ရန်ကုန်မြို့ကို စနစ်တကျ မခန့်ခွဲနိုင်ပါက နောင်တစ်ချိန် နောင်တရလိမ့်မည်ဟု YHT သတိပေး - Property News in Myanmar from iMyanmarHouse.com
1548 Views

ရန်ကုန်မြို့ကို စနစ်တကျ မခန့်ခွဲနိုင်ပါက နောင်တစ်ချိန် နောင်တရလိမ့်မည်ဟု YHT သတိပေး

နိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့သည် အပြောင်းအလဲကာလနှင့် ကြုံတွေ့နေရပြီး မြို့ပြစီမံကိန်းများ ကြိုတင်မရေးဆွဲ၊ စီမံကိန်းများစနစ်တကျ မလုပ်ဆောင်ပါက ပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြင့် နောင်တရမည့် အခြေအနေနှင့် ကြုံတွေ့နိုင်သည်ဟုရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT က အောက်တိုဘာ ၂၆ ရက်တွင် သတိပေးလိုက်သည်။

“လက်ရှိတွင် မြို့ပြစီမံကိန်းကို ကြိုတင်ရေးဆွဲထားခြင်းမရှိပါက အနာဂတ်တွင် ရှုပ်ထွေးကျပ်ညပ်သော၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများဖြင့် ပြည့်နှက်နေသော၊ နေချင့်စဖွယ် မရှိသော၊ ကိုယ်ပိုင်လက္ခဏာသွင်ပြင် မရှိသော မြို့တစ်မြို့အဖြစ်သို့ ဦးတည်သွားနိုင်သည်” ဟု YTH ၏ သတိပေးထုတ်ပြန်မှုတွင် ပါရှိသည်။

“နောင်မျိုးဆက်များ၏ခေတ်သို့ ရောက်သောအခါမှ ရန်ကုန်မြို့တစ်ခါက ပိုင်ဆိုင်ခဲ့ဖူးသော အကောင်းမွန်ဆုံးနှင့် အလှပဆုံးအရာများကို ထိန်းသိမ်းရန် ပိုမိုမလုပ်ဆောင် မိခဲ့ခြင်းအတွက် နောင်တရစရာ ဖြစ်နေပေလိမ့်မည်” ဟုလည်း သတိပေးထားသည်။

စီမံခန့်ခွဲမှုကောင်းသော မြို့တစ်မြို့၏ လက္ခဏာရပ်များဖြစ်လာစေရန် အချက် ၈ ချက်ကို လိုက်နာကြရန် တိုက်တွန်းထားသည်။

မြို့၏ သူမတူ ထူးခြားသော သမိုင်းဝင်ဗိသုကာအမွေအနှစ်များအား တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ရန်၊ အများပြည်သူ အပန်းဖြေအနားယူနိုင်သော သဘာဝ စိမ်းလန်း မြေကွက်လပ်များအားထိန်းသိမ်း စောင့်ရှောက်ရန်၊ အသစ်ဆောက်လုပ်သော အဆောက်အအုံများသည် တည်ရှိပြီးဖြစ်သည့် သမိုင်းဝင်မြို့လယ်နှင့် လိုက်လျောညီထွေမှု ရှိစေရန်တို့ ပါဝင်သည်။

အလားတူ လူသွားလမ်းများမှာ လမ်းလျှောက်ရ လွယ်ကူဘေးကင်းပြီး အများပြည်သူအတွက် ရည်ရွယ်သော လှပသည့် ဒီဇိုင်းများဖြစ်ရန်၊ ဘတ်စ်ကားများ၊ ကူးတို့များ၊ မီးရထားနှင့်စက်ဘီးအစရှိသည့်လွယ်ကူသက်သာ
ကောင်းမွန်သော အများပြည်သူသုံး ပို့ဆောင်ရေးစနစ် ဖော်ဆောင်ရန်ကိုလည်း သတိပေးထားသည်။

မြို့နေပြည်သူများ၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ တန်ဖိုးထားသည့် ပြယုဂ်ဖြစ်သော အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ လုပ်ငန်းအမျိုးမျိုးဖြင့် စိုလွင်တက်ကြွသော မြို့၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်ကိုလည်း ဖေါ်ပြထားသည်။

အလားတူ သန့်ရှင်းသော ပတ်ဝန်းကျင်၊ လေကောင်းလေသန့်နှင့် ရေကောင်းရေသန့်များဖြင့် မြို့နေလူထု၏ ကျန်းမာသော လူနေမှုဘဝများကို အထောက်အကူပြုရန် စသည့် အချက်များကို ထည့်သွင်းစဉ်းစားရန်လည်း ပါဝင်သည်။

Credit: Mizzima News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service