ရန်ကုန်မြို့ အထပ်မြင့်လမ်းစီမံကိန်း ဂျပန်အစိုးရကလည်း ကမ်းလှမ်းမှုရှိနေ - Property News in Myanmar from iMyanmarHouse.com
3020 Views

ရန်ကုန်မြို့ အထပ်မြင့်လမ်းစီမံကိန်း ဂျပန်အစိုးရကလည်း ကမ်းလှမ်းမှုရှိနေ

ရန်ကုန်မြို့ အထပ်မြင့် လမ်းစီမံကိန်းအတွက် ဂျပန်အစိုး ရကလည်း ကမ်းလှမ်းမှုများရှိနေ ပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်း ၀န်ဦးကျော်လင်းက ပြောသည်။

လတ်တလောတွင် အဆိုပါ စီမံကိန်းအား ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် Capital Diamond Star Group ကုမ္ပဏီနှင့် ကိုရီးယားကုမ္ပဏီနှစ်ခုတို့မှ လုပ် ကိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြ ထားချိန်တွင် ဂျပန်ကလည်း စိတ် ၀င်စားမှုရှိလာသဖြင့် ယခုကဲ့သို့ ကမ်းလှမ်းလာခြင်းဖြစ်သည်။

‘‘ဂျပန်သံရုံးက ကျွန်တော်တို့ ကို ဆက်သွယ်လာပါတယ်။ စီမံ ကိန်းနဲ့ပတ်သက်ပြီး စိတ်ဝင်တ စား မေးမြန်းတာတွေလည်း ရှိနေ ပါတယ်’’ဟု ဦးကျော်လင်းက 7Day Daily သို့ ပြောသည်။

မြို့တွင်း အထပ်မြင့်လမ်း စီမံကိန်းအား Capital Diamond Star Group (CDSG) ကုမ္ပဏီနှင့် ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်းလုပ်ကိုင်မည့် အဆိုပါစီမံကိန်းအတွက် ကနဦး အဆိုပြုချက် (Concept proposal) ပထမအဆင့်ကို ဆောက် လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြ ထားပြီးဖြစ်သည်။

အဆိုပါစီမံကိန်းတွင် မြို့ တွင်းပတ်လမ်းနှင့် မြို့ပြင် ပတ် လမ်းဟူ၍ ခွဲခြားထားရာ အထက် ပါ ကုမ္ပဏီများသည် မြို့တွင်းပတ် လမ်းကို လုပ်ကိုင်ခွင့်ရရှိဖွယ်ရှိ ပြီး ယခု ဂျပန်အစိုးရ ကမ်းလှမ်း သည့် စီမံကိန်းမှာ မြို့ပြင်ပတ် လမ်းလုပ်ကိုင်ခွင့်အား အစိုးရက ခွင့်ပြုဖွယ်ရှိကြောင်း အထက်ပါ ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း၌ ယာဉ် ကြောကျပ်တည်းမှုများကို ဖြေ လျှော့ရန် မြို့ပြင်ပတ်လမ်းကို ဆောင်ရွက်ရန် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက အကြံပေးထားပြီး အကောင်အထည်ဖော်ရန် လို အပ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှု ဌာန ဒါရိုက်တာ ဦးတိုးအောင်က ပြော ကြားသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ရန်ကုန်မြို့တော် ဖွံ့ဖြိုး ရေးစီမံချက် (၂၀၄၀) တွင် ဖြစ် ပေါ် ဖွံ့ဖြိုးတိုးတက်လာရမည့် အ စီအစဉ်များ (YUTRA 2040)၌ ရန်ကုန် မြို့တွင်းပတ်လမ်း (Inner Ring Road) နှင့် မြို့ပြင် ပတ်လမ်း (Outer Ring Road) စီမံချက်များ လုပ်ဆောင်ရမည်ဟု ဆိုထားသည်။

လတ်တလောတွင် ရန်ကုန် ၏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြေ လျှော့ရန် ကိုရီးယားကုမ္ပဏီ နှစ်ခု နှင့် မြန်မာကုမ္ပဏီတစ်ခုက အထပ် မြင့် လမ်းစီမံကိန်းကို လုပ်ကိုင် ခွင့်ရရှိမည်ဖြစ်ပြီး မြို့ပြင်ပတ် လမ်းအနေဖြင့် လတ်တလော လို အပ်ဦးမည်မဟုတ်ကြောင်း မြို့ပြ စီမံကိန်း ပညာရှင်များက ပြော ကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Upcoming Property Events

thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service