းဒ၀စ်ခ်ျလမ်းလို့ နာမည်ပေးလိုက်တာဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီရပ်ကွက်ထဲမှာ ကျွန်တော်တို့နဲ့ နီးစပ်တာက ဆင်းဒ၀စ်ခ်ျလမ်းဖြစ်ပါတယ်။ ဆင်းဒ၀စ်ခ်ျလမ်း အိမ်နံပါတ် တစ် ဟာ ရှုမ၀မဂ္ဂဇင်းတိုက် တည်ရာနေရာပါ။

ဗိုလ်ချုပ်အောင်ဆန်းဈေးအရှေ့ဘက်တန်းကနေ နောက်ဆုံး ဘက်တန်းအထိ လျှောက်လာလိုက် လမ်းအဆုံးမှာ မီးရထားလမ်းကူး သစ်သားတံတားအဟောင်းကြီးတစ်ခုကို တွေ့မယ်။ အဲဒီတံတားကိုတက်ပြီး ဟိုဘက်လှေကားကနေ ဆင်း၊ တွေ့တွေ့ချင်းတိုက်ဟာ ရှုမ၀တိုက်ပါ။ အဲဒီ တိုက်မှာ သော်တာဆွေ၊ မြသန်းတင့်၊ သာဓု၊ ဆင်ဖြူကျွန်းအောင်သိန်း၊ မင်းကျော် စတဲ့ စာရေးဆရာတွေ ဆုံကြ ပါတယ်။ လန်ကက်စတာလမ်း ခြံအမှတ် ၁၁ မှာနေတဲ့ ဆရာတက်တိုးနဲ့ ဒေါ်နုယဉ်တို့ကလည်း တစ်ခါတလေ လာလေ့ရှိကြဆိုပဲ။

စာသမားဖြစ်တဲ့ကျွန်တော့်အနေနဲ့ ရှုမ၀တိုက်ရှေ့က မကြာမကြာဖြတ်သွားဖူးပေမယ့် ယောင်ပေယောင်ပေနဲ့ပဲ ဖြတ်လျှောက်လှမ်းကြည့်ပေါ့။ ဒါပေမဲ့ ရှုမ၀ကို စာမူသွားပေးတုန်းကတစ်ခါ၊ ကဗျာတစ်ပုဒ်ပါလာလို့ စာမူခ သွားထုတ်တုန်းကတစ်ခါ ဒါပဲ အထဲရောက်ခဲ့ဖူးပါတယ်။ စာမူခသွားထုတ်တုန်းကတော့ ဆရာမြသန်းတင့်နဲ့ လူချင်းတွေ့ဖူးလိုက်ပါရဲ့။ ဒါပါပဲ။

ပြောချင်တာက တစ်ချိန်က ဆိတ်ငြိမ် ရပ်ကွက်ဖြစ်ခဲ့ ဖူးတဲ့ ယောမင်းကြီးလမ်း၊ န၀ဒေးလမ်းနဲ့ ဗိုလ်ရာညွန့်လမ်းတို့ ဟာ ခုချိန်မှာတော့ ဆိတ်ငြိမ်ရပ်ကွက်အဆင့်မဟုတ်တော့တဲ့ ကွန်ဒိုရပ်ကွက်ဖြစ်နေတာပါပဲ။ ခြံကြီးဝင်းကြီးတွေ ထဲမှာ ကွန်ဒိုမီနီယံတိုက်ခန်းကျယ်ကြီးတွေ အပြိုင်းအရိုင်းပေါ်ထွန်းလာခြင်းဟာ တိုးတက်ဖွံ့ဖြိုးလာတဲ့ျြမို့ပြ သရုပ်ကို ဖော်ကျူးရာကျနေပေမယ့် တစ်ချိန်ကရှိခဲ့ဖူးတဲ့ ခံ့ခံ့ထည်ထည် ထုထည်ကြီးကြီး နှစ်ထပ် တိုက်တွေ၊ ခြံကျယ်ဝင်းကျယ်ကြီးတွေထဲက ရေကူးကန်တွေ၊ တင်းနစ်ကုတ်တွေ ပျောက်ကွယ်သွားတာကတော့ နှမြောစရာ လို့ အဲဒီရပ်ကွက်မှာ တစ်ခါမှမနေဖူးခဲ့တဲ့ကျွန်တော် မဆီမဆိုင် တမ်းတနေမိပါတယ်။

ခြံကြီးဝင်းကြီးတွေပျောက် ပြီး အထပ်မြင့် အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတွေ ပေါ်ပေါက်လာခြင်းဟာ လူဦးရေထူထပ်မှုပြသနာကို တစ်ဖက် တစ်လမ်းက လျော့ပါးအောင်ဆောင်ရွက်ပေးနေတာပေမယ့် နှစ်ဆယ့်လေးနာရီ လူသွားလူလာ မပြတ်၊ ရောင်းရေးဝယ်တာ မပြတ်နဲ့ စည်ကား သိုက်မြိုက်နေတဲ့ လူကုံထံရပ်ဝန်းဖြစ်မြဲဖြစ်နေတဲ့ အဲဒီရပ်ကွက်ကလေး ဟာ အရင် တိုက်ပုလေးတွေနဲ့ အိနြေ္ဒရရရှိနေတဲ့ ဆိတ်ငြိမ်ရပ်ကွက်လောက်တော့ ကျွန်တော့်ကို မဖမ်းစားနိုင် ဘူးဆိုတာ ကျွန်တော်ကိုယ်တိုင်ကလွဲရင် ဘယ်သူမှသိနိုင်မှာတော့ မဟုတ်တော့ပါဘူး။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service